NEWS: ဘောလုံးလောကကနေ အနားယူလိုက်ပြီဖြစ်တဲ့ ရှနိုက်ဒါ ဘောလုံးပြန်ကစားဖွယ်ရှိ

UNICODE – နယ်သာလန်း ဂန္တဝင်ကြီးဖြစ်တဲ့ ကွင်းလယ်လူ ရှနိုက်ဒါဟာ အနားယူထားရာကနေ ဘောလုံးပြန်ကစားဖို့ စဉ်းစားနေကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

အသက် ၃၆ နှစ်အရွယ် ကစားသမားကြီးဟာ ဒီလထဲမှာပဲ နယ်သာလန် အပျော်တမ်းကလပ်ဖြစ်တဲ့ DOS Holland Stichtse Boys အသင်းနဲ့ လေ့ကျင့်ရေးဆင်းမှုတွေ ပြန်လုပ်ထားပါပြီ။ သူဟာ ဇာတိမြေကလပ်ဖြစ်တဲ့ FC Utrecht အသင်းအတွက် ကစားပေးဖို့ ပြန်လည် ပူးပေါင်းဖွယ် ရှိပါတယ်။

နယ်သာလန်အတွက် ၁၃၄ ပွဲ ကစားပေးခဲ့တဲ့ ရှနိုက်ဒါလင်ဟာ အေဂျက်၊ ရီးရဲလ်မက်ဒရစ်နဲ့ အင်တာမီလန်အသင်းတွေမှာလည်း ကစားခဲ့သူပါ။ သူဟာ ဘောလုံးလောကကနေ အနားယူခဲ့ပြီဖြစ်ကြောင်း တရားဝင် ကြေညာထားခဲ့သူဖြစ်တယ်။ ဒါပေမယ့် လက်ရှိမှာတော့ ကြံ့ခိုင်မှုအတွက် ပြန်လည်ကာ လေ့ကျင့်ရေးတွေ ဝင်နေပါပြီ။

DHSC အသင်းရဲ့ နည်းစနစ် အဖွဲ့ဝင်ဖြစ်ပြီး ရှနိုက်ဒါရဲ့ အကိုလည်းဖြစ်တဲ့ ဂျက်ဖာရေကတော့ ” သူ ဝိတ်ချနေပြီး ပင်ပင်ပန်းပန်း ကြိုးစားနေပါတယ်။ အဲ့တာက သူ့ကို ကွင်းထဲကို တစ်ကျော့ပြန် ခြေချဖို့ အကူအညီပေးမှာပါ။ သူက ဘောလုံးမကစားတာ ကာလတစ်ခုရှိပါပြီ။ ဘောလုံးကစားရတဲ့ ပျော်ရွှင်မှုကို ခံစားလိုတာကြောင့် သူက ကွင်းထဲကို တစ်ကျော့ပြန် ဝင်လိုနေပါတယ် ” လို့ ပြောဆိုခဲ့တယ်။

Utrecht အသင်းရဲ့ နည်းစနစ်ဒါရိုက်တာဖြစ်သူကလည်း ” ရှနိုက်ဒါ ကြံ့ခိုင်နေရင် အသင်းအတွက် သူ့ကို ခေါ်ယူရမှာက စိတ်ဝင်စားစရာ ကိစ္စပါ ဒါပေမယ့် သူ့အပေါ်မှာပဲ မူတည်နေပါတယ် ” လို့ အကြောင်းပြန်ခဲ့ပါတယ်။

ဘောလုံးလောကကနေ အနားယူခဲ့ပြီဖြစ်တဲ့ ော်ဘင်ကလည်း အရင်လကပဲ ဇာတိကလပ် Groningen အတွက် တစ်နှစ် ပြန်ကစားပေးတော့မယ်လို့ ကြေညာထားပြီဖြစ်ပါတယ်။

ZAWGYI – နယ်သာလန် ဂန္တဝင်ကြီးဖြစ်တဲ့ ကွင်းလယ်လူ ရှနိုက်ဒါဟာ အနားယူထားရာကနေ ဘောလုံးပြန်ကစားဖို့ စဉ်းစားနေကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။




