နိုင်ပွဲနဲ့တင် သာယာမနေဘဲ လီဗာပူးကို မှီဖို့ လူသစ်တွေ ထပ်ခေါ်ဖို့ ဆိုးရှားကို နဗီး တိုက်တွန်း

UNICODE – ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးက နွေမှာ အသင်းဟောင်းက ခံစစ်ကို အားဖြည့်တင်သလို၊ တိုက်စစ်အတွက်လည်း လူသစ် ထပ်ခေါ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

နဗီးက ” ဆိုးရှား ကိုယ်ဘာသာ မေးနေရမယ့် မေးခွန်းက ခံစစ်မှာ ၅ ဦးလောက်ရှိတာက လုံလောက်ရဲ့လားပါ။ ကျနော်ကတော့ အဖြေက မလုံလောက်ဘူးလို့ ထင်ပါတယ်။ ယူနိုက်တက်က အင်အားဖြည့်မှုတွေ ထပ်လုပ်ဖို့ လိုပါတယ် ” လို့ သူက ပြောဆိုခဲ့တယ်။

နဗီးကပဲ ယူနိုက်တက်က ခံစစ်တင်မကဘဲ တိုက်စစ်ကိုပါ အင်အားဖြည့်ဖို့ လိုအပ်ဦးမယ်လို့ တိုက်တွန်းပါတယ်။ မာရှယ်၊ ဂရင်းဝုဒ်၊ ရပ်ဖိုဒ့်တို့ တောက်ပနေပေမယ့် ပရီးမီးယားလိဂ် အကောင်းဆုံး တိုက်စစ်ဖြစ်တဲ့ လီဗာပူးကို ယှဉ်ဖို့ဆိုရင် တိုက်စစ်သမားသစ်တွေ ထပ်ခေါ်ရမယ်လို့ သူက ပြောပါတယ်။

” ဆာလက်၊ ဖာမင်နို၊ မာနေးတို့က ရင့်ကျက် ပြည့်စုံနေတဲ့ တိုက်စစ်သမားတွေပါ။ သူတို့က အရမ်းကို အခြေခိုင်နေပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ် သုံးယောက်တန်းဖြစ်တယ်။ ဒါကို မန်စီးတီး အမှတ်ပေးဖလားရတဲ့ နှစ်ကလည်း ကျနော် ပြောခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ တိုက်စစ် သုံးယောက်တန်းက လီဗာပူးတိုက်စစ် သုံးယောက်တန်းရဲ့ အဆင့်ကိ ုမရောက်သေးပါဘူး။ ဒါပေမယ့် သူတို့က အရည်အချင်းနဲ့ အလားအလာရှိပါတယ်။ ရပ်ဖိုဒ့်က လုံလောက်အောင် ကောင်နေဦးမှာလား၊ မာရှယ်ကကော၊ နောက်ပြီး ဂရင်းဝုဒ် သူတို့က ပိုပြီး ကောင်းလာဦးမှာမလားဆိုတာကို ကြည့်ရပါမယ်။

လီဗာပူးတိုက်စစ်က ပိုကောင်းပေမယ့် ယူနိုက်တက်တိုက်စစ်က ပိုစိတ်လှုပ်ရှားစရာကောင်းတယ်။ လူငယ်တွေကို ယုံကြည်ပြီး သူတို့ကို နေရာပေးမယ်ဆိုရင် အရမ်းကောင်းတဲ့ ဆုလာဘ်ကို ရပါလိမ့်မယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒေါ့မွန်မှ ဆန်ချိုနဲ့ အက်စတွန်ဗီလာမှ ဂရီလစ်တို့ကို ခေါ်ယူဖို့ ရေပန်းစားနေပြီး လာမယ့်ရာသီ ဆုဖလားတွေကို စိန်ခေါ်ဖို့ စိတ်ဆန္ဒ ပြင်းပြနေတာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ ကစားသမားေဟာင္း ဂယ္ရီနဗီးက ေႏြမွာ အသင္းေဟာင္းက ခံစစ္ကို အားျဖည့္တင္သလို၊ တိုက္စစ္အတြက္လည္း လူသစ္ ထပ္ေခၚဖို႔ တိုက္တြန္းလိုက္ပါတယ္။

