NEWS: ချန်ပီယံလိဂ်ဝင်ခွင့် အယူခံအောင်လို့ ပထမဆုံး အကျိုးအမြတ် စရပြီဖြစ်တဲ့ မန်စီးတီး

UNICODE – မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးကာလတွေမှာ အမေရိကန် မေဂျာလိဂ်ကို ပြောင်းကစားဖို့ ရွေးချယ်မှာဖြစ်ပေမယ့်လည်း မန်စီးတီးနဲ့ စာချုပ်ကို ပြည့်တဲ့အထိ မန်ချက်စတာမှာ နေသွားမှာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ဘယ်ဂျီယံ ကွင်းလယ်လူဟာ မန်စီးတီး ချန်ပီယံလိဂ် ၂ ရာသီ ပွဲပယ်ခံရမယ်ဆိုရင် ထွက်ခွာမယ်လို့ ထုတ်ပြောထားခဲ့တယ်။ သို့သော်လည်း အားကစားခုံရုံးကို အယူခံဝင်မှု အောင်မြင်ခဲ့တာကြောင့် သူဟာ နွေဈေးကွက်မှာ အသင်းသစ် ရှာဖွေမှာမဟုတ်ဘဲ မန်စီးတီးမှာပဲ ဆက်နေသွားလိမ့်မယ်လို့ တယ်လီဂရပ်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ ဒီဘရိုင်းကြား စာချုပ်ဟာ ၂၀၂၃ ခုနှစ်ထိ ဆက်ရှိနေတာဖြစ်ပြီး ကွင်းလယ်လူက အဆိုပါ စာချုပ် အကုန်ထိ ဆက်နေသွားမှာပါ။ သူဟာ ဒီနွေမှာ ထွက်ခွာမယ့် ဆေးဗားရဲ့ အသင်းခေါင်းဆောင်နေရာ ဆက်ခံမယ့်သူအဖြစ် နာမည်ကြီးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

အယူခံဝင်မှု အောင်မြင်ခြင်းဟာ မန်စီးတီးအတွက် အခွင့်အလမ်းတွေ ပွင့်လာခဲ့ပြီဖြစ်ပြီး ဒီဘရိုင်း ဆက်နေမှာဖြစ်သလို စတာလင်ကလည်း စာချုပ်ရှည် ထပ်ရှိနေမှာပါ။ ဒါဟာ မန်နေဂျာဂွာဒီယိုလာရဲ့ မန်စီးတီးကို ပြန်လည် တည်ဆောက်ရေး ကိစ္စတွေအတွက် အကူအညီဖြစ်သွားမှာဖြစ်တယ်။

မန်စီးတီးဟာ ဒီနွေမှာ ဗဟိုခံစစ်ပိုင်းကို အင်အားဖြည့်ဖို့ ရည်မှန်းထားတာဖြစ်ပြီး နာပိုလီ ခံစစ်သမား ကူလီဘာလေနဲ့ ဆီးဗီးလာ ခံစစ်သမား ဒီယေဂို ကားလိုစ့်တို့ကို စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် ဘယ်အစွန် နေရာအတွက် လက်စတာမှ ဘမ်ချီးဝဲလ်ကို ခေါ်ယူဖို့လည်း ရည်ရွယ်ထားတာဖြစ်တယ်။ လက်ရှိ ဘယ်အစွန်လူ ဇင်ချန်ကိုကတော့ ကွင်းလယ်ကို တက်ကစားရဖို့ ရှိနေပါတယ်။

မန်စီးတီးဟာ ဆာနေးနေရာအတွက် အစားထိုးဖို့လည်း ရည်ရွယ်ချက်ရှိပြီး မန်နေဂျာဂွာဒီယိုလာ ကိုယ်တိုင်က အက်စတွန်ဗီလာမှ ဂရီလစ်ကိုလည်း မျက်စိကျနေပါတယ်။

