NEWS: အယူခံဝင်မှု အောင်မြင်ခြင်းကြောင်း ဈေးကွက်ထဲ ဝင်ပြီး ပေါက်ကွဲဖွယ်ရှိတဲ့ မန်စီးတီး

UNICODE – မန်စီးတီးအသင်းဟာ ဥရောပပြိုင်ပွဲ နှစ်ရာသီ ပိတ်ခံထားရမှုကို အယူခံဝင်ခြင်း အောင်မြင်ခဲ့တာကြောင့် အသင်း ပြန်လည်တည်ဆောက်မှုကို အားသွန်းလုပ်ဆောင်မှာဖြစ်ပြီး အနည်းဆုံး လူသစ် ၃ ဦး ခေါ်ယူပါလိမ့်မယ်လို့ တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

အားကစားခုံရုံကို အယူခံဝင်မှု အောင်မြင်ခြင်းက မန်စီးတီးကို ဝင်ငွေ ပေါင် သန်း ၂၀၀ ထိ ဆုံးရံှူးမယ့် အနေအထားကနေ လွှတ်ကင်းစေခဲ့တာပါ။ မန်စီးတီးဟာ ဒီကိစ္စ ပြီးပြီးချင်းမှာပဲ မန်နေဂျာ ဂွာဒီယိုလာကို စာချုပ်သစ်ပေးဖို့ တစ်ဆက်တည်း စီစဉ်လာခဲ့သလို အနာဂတ်အတွက် ရည်ရွယ်တဲ့ ကိစ္စတွေကိုလည်း ပြင်ဆင်လာခဲ့တာဖြစ်တယ်။

မကြာသေးခင်ကပဲ ဆာနေးကို ပေါင် ၅၄.၈ သန်းနဲ့ ရောင်းထုတ်ထားတဲ့ မန်စီးတီးဟာ ဗဟိုခံစစ်မှူး၊ ဘယ်အစွန်လူ၊ တောင်ပံတိုက်စစ်နဲ့ တိုက်စစ်မှူးနေရာတွေကို အင်အားဖြည့်ဖို့ ရည်ရွယ်လာခဲ့တယ်။ ဒီအတွက် လိုအပ်တဲ့ အသုံးစရိတ်တွေကိုလည်း အကုန်အကျခံသွားဖို့ ရှိနေပါတယ်။

မန်စီးတီးဟာ အဓိက အားဖြင့် ဗဟိုခံစစ်မှူးနေရာကို စောင့်ကြည့်နေပြီး ဥရောပတလွှားမှာ ခံစစ်မှူး ၇ ဦးလောက်ထိကို စောင့်ကြည့်နေပါတယ်။ သူတို့တွေထဲမှာတော့ လက်ရှိ အချိန်ထိ နာပိုလီအသင်းမှ ကိုလီဘာလေကပဲ မန်စီးတီးရဲ့ ဦးစားပေးအဖြစ် ရှိနေဆဲဖြစ်တယ်။

ဘယ်အစွန်ဟာ မန်စီးတီးရဲ့ နောက်ထပ် ပစ်မှတ်ဖြစ်ပြီး လက်စတာမှ ဘမ်ချီဝဲလ်ကို မျက်စိကျနေတယ်။ မန်နေဂျာဂွာဒီယိုလာက အက်စတွန်ဗီလာမှ ဂရီလစ်ကိုလည်း သဘောကျနေကာ သူတို့ နှစ်ဦးက homegrown ကစားသမားတွေဖြစ်လို့ မန်စီးတီးက ဂျွန်စတုန်းလို ကစားသမားကို ရောင်းထုတ်တဲ့အခါ လှစ်လှပ်သွားမယ့် homegrown စာရင်းကို ပြန်ဖြည့်ဖို့ အဆင်ပြေစေမယ်လို့ ကလပ်ဘက်က ယုံကြည်တယ်။

ဆာနေး ထွက်ခွာသွားပြီဖြစ်လို့ သူ့နေရာမှာ မန်စီးတီးက ငယ်ရွယ်ပြီး အရည်အချင်းရှိ တောင်ပံသမားမျိုးကို ပြန်လည် အင်အားဖြည့်လိုတယ်။ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူး အဂွယ်ရိုနေရာမှာ ဂျီးဆုရှိပေမယ့် ပိုပြီး အဆုံးသတ် ပြတ်သားတဲ့ တိုက်စစ်သမားကို မန်နေဂျာဂွာဒီယိုလာက တောင်းဆိုလိုပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ နွေဈေးကွက်ထဲ ပြောင်းရွှေ့ကြေး ဝင်လုပ်မယ့် ကလပ် သုံးသင်းထဲက တစ်သင်းဖြစ်တဲ့ မန်စီးတီးရဲ့ နောက်ထပ် ခြေလှမ်းထဲမှာတော့ စတာလင်၊ ဒီဘရိုင်းတို့လို အဓိက ကစားသမားတွေကို လာမယ့်ရာသီ အသင်းမှာပဲ ဆက်နေဖို့ ဆက်ရှိနေဖို့ ထိန်းသိမ်းဖို့ဖြစ်တယ်လို့ သိရပါတယ်။

