ယူနိုက်တက်က ဘာကာကို တုပနေခြင်းလားဆိုတဲ့ အမေးကို ဆိုးရှား ဖြေရှင်း

UNICODE – ယူနိုက်တက်တိုက်စစ်ဟာ ဘာစီလိုနာရဲ့ နာမည်ကျော် MSN တိုက်စစ်ကို အတူယူခြင်းလားဆိုတဲ့ မေးခွန်းကို မန်နေဂျာဆိုးရှားက တုန့်ပြန်သွားပါတယ်။

လက်ရှိ ယူနိုက်တက်ဟာ သုံးယောက်တန်း တိုက်စစ်ကို ကစားနေပြီး ၁၉၆၀ ဝန်းကျင်တွေမှာ ဂျော်ဂျီဘတ်စ်၊ ဘော်ဘီချာတန်နဲ့ ဒန်နစ်လောတို့ပါတဲ့ တိုက်စစ်သုံးဦးတွဲ၊ ၂၀၀၈ ဝန်းကျင်မှာ ရော်နယ်ဒို၊ ရွန်းနီ၊ တီဗက်စ်တို့ရဲ့ တိုက်စစ်သုံးဦးတွဲတွေကလည်း ကျော်ကြားခဲ့ပါတယ်။

ယူနိုက်တက်တိုက်စစ်က လူငယ်တွေဟာ ဥရောပမှာ အောင်မြင်ခဲ့တဲ့ ဘာစီလိုနာရဲ့ MSN တိုက်စစ်အတွဲကနေ ဆင့်ပွှားလာသလားလို့ သတင်းထောက်က မေးရာမှာ ဆိုးရှားက “ ယူနိုက်တက်အတွက်တော့ ဒါက အဆန်း မဟုတ်ပါဘူး။ ” လို့ အဖြေပေးပါတယ်။

နော်ဝေသားကြီးက “ ရွန်းနီ၊ ရော်နယ်ဒိုနဲ့ တီဗက်စ်တို့ အတူတွဲပြီး ကစားတာကို မင်းမကြည့်ခဲ့ဖူးဘူးလား။ ဆာအဲလက်စ်က သူတို့ကို လွတ်လပ်စွာ တွဲဘက် ကစားစေဖို့ လမ်းညွှန်ခဲ့တယ်။ လုပ်ရမယ့် ဘောင်ထဲမှာ ကစားဖို့ သက်မှတ်ထားတာတော့ ရှိတာပေါ့။

ဒီတော့ ကစားသမားတွေကို ကျနော်တို့ ကစားစေလိုတဲ့ နေရာအတွက် လေ့ကျင့်မှုတွေ လုပ်ခဲ့ရတာပေါ့။ ဒါပေမယ့် ရုတ်တရတ် ဘယ်ခြမ်း၊ ညာခြမ်းနဲ့ ခြားနားတဲ့ နေရာတွေမှာ ကစားရနိုင်တာကိုလည်း နားလည်ထားရမယ်။ မတူညီတဲ့ နေရာတွေမှာလည်း ဖြည့်ပြီး ကစားပေးနိုင်ရမယ်။

မနှစ်တုန်းကကော ဒီနှစ်မှာပါ ကစားသမားတွေက ဘယ်ခြမ်းကိုပဲ အဓိကထားပြီး ကစားလိုခဲ့ကြတယ်။ ကျနေ်ာတို့က ပိုပြီး တိုးတက်လာဖို့နဲ့ စည်းကမ်းတကျ ကစားနိုင်ဖို့ ကြိုးစားမှုတွေ လုပ်ခဲ့ရတာပေါ့။ ” လို့ ပြောဆိုသွားပါတယ်။

ယူနိုက်တက်ရဲ့ တိုက်စစ် သုံးဦးတန်း တောက်ပလာမှုမှာ ဂရင်းဝုဒ်ကလည်း အဓိက ကျသူပါ။ ပရီးမီးယားလိဂ် ပြန်စတင်ကတည်းက သူ့ရဲ့ ဂိုးသွင်းနိုင်စွမ်းဟာ အထင်ကြီးစရာ ဖြစ်လာခဲ့ပါတယ်။

ဆိုးရှားကပဲ “ အကြိမ်အများကြီး ပြောခဲ့ပြီးပါပြီ ဂရင်းဝုဒ်က သူရောက်ချင်သလောက် အဆင့်မျိုးကို ရောက်နိုင်သူပါ။ သူက အရည်အချင်းရှိပြီး ကိုယ်ဘာသာ တည်ဆောက်နိုင်စွမ်းရှိတယ်။ ကျနေ်ာတို့ရဲ့ အလုပ်က သူအဆုံးသတ်နိုင်တဲ့ အနေအထားကို ပို့ပေးဖို့ပါပဲ။ သူက ကောင်းကောင်းကြီး အဆုံးသတ်နိုင်စွမ်းရှိတယ်။ ဂိုးသမားတွေကို အလုပ်ပေးမယ့်သူဖြစ်ပြီး အခွင့်အရေးရရင် ဂိုးသွင်းပါလိမ့်မယ် ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI – ယူႏုိက္တက္တိုက္စစ္ဟာ ဘာစီလိုနာရဲ႕ နာမည္ေက်ာ္ MSN တိုက္စစ္ကို အတူယူျခင္းလားဆိုတဲ့ ေမးခြန္းကို မန္ေနဂ်ာဆိုးရွားက တုန္႔ျပန္သြားပါတယ္။

