မင်းတို့ ကစားသမားဘဝတွေဘေးချ ချယ်ဆီးအတွက် တိုက်ခိုက်ပေးကြလို့ လမ်းပတ် တောင်းဆို

UNICODE – ချယ်ဆီးမန်နေဂျာ လမ်းပတ်က ကလပ်ရဲ့ ဥရောပဝင်ခွင့်နဲ့ ပက်သက်လို့ သေရေးရှင်ရေးလို အရေးကြီးတဲ့ အနေအထားကို ရောက်လာခဲ့ပြီဖြစ်လို့ အသင်းအတွက် တိုက်ခိုက်ပေးကြဆိုပြီး အသင်းသားတွေကို လုံ့ဆော်လိုက်ပါတယ်။

ချယ်ဆီးဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လီဗာပူး၊ ဝုဗ်လို အသင်းတွေကို ယှဉ်ပြိုင်ဖို့ ကျန်ရှိသေးပေမယ့်လည်း အခွင့်အရေးက ကိုယ်လက်ထဲမှာ ရှိနေဆဲပါ။ လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ရမယ်ဆိုရင် ပြိုင်ဘက်တွေရဲ့ အခြေအနေကို လှည့်ကြည့်စရာ မလိုဘဲ ဥရောပဝင်ခွင့် ရမှာဖြစ်တယ်။ ဒါ့အပြင် ရာသီသိမ်းပွဲမှာ ယူနိုက်တက်နဲ့ လက်စတာတို့ ထိပ်တိုက်တွေ့မယ့် ပွဲလည်း ရှိနေပါတယ်။

လမ်းပတ် ကိုယ်တိုင်က ” သူတို့ရဲ့ ကစားသမား ဘဝတွေအတွက် တိုက်ခိုက်ရမှာလားဆိုရင် မဟုတ်ဘူး။ ကစားသမားတွေကို ချယ်ဆီးကစားသမားအဖြစ် တိုက်ခိုက်စေချင်တယ်။ ပွဲတွေကို အနိုင်ရဖို့ ကျနေ်ာတို့ လက်ထဲမှာ ရှိနေသေးတယ်။ နော်ဝစ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြီးရင် ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရလိမ့်မယ်။

ဒီတော့ ခေါင်းတွေက ကျော်ပြီး မကြည့်ကြနဲ့ ဘယ်သူမှ မကြည့်သင့်သေးဘူး။ လာမယ့်ပွဲကပဲ ဒီအချိန်မှာ အာရုံစိုက်နေရမယ့် ကိစ္စဖြစ်တယ်။ ဒီရာသီမှာ ချယ်ဆီးအတွက် သေရေးရှင်ရေးလို အရေးပါတဲ့ အနေအထားကို ရောက်နေတယ်။ နော်ဝစ်နဲ့ ပြိုင်ရမယ် ပြီးရင် လီဗာပူး၊ ဝုဗ်တို့နဲ့ ယှဉ်ပြိုင်ရလိမ့်မယ်။

ကျနေ်ာတို့ရှေ့မှာ ဘာတွေရှိနေလဲဆိုတာကို နားလည်ထားတယ်။ ကျနေ်ာတို့မှာ ကိုယ်တွယ်နိုင်စွမ်းရှိတဲ့ လူစာရင်းနဲ့ အသင်းကို ပိုင်ဆိုင်ထားတယ်ဆိုတာ သိထားတယ်။ ဘာလို့လည်းဆိုတော့ ဒီရာသီမှာ ခြားနားတဲ့ ရမှတ်တွေနဲ့အတူ အဆင့် သုံးနေရာကို ရယူထားပြီး အခုချိန်မှာ အလုပ်ကို အပြီးသတ်ဖို့ လိုနေပါပြီ ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ အပြောင်းအရွှေ့မှာ အင်အားကြီးနဲ့ ဝင်ရောက်ဖို့ လုပ်ဆောင်နေပြီး ကလပ်ရဲ့ အစီအစဉ်တွေအတွက် ချန်ပီယံလိဂ်ဝင်ခွင့်က အတော်လေး အရေးပါနေတာ ဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္က ကလပ္ရဲ႕ ဥေရာပဝင္ခြင့္နဲ႔ ပက္သက္လို႔ ေသေရးရွင္ေရးလို အေရးၾကီးတဲ့ အေနအထားကို ေရာက္လာခဲ့ျပီျဖစ္လို႔ အသင္းအတြက္ တိုက္ခုိက္ေပးၾကဆိုျပီး အသင္းသားေတြကို လံု႔ေဆာ္လုိက္ပါတယ္။

