ဘိုင်ယန်လို စည်းကမ်း ဘာကာလို ကစားပုံ ရော်နယ်ဒိုရှိပြီး ဇီဒန်းကို နည်းပြခန့်မယ့် မာဆေးအသင်း

UNICODE – မာဆေးအသင်းပိုင်ရှင် Frank McCourt ထံက ကလပ်ကို လွဲယူဖို့အား ညိနှိုင်းမှုတွေ ရှိနေတဲ့ ပြင်သစ်-တူနီးရှား လုပ်ငန်ရှင်း Ajroudi က သူ့လက်ထက်မှာ ခေါ်ယူမှုကြီးတွေ လုပ်လိုတယ်လိ့ ထုတ်ပြောလာပါတယ်။

ပြင်သစ်ရဲ့ အင်အားကြီး ကလပ်တစ်သင်းဖြစ်တဲ့ မာဆေးဟာ ပိုင်ရှင် အပြောင်းအလဲတွေ ဖြစ်လာဖို့ နီးစပ်နေပြီး ပိုင်ရှင်သစ်က သူ့အသင်းကို ထိပ်တန်းအဆင့်တွေမှာ ပြန် ကျင်လည်ဖို့နဲ့ လူစိတ်ဝင်စားခံရဖို့ ကမ္ဘာထိပ်တန်း နာမည်ကျော်တွေကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Ajroudi က ပြင်သစ်သတင်းဌာနကို ပြောရာမှာ ‘ ခရစ္စတီယာနို ရော်နယ်ဒိုက ကျနော် ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ ကစားသမားပါ။ သူ့ကို လေးစားပါတယ်။ မာဆေးအတွက် သူ့ကို ခေါ်ယူဖို့ ကျနော်မှာ အိပ်မက်ရှိသလားဆိုရင် ဘဝမှာ အရာအားလုံးက ဖြစ်နိုင်တာပဲလေ။ မာဆေးအတွက် သူ့ကို ခေါ်ယူပေးဖို့က အိပ်မက်ဖြစ်သလို အရမ်းလည်း စိတ်လှုပ်ရှားမိပါတယ် ‘ လို့ ပြောပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်သမား ရော်နယ်ဒိုဟာ ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားဖြစ်သလို သူ့ကို စိတ်ဝင်စားတဲ့ ပရိသတ်တွေက အများကြီး ရှိနေတာဖြစ်တယ်။ ဒီရာသီမှာလည်း ပြိုင်ပွဲစုံ သွင်းဂိုး ၃၀ သွင်းယူထားတဲ့ ရော်နယ်ဒိုက ဂျူဗင်တပ်အသင်း ပြည်တွင်းနဲ့ ဥရောပတွေမှာ အောင်မြင်ဖို့အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

Ajroudi က ပြင်သစ်ကလပ်အတွက် ဂန္တဝင်ကစားသမားကြီးဖြစ်တဲ့ ဇီဒန်းကိုလည်း ခေါ်ယူလိုပါတယ်။ မာဆေးမှာ ဇီဒန်းနဲ့ ရော်နယ်ဒိုတို့ ပေါင်းဆုံမှု ဖြစ်မလားဆိုတဲ့ မေးခွန်းကိုတော့ ‘ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကျနော်တို့ ကြည့်ရပါမယ် ‘ လို့ ဖြေဆိုသွားပါတယ်။

သူကပဲ မာဆေးအသင်းကို ဂျာမာန်က ဘိုင်ယန်လို စည်းကမ်းကောင်းကောင်းပြီး ဘာစီလိုနာလို စွဲမက်ဖို့ကောင်းတဲ့ ကစားဟန်ရှိတဲ့ အသင်းအဖြစ် ပုံဖော်လိုတယ်လို့ ပြောဆိုသွားခဲ့ပါသေးတယ်။