ZAWGYI – မန္စီးတီးအသင္းဟာ ဥေရာပျပိဳင္ပြဲ ႏွစ္ရာသီ ပိတ္ခံထားရမႈကို အယူခံဝင္ျခင္း ေအာင္ျမင္ခဲ့တာေၾကာင့္ အသင္း ျပန္လည္တည္ေဆာက္မႈကို အားသြန္းလုပ္ေဆာင္မွာျဖစ္ျပီး အနည္းဆံုး လူသစ္ ၃ ဦး ေခၚယူပါလိမ့္မယ္လို႔ တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။

အားကစားခံုရံုကို အယူခံဝင္မႈ ေအာင္ျမင္ျခင္းက မန္စီးတီးကို ဝင္ေငြ ေပါင္ သန္း ၂၀၀ ထိ ဆံုးရံွဴးမယ့္ အေနအထားကေန လႊတ္ကင္းေစခဲ့တာပါ။ မန္စီးတီးဟာ ဒီကိစၥ ျပီးျပီးခ်င္းမွာပဲ မန္ေနဂ်ာ ဂြာဒီယိုလာကို စာခ်ဳပ္သစ္ေပးဖို႔ တစ္ဆက္တည္း စီစဥ္လာခဲ့သလို အနာဂတ္အတြက္ ရည္ရြယ္တဲ့ ကိစၥေတြကိုလည္း ျပင္ဆင္လာခဲ့တာျဖစ္တယ္။

မၾကာေသးခင္ကပဲ ဆာေနးကို ေပါင္ ၅၄.၈ သန္းနဲ႔ ေရာင္းထုတ္ထားတဲ့ မန္စီးတီးဟာ ဗဟိုခံစစ္မွဴး၊ ဘယ္အစြန္လူ၊ ေတာင္ပံတိုက္စစ္နဲ႔ တိုက္စစ္မွဴးေနရာေတြကို အင္အားျဖည့္ဖို႔ ရည္ရြယ္လာခဲ့တယ္။ ဒီအတြက္ လိုအပ္တဲ့ အသံုးစရိတ္ေတြကိုလည္း အကုန္အက်ခံသြားဖို႔ ရွိေနပါတယ္။

မန္စီးတီးဟာ အဓိက အားျဖင့္ ဗဟိုခံစစ္မွဴးေနရာကို ေစာင့္ၾကည့္ေနျပီး ဥေရာပတလႊားမွာ ခံစစ္မွဴး ၇ ဦးေလာက္ထိကို ေစာင့္ၾကည့္ေနပါတယ္။ သူတို႔ေတြထဲမွာေတာ့ လက္ရွိ အခ်ိန္ထိ နာပိုလီအသင္းမွ ကိုလီဘာေလကပဲ မန္စီးတီးရဲ႕ ဦးစားေပးအျဖစ္ ရွိေနဆဲျဖစ္တယ္။

ဘယ္အစြန္ဟာ မန္စီးတီးရဲ႕ ေနာက္ထပ္ ပစ္မွတ္ျဖစ္ျပီး လက္စတာမွ ဘမ္ခ်ီဝဲလ္ကို မ်က္စိက်ေနတယ္။ မန္ေနဂ်ာဂြာဒီယိုလာက အက္စတြန္ဗီလာမွ ဂရီလစ္ကိုလည္း သေဘာက်ေနကာ သူတို႔ ႏွစ္ဦးက homegrown ကစားသမားေတြျဖစ္လို႔ မန္စီးတီးက ဂၽြန္စတုန္းလို ကစားသမားကို ေရာင္းထုတ္တဲ့အခါ လွစ္လွပ္သြားမယ့္ homegrown စာရင္းကို ျပန္ျဖည့္ဖို႔ အဆင္ေျပေစမယ္လို႔ ကလပ္ဘက္က ယံုၾကည္တယ္။

ဆာေနး ထြက္ခြာသြားျပီျဖစ္လို႔ သူ႔ေနရာမွာ မန္စီးတီးက ငယ္ရြယ္ျပီး အရည္အခ်င္းရွိ ေတာင္ပံသမားမ်ိဳးကို ျပန္လည္ အင္အားျဖည့္လိုတယ္။ အသက္ ၃၂ ႏွစ္အရြယ္ တိုက္စစ္မွဴး အဂြယ္ရိုေနရာမွာ ဂ်ီးဆုရွိေပမယ့္ ပိုျပီး အဆံုးသတ္ ျပတ္သားတဲ့ တိုက္စစ္သမားကို မန္ေနဂ်ာဂြာဒီယိုလာက ေတာင္းဆိုလိုပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာ ေႏြေစ်းကြက္ထဲ ေျပာင္းေရႊ႔ေၾကး ဝင္လုပ္မယ့္ ကလပ္ သံုးသင္းထဲက တစ္သင္းျဖစ္တဲ့ မန္စီးတီးရဲ႕ ေနာက္ထပ္ ေျခလွမ္းထဲမွာေတာ့ စတာလင္၊ ဒီဘရိုင္းတို႔လို အဓိက ကစားသမားေတြကို လာမယ့္ရာသီ အသင္းမွာပဲ ဆက္ေနဖို႔ ဆက္ရွိေနဖို႔ ထိန္းသိမ္းဖို႔ျဖစ္တယ္လို႔ သိရပါတယ္။