နဗီးက ” ဆိုးရွား ကိုယ္ဘာသာ ေမးေနရမယ့္ ေမးခြန္းက ခံစစ္မွာ ၅ ဦးေလာက္ရွိတာက လံုေလာက္ရဲ႕လားပါ။ က်ေနာ္ကေတာ့ အေျဖက မလံုေလာက္ဘူးလို႔ ထင္ပါတယ္။ ယူႏုိက္တက္က အင္အားျဖည့္မႈေတြ ထပ္လုပ္ဖို႔ လိုပါတယ္ ” လို႔ သူက ေျပာဆိုခဲ့တယ္။

နဗီးကပဲ ယူႏုိက္တက္က ခံစစ္တင္မကဘဲ တိုက္စစ္ကိုပါ အင္အားျဖည့္ဖို႔ လိုအပ္ဦးမယ္လို႔ တိုက္တြန္းပါတယ္။ မာရွယ္၊ ဂရင္းဝုဒ္၊ ရပ္ဖိုဒ့္တို႔ ေတာက္ပေနေပမယ့္ ပရီးမီးယားလိဂ္ အေကာင္းဆံုး တိုက္စစ္ျဖစ္တဲ့ လီဗာပူးကို ယွဥ္ဖို႔ဆိုရင္ တိုက္စစ္သမားသစ္ေတြ ထပ္ေခၚရမယ္လို႔ သူက ေျပာပါတယ္။

” ဆာလက္၊ ဖာမင္ႏို၊ မာေနးတို႔က ရင့္က်က္ ျပည့္စံုေနတဲ့ တိုက္စစ္သမားေတြပါ။ သူတုိ႔က အရမ္းကို အေျခခိုင္ေနျပီး ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး တိုက္စစ္ သံုးေယာက္တန္းျဖစ္တယ္။ ဒါကို မန္စီးတီး အမွတ္ေပးဖလားရတဲ့ ႏွစ္ကလည္း က်ေနာ္ ေျပာခဲ့ပါတယ္။

ယူႏုိက္တက္ရဲ႕ တိုက္စစ္ သံုးေယာက္တန္းက လီဗာပူးတိုက္စစ္ သံုးေယာက္တန္းရဲ႕ အဆင့္ကိ ုမေရာက္ေသးပါဘူး။ ဒါေပမယ့္ သူတို႔က အရည္အခ်င္းနဲ႔ အလားအလာရွိပါတယ္။ ရပ္ဖိုဒ့္က လံုေလာက္ေအာင္ ေကာင္ေနဦးမွာလား၊ မာရွယ္ကေကာ၊ ေနာက္ျပီး ဂရင္းဝုဒ္ သူတို႔က ပိုျပီး ေကာင္းလာဦးမွာမလားဆိုတာကို ၾကည့္ရပါမယ္။

လီဗာပူးတိုက္စစ္က ပိုေကာင္းေပမယ့္ ယူႏုိက္တက္္တိုက္စစ္က ပိုစိတ္လႈပ္ရွားစရာေကာင္းတယ္။ လူငယ္ေတြကို ယံုၾကည္ျပီး သူတို႔ကို ေနရာေပးမယ္ဆိုရင္ အရမ္းေကာင္းတဲ့ ဆုလာဘ္ကို ရပါလိမ့္မယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ယူႏုိက္တက္ဟာ ေဒါ့မြန္မွ ဆန္ခ်ိဳနဲ႔ အက္စတြန္ဗီလာမွ ဂရီလစ္တို႔ကို ေခၚယူဖို႔ ေရပန္းစားေနျပီး လာမယ့္ရာသီ ဆုဖလားေတြကို စိန္ေခၚဖို႔ စိတ္ဆႏၵ ျပင္းျပေနတာ ျဖစ္ပါတယ္။