ZAWGYI – မန္စီးတီး ကြင္းလယ္လူ ဒီဘရိုင္းဟာ သူ႔ရဲ႕ ကစားသမားဘဝ ေနာက္ဆံုးကာလေတြမွာ အေမရိကန္ ေမဂ်ာလိဂ္ကို ေျပာင္းကစားဖို႔ ေရြးခ်ယ္မွာျဖစ္ေပမယ့္လည္း မန္စီးတီးနဲ႔ စာခ်ဳပ္ကို ျပည့္တဲ့အထိ မန္ခ်က္စတာမွာ ေနသြားမွာ ျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ ဘယ္ဂ်ီယံ ကြင္းလယ္လူဟာ မန္စီးတီး ခ်န္ပီယံလိဂ္ ၂ ရာသီ ပြဲပယ္ခံရမယ္ဆိုရင္ ထြက္ခြာမယ္လို႔ ထုတ္ေျပာထားခဲ့တယ္။ သို႔ေသာ္လည္း အားကစားခံုရံုးကို အယူခံဝင္မႈ ေအာင္ျမင္ခဲ့တာေၾကာင့္ သူဟာ ေႏြေစ်းကြက္မွာ အသင္းသစ္ ရွာေဖြမွာမဟုတ္ဘဲ မန္စီးတီးမွာပဲ ဆက္ေနသြားလိမ့္မယ္လို႔ တယ္လီဂရပ္က ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

မန္စီးတီးနဲ႔ ဒီဘရိုင္းၾကား စာခ်ဳပ္ဟာ ၂၀၂၃ ခုႏွစ္ထိ ဆက္ရွိေနတာျဖစ္ျပီး ကြင္းလယ္လူက အဆိုပါ စာခ်ဳပ္ အကုန္ထိ ဆက္ေနသြားမွာပါ။ သူဟာ ဒီေႏြမွာ ထြက္ခြာမယ့္ ေဆးဗားရဲ႕ အသင္းေခါင္းေဆာင္ေနရာ ဆက္ခံမယ့္သူအျဖစ္ နာမည္ၾကီးေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။

အယူခံဝင္မႈ ေအာင္ျမင္ျခင္းဟာ မန္စီးတီးအတြက္ အခြင့္အလမ္းေတြ ပြင့္လာခဲ့ျပီျဖစ္ျပီး ဒီဘရိုင္း ဆက္ေနမွာျဖစ္သလို စတာလင္ကလည္း စာခ်ဳပ္ရွည္ ထပ္ရွိေနမွာပါ။ ဒါဟာ မန္ေနဂ်ာဂြာဒီယိုလာရဲ႕ မန္စီးတီးကို ျပန္လည္ တည္ေဆာက္ေရး ကိစၥေတြအတြက္ အကူအညီျဖစ္သြားမွာျဖစ္တယ္။

မန္စီးတီးဟာ ဒီေႏြမွာ ဗဟိုခံစစ္ပိုင္းကို အင္အားျဖည့္ဖို႔ ရည္မွန္းထားတာျဖစ္ျပီး နာပိုလီ ခံစစ္သမား ကူလီဘာေလနဲ႔ ဆီးဗီးလာ ခံစစ္သမား ဒီေယဂို ကားလိုစ့္တို႔ကို စိတ္ဝင္စားေနပါတယ္။ ဒါ့အျပင္ ဘယ္အစြန္ ေနရာအတြက္ လက္စတာမွ ဘမ္ခ်ီးဝဲလ္ကို ေခၚယူဖို႔လည္း ရည္ရြယ္ထားတာျဖစ္တယ္။ လက္ရွိ ဘယ္အစြန္လူ ဇင္ခ်န္ကိုကေတာ့ ကြင္းလယ္ကို တက္ကစားရဖို႔ ရွိေနပါတယ္။

မန္စီးတီးဟာ ဆာေနးေနရာအတြက္ အစားထိုးဖို႔လည္း ရည္ရြယ္ခ်က္ရွိျပီး မန္ေနဂ်ာဂြာဒီယိုလာ ကိုယ္တိုင္က အက္စတြန္ဗီလာမွ ဂရီလစ္ကိုလည္း မ်က္စိက်ေနပါတယ္။