တန်းဆင်းကလပ် နော်ဝစ်အသင်းကို ဝိုင်းပြီး အမဲဖျက်ကြမယ့် ဥရောပကလပ်များ

႕ၿႈဃဦႏ – ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ပြီဖြစ်တဲ့ နော်ဝစ်ဟာ ဒီနွေမှာတော့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာဖြစ်ပြီး အဓိက ကစားသမား အများအပြားကို လက်လွတ်ရဖွယ် ရှိနေပါတယ်။

နော်ဝစ်အသင်းရဲ့ အဓိက ကစားသမားတွေကို အင်္ဂလန်ကလပ်တွေအပြင် လာလီဂါနဲ့ ဘွန်ဒက်လီဂါ ကလပ်တွေကလည်း စိတ်ဝင်စားနေတာပါ။ နော်ဝစ်ရဲ့ အင်္ဂလန်သား လူငယ်ကစားသမားဖြစ်သူ ကန့်ဝဲလ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် အများအပြားက စိတ်ဝင်စားနေပြီး သူက Home-grown ကစားသမားလည်း ဖြစ်တာကြောင့် ထိပ်သီးအသင်းတွေက အလိုရှိနေပါတယ်။

အာဂျင်တိုင်းသား အသက် ၂၃ နှစ်အရွယ် တောင်ပံသမားဖြစ်သူ Emiliano ကိုတော့ လာလီဂါကလပ်တွေက အလိုရှိနေပြီး ဗလန်စီယာနဲ့ အက်သလက်တီကိုမက်ဒရစ်တို့က ချိတ်ဆက်မှုတွေ လုပ်လိုနေတယ်။ သူဟာ ဒီရာသီ ပြိုင်ပွဲစုံ ၃၇ ပွဲ ကစားပြီး သွင်းဂိုး ၁ ဂိုးပဲ ရထားပေမယ့် တောက်ပတဲ့ ခြေစွမ်းတွေ ပြသထားသူဖြစ်တယ်။

ဒါ့အပြင် ဗဟိုခံစစ်မှူး ဂေါ့ဖရေကိုလည်း ဒေါ့မွန်နဲ့ လိုက်ဇစ်တို့က စိတ်ဝင်စားနေပါတယ်။ အင်္ဂလန် ယူ-၂၁ လက်ရွေးစင်အတွက် ပြောင်းရွှေ့ကြေးက ပေါင် သန်း ၅၀ သက်မှတ်ထားပေမယ့်လည်း ပြောင်းရွှေ့ကြေး လျော့ချနိုင်မယ်လို့ ဘွန်ဒက်လီဂါကလပ်တွေက ဆန္ဒရှိနေဆဲပါ။

ဒါ့အပြင် ညာအစွန်နဲ့ ဘယ်အစွန်လူတွေဖြစ်တဲ့ အာရွန်၊ လီဝစ်တို့ကိုလည်း ပရီးမီးယားလိဂ်ကလပ် အများအပြားက ချိန်ရွယ်မှုတွေ လုပ်နေတာဖြစ်တယ်။ ပရီးမီးယားလိဂ်ကို တန်းတက်လာပြီး တစ်ရာသီအတွင်း တန်းပြန်ဆင်းခဲ့တဲ့ နော်ဝစ်ဟာ အတွေ့အကြုံနည်းပေမယ့် အလားအလာရှိ လူတွေကို ပိုင်ဆိုင်ထားသလို တိုက်စစ်ကို အားပြုတဲ့ ကစားဟန်ကို အားပြုခြင်းက ထိပ်သီးအသင်းတွေကို အာရုံကျစေခဲ့တာလို့ စကိုင်းစပေါ့က ဖော်ပြသွားပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကေန တန္းဆင္းခဲ့ျပီျဖစ္တဲ့ ေနာ္ဝစ္ဟာ ဒီေႏြမွာေတာ့ ခက္ခဲတဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ရမွာျဖစ္ျပီး အဓိက ကစားသမား အမ်ားအျပားကုိ လက္လြတ္ရဖြယ္ ရွိေနပါတယ္။

ေနာ္ဝစ္အသင္းရဲ႕ အဓိက ကစားသမားေတြကို အဂၤလန္ကလပ္ေတြအျပင္ လာလီဂါနဲ႔ ဘြန္ဒက္လီဂါ ကလပ္ေတြကလည္း စိတ္ဝင္စားေနတာပါ။ ေနာ္ဝစ္ရဲ႕ အဂၤလန္သား လူငယ္ကစားသမားျဖစ္သူ ကန္႔ဝဲလ္ကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ကလပ္ အမ်ားအျပားက စိတ္ဝင္စားေနျပီး သူက Home-grown ကစားသမားလည္း ျဖစ္တာေၾကာင့္ ထိပ္သီးအသင္းေတြက အလိုရွိေနပါတယ္။

အာဂ်င္တိုင္းသား အသက္ ၂၃ ႏွစ္အရြယ္ ေတာင္ပံသမားျဖစ္သူ Emiliano ကိုေတာ့ လာလီဂါကလပ္ေတြက အလိုရွိေနျပီး ဗလန္စီယာနဲ႔ အက္သလက္တီကိုမက္ဒရစ္တို႔က ခ်ိတ္ဆက္မႈေတြ လုပ္လိုေနတယ္။ သူဟာ ဒီရာသီ ျပိဳင္ပြဲစံု ၃၇ ပြဲ ကစားျပီး သြင္းဂိုး ၁ ဂိုးပဲ ရထားေပမယ့္ ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသထားသူျဖစ္တယ္။

ဒါ့အျပင္ ဗဟိုခံစစ္မွဴး ေဂါ့ဖေရကိုလည္း ေဒါ့မြန္နဲ႔ လိုက္ဇစ္တို႔က စိတ္ဝင္စားေနပါတယ္။ အဂၤလန္ ယူ-၂၁ လက္ေရြးစင္အတြက္ ေျပာင္းေရႊ႔ေၾကးက ေပါင္ သန္း ၅၀ သက္မွတ္ထားေပမယ့္လည္း ေျပာင္းေရႊ႔ေၾကး ေလ်ာ့ခ်ႏုိင္မယ္လို႔ ဘြန္ဒက္လီဂါကလပ္ေတြက ဆႏၵရွိေနဆဲပါ။

ဒါ့အျပင္ ညာအစြန္နဲ႔ ဘယ္အစြန္လူေတြျဖစ္တဲ့ အာရြန္၊ လီဝစ္တို႔ကိုလည္း ပရီးမီးယားလိဂ္ကလပ္ အမ်ားအျပားက ခ်ိန္ရြယ္မႈေတြ လုပ္ေနတာျဖစ္တယ္။ ပရီးမီးယားလိဂ္ကို တန္းတက္လာျပီး တစ္ရာသီအတြင္း တန္းျပန္ဆင္းခဲ့တဲ့ ေနာ္ဝစ္ဟာ အေတြ႔အၾကံဳနည္းေပမယ့္ အလားအလာရွိ လူေတြကို ပိုင္ဆုိင္ထားသလို တုိက္စစ္ကို အားျပဳတဲ့ ကစားဟန္ကို အားျပဳျခင္းက ထိပ္သီးအသင္းေတြကို အာရံုက်ေစခဲ့တာလို႔ စကိုင္းစေပါ့က ေဖာ္ျပသြားပါတယ္။