ချယ်ဆီးအသင်း ချန်ပီယံလိဂ်မဝင်ရင် ကိုင်း ဟာဗက်ကို ခေါ်ယူဖို့ အခက်တွေ့ဖွယ်ရှိ

UNICODE – ဂျာမနီစတား ကိုင်းဟာဗက်ဟာ လေဗာကူဆင်ကနေ ချယ်ဆီးအသင်းကို ပြောင်းရွှေ့လိုပေမယ့် လာမယ့်ရာသီအတွက် လန်ဒန်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရမှသာ အသင်းပြောင်းလိုတာဖြစ်တယ်လို့ ဂျာမနီသတင်းကို ကိုးကားပြီး ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။

ဘွန်ဒက်လီဂါမှာ အဆင့် ၅ နေရာမှာပဲ ရပ်တည်နေခဲ့တာကြောင့် လေဗာကူဆင်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်လည်း လွဲချော်သွားမှာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်အားသန် ကစားသမားလေးဖြစ်တဲ့ ကိုင်းဟာဗက်က ဒီနွေမှာ အသင်းပြောင်းလိုကြောင်း လေဗာကူဆင်ကို ထုတ်ပြောထားခဲ့ပြီး သူ့ရဲ့ ရည်ရွယ်ချက်က လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြဖို့ဖြစ်တယ်။

လက်တလောမှာ ဟာဗက်ကို ခေါ်ယူဖို့ ချယ်ဆီး၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ် သုံးသင်းရှိပြီး ချယ်ဆီးအသင်းက ရေပန်းအစားဆုံး အသင်းလည်း ဖြစ်ပါတယ်။ လေဗာကူဆင်က ဟာဗက်ကို ပေါင် သန်း ၉၀ ဖြင့် ရောင်းမယ်လို့ ဈေးခေါ်ထားပေမယ့် ချယ်ဆီးဘက်က ပေါင် သန်း ၇၀ ဖြင့် ကမ်းလှမ်းဖို့တောင် ပြင်ဆင်နေသလို စည်းရုံးမှုတွေလည်း လုပ်ဆောင်နေတာဖြစ်တယ်။

ဒါပေမယ့် ချယ်ဆီးအသင်းက ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်လာခဲ့ကာ ဥရောပဝင်ခွင့် လွဲနိုင်တဲ့ အနေအထားမျိုးကို ရောက်လာတာက ဟာဗက်ကို ခေါ်ယူဖို့ ခက်ခဲစေမယ်လို့ SportBild မှ အားကစားပိုင်းဆိုင်ရာ အကြီးအကဲဖြစ်သူ Christian Falk ဖော်ပြလာကြတာဖြစ်တယ်။

ချယ်ဆီးအသင်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရ/မရ ဆိုတာက လာမယ့်ရာသီ ပေါင် သန်း ၅၀ လောက် ဝင်ငွေပိုင်း အကျိုးအမြတ် ရစေမှုအတွက် သက်ရောက်မှုကြီးမှာဖြစ်လို့ လန်ဒန်အသင်းကလည်း လက်ကျန် ရာသီမှာ အမှတ်ပေးဇယား ထိပ်ဆုံးအဆင့်ကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားရမှာပါ။

ဟာဗက်ဟာ ဒီရာသီမှာ ဘွန်ဒက်လီဂါကလပ်အတွက် ပြိုင်ပွဲစုံ ၄၃ ပွဲ ကစားထားပြီး ကိုယ်တိုင် ၁၇ ဂိုးထိ သွင်းယူထားခဲ့ပြီဖြစ်ပါတယ်။

ZAWGYI – ဂ်ာမနီစတား ကိုင္းဟာဗက္ဟာ ေလဗာကူဆင္ကေန ခ်ယ္ဆီးအသင္းကို ေျပာင္းေရႊ႔လိုေပမယ့္ လာမယ့္ရာသီအတြက္ လန္ဒန္အသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ ရမွသာ အသင္းေျပာင္းလိုတာျဖစ္တယ္လို႔ ဂ်ာမနီသတင္းကို ကိုးကားျပီး ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။

ဘြန္ဒက္လီဂါမွာ အဆင့္ ၅ ေနရာမွာပဲ ရပ္တည္ေနခဲ့တာေၾကာင့္ ေလဗာကူဆင္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္လည္း လြဲေခ်ာ္သြားမွာ ျဖစ္ပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ တိုက္စစ္အားသန္ ကစားသမားေလးျဖစ္တဲ့ ကိုင္းဟာဗက္က ဒီေႏြမွာ အသင္းေျပာင္းလိုေၾကာင္း ေလဗာကူဆင္ကို ထုတ္ေျပာထားခဲ့ျပီး သူ႔ရဲ႕ ရည္ရြယ္ခ်က္က လာမယ့္ရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ေျခစြမး္ျပဖို႔ျဖစ္တယ္။

လက္တေလာမွာ ဟာဗက္ကို ေခၚယူဖို႔ ခ်ယ္ဆီး၊ ဘိုင္ယန္ျမဴးနစ္နဲ႔ ရီးရဲလ္မက္ဒရစ္ သံုးသင္းရွိျပီး ခ်ယ္ဆီးအသင္းက ေရပန္းအစားဆံုး အသင္းလည္း ျဖစ္ပါတယ္။ ေလဗာကူဆင္က ဟာဗက္ကို ေပါင္ သန္း ၉၀ ျဖင့္ ေရာင္းမယ္လို႔ ေစ်းေခၚထားေပမယ့္ ခ်ယ္ဆီးဘက္က ေပါင္ သန္း ၇၀ ျဖင့္ ကမ္းလွမ္းဖို႔ေတာင္ ျပင္ဆင္ေနသလို စည္းရံုးမႈေတြလည္း လုပ္ေဆာင္ေနတာျဖစ္တယ္။

ဒါေပမယ့္ ခ်ယ္ဆီးအသင္းက ရလဒ္ပိုင္း မတည္မျငိမ္ ျဖစ္လာခဲ့ကာ ဥေရာပဝင္ခြင့္ လြဲႏုိင္တဲ့ အေနအထားမ်ိဳးကို ေရာက္လာတာက ဟာဗက္ကို ေခၚယူဖို႔ ခက္ခဲေစမယ္လို႔ SportBild မွ အားကစားပိုင္းဆိုင္ရာ အၾကီးအကဲျဖစ္သူ Christian Falk ေဖာ္ျပလာၾကတာျဖစ္တယ္။

ခ်ယ္ဆီးအသင္း လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရ/မရ ဆိုတာက လာမယ့္ရာသီ ေပါင္ သန္း ၅၀ ေလာက္ ဝင္ေငြပိုင္း အက်ိဳးအျမတ္ ရေစမႈအတြက္ သက္ေရာက္မႈၾကီးမွာျဖစ္လို႔ လန္ဒန္အသင္းကလည္း လက္က်န္ ရာသီမွာ အမွတ္ေပးဇယား ထိပ္ဆံုးအဆင့္ကို ဆက္ထိန္းႏုိင္ဖို႔ ၾကိဳးစားရမွာပါ။

ဟာဗက္ဟာ ဒီရာသီမွာ ဘြန္ဒက္လီဂါကလပ္အတြက္ ျပိဳင္ပြဲစံု ၄၃ ပြဲ ကစားထားျပီး ကိုယ္တိုင္ ၁၇ ဂိုးထိ သြင္းယူထားခဲ့ျပီျဖစ္ပါတယ္။