NEWS: ဂိုးသမားသစ်ကို ပရီးမီးယားလိဂ် ပြင်ပကနေ ခေါ်ယူဖို့ ချိန်ဆက်မှုတွေ စတင်ထားတဲ့ ချယ်ဆီး

UNICODE – စနေနေ့က ရှက်ဖီးအသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် ချယ်ဆီးအသင်းဟာ ဂိုးသမား နေရာကို အပြောင်းအလဲလုပ်ဖို့ အတော်လေး အခြေအနေပေးလာကာ အေဂျက်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အိုနာနာဘက်ကို လှည့်လာခဲ့ပြီဖြစ်ပါတယ်။

ကီပါဟာ စတမ်းဖိုဒ့်ဘရစ်မှာ အမှားတွေ မကြာခဏ လုပ်နေတာကြောင့် သူ့နေရာမှာ အစားထိုးဖို့ကို ချယ်ဆီးက ရည်ရွယ်နေတာပါ။ စပိန်သားနေရာ အစားထိုးဖို့ ဟန်ဒါဆန်၊ နစ်ပုပ်တို့လို အင်္ဂလန်သား ဂိုးသမားတွေကို စောင့်ကြည့်မှုတွေ လုပ်ထားခဲ့ပြီး ဒီကာလတွေအတွင်း ကင်မရွန်းလက်ရွေးစင်က ချယ်ဆီးရဲ့ ဦးစားပေးအဆင့်ကို လျှင်လျှင်မြန်မြန်ပဲ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

အေဂျက်မှာ ပုံမှန်ပွဲထွက်ခွင့်ရသလို တည်ငြိမ်တဲ့ လက်စွမ်းတွေ ပြသနေခြင်းက ချယ်ဆီးကို စိတ်လှုပ်ရှားစေခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာကနေ အေဂျက်ကို ပြောင်းပြီးနောက်ပိုင်း ပြည်တွင်းအဆင့်တင်မကဘဲ ဥရောပအဆင့်မှာပါ လက်စွမ်းပြမှုတွေ လုပ်ထားနိုင်တဲ့ အိုနာနာကို ချယ်ဆီးက ယူရို သန်း ၃၀ လောက်နဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ The Athletic က ဖော်ပြပါတယ်။

၂၀၁၈ ခုနှစ်မှာ ဘီဘာအိုကနေ ယူရို သန်း ၈၀ နဲ့ ခေါ်ယူထားတဲ့ ကီပါဟာ ချယ်ဆီးရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်သလို သူ့ရဲ့ လုပ်ခအရလည်း ရောင်းထုတ်ဖို့ရာ ခက်ခဲမှုတွေ ရှိနေတာပါ။

သို့သော်လည်း ချယ်ဆီးက အိုနာနာရဲ့ ကိုယ်စားလှယ်နဲ့ ဆွေးနွေးမှုတွေကို ဒီလတွေမှာ မပြတ် လုပ်ဆောင်ထားပါတယ်။ လူငယ်ကစားသမားတွေနဲ့ လာမယ့် နှစ်တွေမှာ ဆုဖလားတွေ စိန်ခေါ်ဖို့ တည်ဆောက်မှုတွေ လုပ်လိုတဲ့ လမ်းပတ်ရဲ့ တိုက်စစ်အားသန် အမြင်တွေကို ကစားသမားဘက်ကလည်း နားလည်ထားပါတယ်။

ဘာစီလိုနာကို ပြန်လိုပေမယ့် အခွင့်အရေး မသာတဲ့နောက် အိုနာနာက ပရီးမီးယားလိဂ်ကို ပြောင်းလိုတယ်။ ဇီယက်ရဲ့ အပြောင်းအရွှေ့ နောက်ဆက်တွဲအဖြစ် မိုရိုကိုသားနဲ့အတူ လန်ဒန်မှာ အတူကစားခွင့်ရနဲ့ ပထမဂိုးသမား နေရာတွေက အိုနာနာအတွက် မက်လုံးတွေ ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။

