NEWS: တနင်္လာနေ့မှာ မန်စီးတီးရဲ့ အယူခံဝင်မှုအတွက် တရားဝင်ရလဒ် ထွက်ပေါ်မည်

UNICODE – လာမယ့် တနင်္လာနေ့ မနက် ၉း၃၀ (မြန်မာစံတော်ချိန် နေ့ခင်း ၃ နာရီ) မှာတော့ အားကစားခုံရုံးကို မန်စီးတီးအသင်း အယူခံဝင်ထားတဲ့ ဥရောပ နှစ်ရာသီ ပွဲပယ် အယူခံဝင်ခြင်း အောင်မြင်လားဆိုတာနဲ့ ပက်သက်ပြီး သတင်းထုတ်ပြန်မှာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်း ထိန်းသိမ်းမှုအဖွဲ့က ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီချက်ကို ဖောက်ဖျက်မှုအဖြစ် မန်စီးတီးကို ဥရောပ နှစ်ရာသီ ပွဲပယ်ပြစ်ဒဏ် ချခံတာပါ။ ဒါပေမယ့် မန်စီးတီးက ပြစ်ဒဏ်ကို အယူခံဝင်ခဲ့ပြီး အရင်လကပဲ ရှေ့နေတွေ အပါအဝင် သုံးရက်သာ ကြားနာစစ်ဆေးမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သောကြာနေ့မှာပဲ အားကစားခုံရုံးက ” အားကစားခုံရုံးဟာ မန်စီးတီး ဘောလုံးအသင်းနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ကြား ကြားနာစစ်ဆေးမှုရဲ့ ရလဒ်ကို တနင်္လနေ့ဖြစ်တဲ့ ၂၀၂၀ ခုနှစ် ဂျူလိုင်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပေးပါမယ် ” လို့ အတည်ပြုခဲ့တယ်။

တရားဝင် ထုတ်ပြန်ချက်ကို အားကစားခုံရုံးက ၎င်းတို့ရဲ့ တရားဝင် ဝဘ်ဆိုဒ်မှာ ထုတ်ပြန်ပေးမယ်လို့ ကြေညာထားပါတယ်။

သောကြာနေ့မှာပဲ မန်နေဂျာ ဂွာဒီယိုလာကတော့ လာမယ့်ရာသီ မန်စီးတီးအသင်း ချန်ပီယံလိဂ် ကစားရဖို့ ယုံကြည်ချက်ရှိတဲ့အကြောင်း ထုတ်ပြောထားတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသလောက် ရှိနေပြီး ဒီရာသီ ဥရောပပွဲတွေကိုလည်း ဆက်ကစားရဦးမှာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက ” ဘောလုံးရာသီတိုင်းကို ချန်ပီယံလိဂ်မှာ ပါဝင်ပြီး အကောင်းဆုံး ကစားလိုတာပါ။ တနင်္လာနေ့မှာ ရလဒ် ထွက်ပေါ်ရယ်မှ မဟုတ်ပါဘူး။ ကျနော်ကတော့ အယူခံဝင်မှုကို ယုံကြည်ချက်ရှိပါတယ်။ ကလပ်ရဲ့ လာမယ့်ရာသီ ဥရောပဝင်ခွင့်အပေါ် အငြင်းပွားမှုကို ကျနော် မြင်ထားပြီး အခြေအနေကို စောင့်ရပါမယ်။ ရလဒ် ထွက်လာရင် အသင်းက စာထုတ်မှာဖြစ်သလို ကျနော်ထံက အမြင်တွေကိုလည်း ရပါမယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ZAWGYI – လာမယ့္ တနလၤာေန႔ မနက္ ၉း၃၀ (ျမန္မာစံေတာ္ခ်ိန္ ေန႔ခင္း ၃ နာရီ) မွာေတာ့ အားကစားခံုရံုးကို မန္စီးတီးအသင္း အယူခံဝင္ထားတဲ့ ဥေရာပ ႏွစ္ရာသီ ပြဲပယ္ အယူခံဝင္ျခင္း ေအာင္ျမင္လားဆိုတာနဲ႔ ပက္သက္ျပီး သတင္းထုတ္ျပန္မွာ ျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ ဘ႑ာေရးဆုိင္ရာ စည္းကမ္း ထိန္းသိမ္းမႈအဖြဲ႔က ဘ႑ာေရးဆိုင္ရာ သေဘာတူညီခ်က္ကို ေဖာက္ဖ်က္မႈအျဖစ္ မန္စီးတီးကို ဥေရာပ ႏွစ္ရာသီ ပြဲပယ္ျပစ္ဒဏ္ ခ်ခံတာပါ။ ဒါေပမယ့္ မန္စီးတီးက ျပစ္ဒဏ္ကို အယူခံဝင္ခဲ့ျပီး အရင္လကပဲ ေရွ႔ေနေတြ အပါအဝင္ သံုးရက္သာ ၾကားနာစစ္ေဆးမႈကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ေသာၾကာေန႔မွာပဲ အားကစားခံုရံုးက ” အားကစားခံုရံုးဟာ မန္စီးတီး ေဘာလံုးအသင္းနဲ႔ ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္ၾကား ၾကားနာစစ္ေဆးမႈရဲ႕ ရလဒ္ကို တနလၤေန႔ျဖစ္တဲ့ ၂၀၂၀ ခုႏွစ္ ဂ်ဴလိုင္လ ၁၃ ရက္ေန႔မွာ ထုတ္ျပန္ေပးပါမယ္ ” လို႔ အတည္ျပဳခဲ့တယ္။

တရားဝင္ ထုတ္ျပန္ခ်က္ကို အားကစားခံုရံုးက ၄င္းတို႔ရဲ႕ တရားဝင္ ဝဘ္ဆိုဒ္မွာ ထုတ္ျပန္ေပးမယ္လို႔ ေၾကညာထားပါတယ္။

ေသာၾကာေန႔မွာပဲ မန္ေနဂ်ာ ဂြာဒီယိုလာကေတာ့ လာမယ့္ရာသီ မန္စီးတီးအသင္း ခ်န္ပီယံလိဂ္ ကစားရဖို႔ ယံုၾကည္ခ်က္ရွိတဲ့အေၾကာင္း ထုတ္ေျပာထားတယ္။ မန္စီးတီးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ေသခ်ာသေလာက္ ရွိေနျပီး ဒီရာသီ ဥေရာပပြဲေတြကိုလည္း ဆက္ကစားရဦးမွာ ျဖစ္ပါတယ္။

ဂြာဒီယိုလာက ” ေဘာလံုးရာသီတိုင္းကို ခ်န္ပီယံလိဂ္မွာ ပါဝင္ျပီး အေကာင္းဆံုး ကစားလိုတာပါ။ တနလၤာေန႔မွာ ရလဒ္ ထြက္ေပၚရယ္မွ မဟုတ္ပါဘူး။ က်ေနာ္ကေတာ့ အယူခံဝင္မႈကို ယံုၾကည္ခ်က္ရွိပါတယ္။ ကလပ္ရဲ႕ လာမယ့္ရာသီ ဥေရာပဝင္ခြင့္အေပၚ အျငင္းပြားမႈကို က်ေနာ္ ျမင္ထားျပီး အေျခအေနကို ေစာင့္ရပါမယ္။ ရလဒ္ ထြက္လာရင္ အသင္းက စာထုတ္မွာျဖစ္သလို က်ေနာ္ထံက အျမင္ေတြကိုလည္း ရပါမယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။