လက္ရွိ ယူႏုိက္တက္ဟာ သံုးေယာက္တန္း တိုက္စစ္ကို ကစားေနျပီး ၁၉၆၀ ဝန္းက်င္ေတြမွာ ေဂ်ာ္ဂ်ီဘတ္စ္၊ ေဘာ္ဘီခ်ာတန္နဲ႔ ဒန္နစ္ေလာတို႔ပါတဲ့ တိုက္စစ္သံုးဦးတြဲ၊ ၂၀၀၈ ဝန္းက်င္မွာ ေရာ္နယ္ဒို၊ ရြန္းနီ၊ တီဗက္စ္တို႔ရဲ႕ တိုက္စစ္သံုးဦးတြဲေတြကလည္း ေက်ာ္ၾကားခဲ့ပါတယ္။

ယူႏုိက္တက္တိုက္စစ္က လူငယ္ေတြဟာ ဥေရာပမွာ ေအာင္ျမင္ခဲ့တဲ့ ဘာစီလိုနာရဲ႕ MSN တိုက္စစ္အတြဲကေန ဆင့္ပႊားလာသလားလို႔ သတင္းေထာက္က ေမးရာမွာ ဆိုးရွားက “ ယူႏုိက္တက္အတြက္ေတာ့ ဒါက အဆန္း မဟုတ္ပါဘူး။ ” လို႔ အေျဖေပးပါတယ္။

ေနာ္ေဝသားၾကီးက “ ရြန္းနီ၊ ေရာ္နယ္ဒိုနဲ႔ တီဗက္စ္တို႔ အတူတြဲျပီး ကစားတာကို မင္းမၾကည့္ခဲ့ဖူးဘူးလား။ ဆာအဲလက္စ္က သူတို႔ကို လြတ္လပ္စြာ တြဲဘက္ ကစားေစဖို႔ လမ္းညႊန္ခဲ့တယ္။ လုပ္ရမယ့္ ေဘာင္ထဲမွာ ကစားဖို႔ သက္မွတ္ထားတာေတာ့ ရွိတာေပါ့။

ဒီေတာ့ ကစားသမားေတြကို က်ေနာ္တို႔ ကစားေစလိုတဲ့ ေနရာအတြက္ ေလ့က်င့္မႈေတြ လုပ္ခဲ့ရတာေပါ့။ ဒါေပမယ့္ ရုတ္တရတ္ ဘယ္ျခမ္း၊ ညာျခမ္းနဲ႔ ျခားနားတဲ့ ေနရာေတြမွာ ကစားရႏုိင္တာကိုလည္း နားလည္ထားရမယ္။ မတူညီတဲ့ ေနရာေတြမွာလည္း ျဖည့္ျပီး ကစားေပးႏုိင္ရမယ္။

မႏွစ္တုန္းကေကာ ဒီႏွစ္မွာပါ ကစားသမားေတြက ဘယ္ျခမ္းကိုပဲ အဓိကထားျပီး ကစားလိုခဲ့ၾကတယ္။ က်ေန္ာတို႔က ပိုျပီး တိုးတက္လာဖို႔နဲ႔ စည္းကမ္းတက် ကစားႏုိင္ဖို႔ ၾကိဳးစားမႈေတြ လုပ္ခ့ဲရတာေပါ့။ ” လို႔ ေျပာဆိုသြားပါတယ္။

ယူႏုိက္တက္္ရဲ႕ တိုက္စစ္ သံုးဦးတန္း ေတာက္ပလာမႈမွာ ဂရင္းဝုဒ္ကလည္း အဓိက က်သူပါ။ ပရီးမီးယားလိဂ္ ျပန္စတင္ကတည္းက သူ႔ရဲ႕ ဂိုးသြင္းႏုိင္စြမ္းဟာ အထင္ၾကီးစရာ ျဖစ္လာခဲ့ပါတယ္။

ဆိုးရွားကပဲ “ အၾကိမ္အမ်ားၾကီး ေျပာခဲ့ျပီးပါျပီ ဂရင္းဝုဒ္က သူေရာက္ခ်င္သေလာက္ အဆင့္မ်ိဳးကို ေရာက္ႏုိင္သူပါ။ သူက အရည္အခ်င္းရွိျပီး ကိုယ္ဘာသာ တည္ေဆာက္ႏုိင္စြမ္းရွိတယ္။ က်ေန္ာတို႔ရဲ႕ အလုပ္က သူအဆံုးသတ္ႏုိင္တဲ့ အေနအထားကို ပို႔ေပးဖို႔ပါပဲ။ သူက ေကာင္းေကာင္းၾကီး အဆံုးသတ္ႏုိင္စြမ္းရွိတယ္။ ဂိုးသမားေတြကို အလုပ္ေပးမယ့္သူျဖစ္ျပီး အခြင့္အေရးရရင္ ဂိုးသြင္းပါလိမ့္မယ္ ” လို႔ ေျပာဆိုသြားပါတယ္။