ခ်ယ္ဆီးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ လီဗာပူး၊ ဝုဗ္လို အသင္းေတြကို ယွဥ္ျပိဳင္ဖို႔ က်န္ရွိေသးေပမယ့္လည္း အခြင့္အေရးက ကိုယ္လက္ထဲမွာ ရွိေနဆဲပါ။ လက္က်န္ပြဲေတြ အားလံုးကို အႏုိင္ရမယ္ဆိုရင္ ျပိဳင္ဘက္ေတြရဲ႕ အေျခအေနကို လွည့္ၾကည့္စရာ မလိုဘဲ ဥေရာပဝင္ခြင့္ ရမွာျဖစ္တယ္။ ဒါ့အျပင္ ရာသီသိမ္းပြဲမွာ ယူႏုိက္တက္နဲ႔ လက္စတာတို႔ ထိပ္တုိက္ေတြ႔မယ့္ ပြဲလည္း ရွိေနပါတယ္။

လမ္းပတ္ ကိုယ္တိုင္က ” သူတို႔ရဲ႕ ကစားသမား ဘဝေတြအတြက္ တိုက္ခိုက္ရမွာလားဆိုရင္ မဟုတ္ဘူး။ ကစားသမားေတြကို ခ်ယ္ဆီးကစားသမားအျဖစ္ တိုက္ခုိက္ေစခ်င္တယ္။ ပြဲေတြကို အႏုိင္ရဖို႔ က်ေန္ာတို႔ လက္ထဲမွာ ရွိေနေသးတယ္။ ေနာ္ဝစ္နဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ျပီးရင္ ယူႏုိက္တက္နဲ႔ ယွဥ္ျပိဳင္ရလိမ့္မယ္။

ဒီေတာ့ ေခါင္းေတြက ေက်ာ္ျပီး မၾကည့္ၾကနဲ႔ ဘယ္သူမွ မၾကည့္သင့္ေသးဘူး။ လာမယ့္ပြဲကပဲ ဒီအခ်ိန္မွာ အာရံုစိုက္ေနရမယ့္ ကိစၥျဖစ္တယ္။ ဒီရာသီမွာ ခ်ယ္ဆီးအတြက္ ေသေရးရွင္ေရးလို အေရးပါတဲ့ အေနအထားကို ေရာက္ေနတယ္။ ေနာ္ဝစ္နဲ႔ ျပိဳင္ရမယ္ ျပီးရင္ လီဗာပူး၊ ဝုဗ္တို႔နဲ႔ ယွဥ္ျပိဳင္ရလိမ့္မယ္။

က်ေန္ာတို႔ေရွ႔မွာ ဘာေတြရွိေနလဲဆိုတာကို နားလည္ထားတယ္။ က်ေန္ာတို႔မွာ ကိုယ္တြယ္ႏုိင္စြမ္းရွိတဲ့ လူစာရင္းနဲ႔ အသင္းကို ပိုင္ဆိုင္ထားတယ္ဆိုတာ သိထားတယ္။ ဘာလို႔လည္းဆိုေတာ့ ဒီရာသီမွာ ျခားနားတဲ့ ရမွတ္ေတြနဲ႔အတူ အဆင့္ သံုးေနရာကို ရယူထားျပီး အခုခ်ိန္မွာ အလုပ္ကို အျပီးသတ္ဖို႔ လိုေနပါျပီ ” လို႔ ဆိုသြားတာ ျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ အေျပာင္းအေရႊ႔မွာ အင္အားၾကီးနဲ႔ ဝင္ေရာက္ဖို႔ လုပ္ေဆာင္ေနျပီး ကလပ္ရဲ႕ အစီအစဥ္ေတြအတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္က အေတာ္ေလး အေရးပါေနတာ ျဖစ္ပါတယ္။