ZAWGYI – စေနေန႔က ရွက္ဖီးအသင္းကို ဂိုးျပတ္ အေရးနိမ့္ခဲ့တာေၾကာင့္ ခ်ယ္ဆီးအသင္းဟာ ဂိုးသမား ေနရာကို အေျပာင္းအလဲလုပ္ဖို႔ အေတာ္ေလး အေျခအေနေပးလာကာ ေအဂ်က္အသင္းရဲ႕ နံပါတ္တစ္ ဂိုးသမား အိုနာနာဘက္ကို လွည့္လာခဲ့ျပီျဖစ္ပါတယ္။

ကီပါဟာ စတမ္းဖိုဒ့္ဘရစ္မွာ အမွားေတြ မၾကာခဏ လုပ္ေနတာေၾကာင့္ သူ႔ေနရာမွာ အစားထိုးဖို႔ကို ခ်ယ္ဆီးက ရည္ရြယ္ေနတာပါ။ စပိန္သားေနရာ အစားထိုးဖို႔ ဟန္ဒါဆန္၊ နစ္ပုပ္တို႔လို အဂၤလန္သား ဂိုးသမားေတြကို ေစာင့္ၾကည့္မႈေတြ လုပ္ထားခဲ့ျပီး ဒီကာလေတြအတြင္း ကင္မရြန္းလက္ေရြးစင္က ခ်ယ္ဆီးရဲ႕ ဦးစားေပးအဆင့္ကို လွ်င္လွ်င္ျမန္ျမန္ပဲ ေရာက္ရွိလာခဲ့ျပီျဖစ္ပါတယ္။

ေအဂ်က္မွာ ပံုမွန္ပြဲထြက္ခြင့္ရသလို တည္ျငိမ္တဲ့ လက္စြမ္းေတြ ျပသေနျခင္းက ခ်ယ္ဆီးကို စိတ္လႈပ္ရွားေစခဲ့တယ္။ ၂၀၁၅ ခုႏွစ္မွာ ဘာစီလိုနာကေန ေအဂ်က္ကို ေျပာင္းျပီးေနာက္ပိုင္း ျပည္တြင္းအဆင့္တင္မကဘဲ ဥေရာပအဆင့္မွာပါ လက္စြမ္းျပမႈေတြ လုပ္ထားႏုိင္တဲ့ အိုနာနာကို ခ်ယ္ဆီးက ယူရို သန္း ၃၀ ေလာက္နဲ႔ ေခၚယူႏုိင္လိမ့္မယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

၂၀၁၈ ခုႏွစ္မွာ ဘီဘာအိုကေန ယူရို သန္း ၈၀ နဲ႔ ေခၚယူထားတဲ့ ကီပါဟာ ခ်ယ္ဆီးရဲ႕ စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးရွင္ ျဖစ္သလို သူ႔ရဲ႕ လုပ္ခအရလည္း ေရာင္းထုတ္ဖို႔ရာ ခက္ခဲမႈေတြ ရွိေနတာပါ။

သို႔ေသာ္လည္း ခ်ယ္ဆီးက အိုနာနာရဲ႕ ကိုယ္စားလွယ္နဲ႔ ေဆြးေႏြးမႈေတြကို ဒီလေတြမွာ မျပတ္ လုပ္ေဆာင္ထားပါတယ္။ လူငယ္ကစားသမားေတြနဲ႔ လာမယ့္ ႏွစ္ေတြမွာ ဆုဖလားေတြ စိန္ေခၚဖို႔ တည္ေဆာက္မႈေတြ လုပ္လိုတဲ့ လမ္းပတ္ရဲ႕ တိုက္စစ္အားသန္ အျမင္ေတြကို ကစားသမားဘက္ကလည္း နားလည္ထားပါတယ္။

ဘာစီလိုနာကို ျပန္လိုေပမယ့္ အခြင့္အေရး မသာတဲ့ေနာက္ အိုနာနာက ပရီးမီးယားလိဂ္ကို ေျပာင္းလိုတယ္။ ဇီယက္ရဲ႕ အေျပာင္းအေရႊ႔ ေနာက္ဆက္တြဲအျဖစ္ မိုရိုကိုသားနဲ႔အတူ လန္ဒန္မွာ အတူကစားခြင့္ရနဲ႔ ပထမဂိုးသမား ေနရာေတြက အိုနာနာအတြက္ မက္လံုးေတြ ျဖစ္ေနခဲ့တယ္လို႔ သိရပါတယ္။