ZAWGYI – မာေဆးအသင္းပိုင္ရွင္ Frank McCourt ထံက ကလပ္ကို လြဲယူဖို႔အား ညိႏိႈင္းမႈေတြ ရွိေနတဲ့ ျပင္သစ္-တူနီးရွား လုပ္ငန္ရွင္း Ajroudi က သူ႔လက္ထက္မွာ ေခၚယူမႈၾကီးေတြ လုပ္လိုတယ္လိ႔ ထုတ္ေျပာလာပါတယ္။

ျပင္သစ္ရဲ႕ အင္အားၾကီး ကလပ္တစ္သင္းျဖစ္တဲ့ မာေဆးဟာ ပိုင္ရွင္ အေျပာင္းအလဲေတြ ျဖစ္လာဖို႔ နီးစပ္ေနျပီး ပိုင္ရွင္သစ္က သူ႔အသင္းကို ထိပ္တန္းအဆင့္ေတြမွာ ျပန္ က်င္လည္ဖို႔နဲ႔ လူစိတ္ဝင္စားခံရဖို႔ ကမၻာထိပ္တန္း နာမည္ေက်ာ္ေတြကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတာျဖစ္ပါတယ္။

Ajroudi က ျပင္သစ္သတင္းဌာနကို ေျပာရာမွာ ‘ ခရစၥတီယာနို ေရာ္နယ္ဒိုက က်ေနာ္ ဘယ္ေတာ့မွ ေမ့လို႔မရႏုိင္တဲ့ ကစားသမားပါ။ သူ႔ကို ေလးစားပါတယ္။ မာေဆးအတြက္ သူ႔ကို ေခၚယူဖို႔ က်ေနာ္မွာ အိပ္မက္ရွိသလားဆိုရင္ ဘဝမွာ အရာအားလံုးက ျဖစ္ႏုိုင္တာပဲေလ။ မာေဆးအတြက္ သူ႔ကို ေခၚယူေပးဖို႔က အိပ္မက္ျဖစ္သလို အရမ္းလည္း စိတ္လႈပ္ရွားမိပါတယ္ ‘ လို႔ ေျပာပါတယ္။

အသက္ ၃၅ ႏွစ္အရြယ္ တိုက္စစ္သမား ေရာ္နယ္ဒိုဟာ ကမၻာအေကာင္းဆံုး တိုက္စစ္သမားျဖစ္သလို သူ႔ကို စိတ္ဝင္စားတဲ့ ပရိသတ္ေတြက အမ်ားၾကီး ရွိေနတာျဖစ္တယ္။ ဒီရာသီမွာလည္း ျပိဳင္ပြဲစံု သြင္းဂိုး ၃၀ သြင္းယူထားတဲ့ ေရာ္နယ္ဒိုက ဂ်ဴဗင္တပ္အသင္း ျပည္တြင္းနဲ႔ ဥေရာပေတြမွာ ေအာင္ျမင္ဖို႔အတြက္ အေရးပါတဲ့ ကစားသမားတစ္ဦး ျဖစ္ပါတယ္။

Ajroudi က ျပင္သစ္ကလပ္အတြက္ ဂႏၱဝင္ကစားသမားၾကီးျဖစ္တဲ့ ဇီဒန္းကိုလည္း ေခၚယူလိုပါတယ္။ မာေဆးမွာ ဇီဒန္းနဲ႔ ေရာ္နယ္ဒိုတို႔ ေပါင္းဆံုမႈ ျဖစ္မလားဆိုတဲ့ ေမးခြန္းကိုေတာ့ ‘ အနာဂတ္မွာ ဘာေတြျဖစ္လာမလဲဆိုတာကို က်ေနာ္တို႔ ၾကည့္ရပါမယ္ ‘ လို႔ ေျဖဆိုသြားပါတယ္။

သူကပဲ မာေဆးအသင္းကို ဂ်ာမာန္က ဘိုင္ယန္လို စည္းကမ္းေကာင္းေကာင္းျပီး ဘာစီလိုနာလို စြဲမက္ဖို႔ေကာင္းတဲ့ ကစားဟန္ရွိတဲ့ အသင္းအျဖစ္ ပံုေဖာ္လိုတယ္လို႔ ေျပာဆိုသြားခဲ့ပါေသးတယ္။