NEWS: ကွန်မြူနတီဒိုင်းမှာ လီဗာပူးရဲ့ ပြိုင်ဘက်အဖြစ် ချန်ပီယံရှစ် ချန်ပီယံ ယှဉ်ပြိုင်ခွင့်ရဖို့ရှိ

UNICODE – အက်ဖ်အေ တာဝန်ရှိသူတွေကတော့ လာမယ့်ရာသီ ကွန်မြူနတီဒိုင်း ပြိုင်ပွဲအဖြစ် ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးနဲ့ ယှဉ်ပြိုင်ဘက်ကို ချန်ပီယံရှစ် ချန်ပီယံအသင်းအား ဖိတ်ခေါ်ဖို့လည်း စီစဉ်နေပါတယ်။

The Times က ဖော်ပြရာမှာတော့ အက်ဖ်အေက ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲ ယှဉ်ပြိုင်ဖို့ ရည်ရွယ်တဲ့ ရက်စွဲဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲရက်နဲ့ တိုက်နေသလို ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီး ၂ ရက်အကြာမှာဖြစ်တယ်။ ဒါကြောင့် အဆင့်မြင့်တန်း အသင်းတွေကြားမှာ ကွန်မြူနတီဒိုင်း ကစားဖို့ အဆင်မပြေတာကြောင့် ချန်ပီယံရှစ် ချန်ပီယံကို ဖိတ်ခေါ်ဖို့ စီစဉ်လာတာပါ။

ချယ်ဆီး၊ မန်စီးတီး၊ ယူနိုက်တက်တို့ဟာ အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်အဆင့်တွေကို ရောက်နေတာဖြစ်တယ်။ အစဉ်အလာအရတော့ သူတို့က အက်ဖ်အေ ချန်ပီယံဖြစ်ခဲ့ရင် လီဗာပူးနဲ့ ကွန်မြူနတီဒိုင်းပွဲ ကစားရမှာဖြစ်ပေမယ့် တစ်ဘက်မှာ ဥရောပပွဲတွေအတွက် ပြင်ပနိုင်ငံတွေကို ထွက်ပြီး ကစားရဖို့ ရှိနေပါတယ်။

ဥရောပအဆင့် ပြိုင်ပွဲတွေမှာ ကလပ်တွေ ဗိုလ်လုပွဲ အဆင့်ထိ တက်နိုင်ခဲ့ရင် သြဂုတ်လ တတိယပတ် အကုန်ထိ အင်္ဂလန်မှာ ရှိနေမှာ မဟုတ်ပါဘူး။ တူညီတဲ့ ရက်စွဲမှာ ကွန်မြူနတီဒိုင်း ကစားဖို့ ရည်ရွယ်ထားတာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံကို ယှဉ်ပြိုင်မယ့် ပြိုင်ဘက်ကို အက်ဖ်အေ တာဝန်ရှိသူတွေက ပြောင်းလဲဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဘောလုံးရာသီ စတင်မယ့် ရက်စွဲနဲ့ ကွန်မြူနတီဒိုင်း ရက်စွဲတွေကို ပရီးမီးယားလိဂ် တာဝန်ရှိသူတွေ ဆွေးနွေးသွားမှာ ဖြစ်ပြီး အတည်ပြု ကြေညာပေးမှာပါ။ လောလောဆယ်မှာတော့ နားရက် ဘယ်လောက်ရမလဲ၊ ဈေးကွက်ဖွင့်ချိန် ဘယ်လောက် ပေးမလဲ ဆိုတာတွေကလည်း မေးခွန်းတစ်ခု ဖြစ်နေဆဲ ဖြစ်ပါတယ်။

မနှစ်တုန်းကတော့ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေ ချန်ပီယံက မန်စီးတီးဖြစ်တာကြောင့် မန်စီးတီးက အက်ဖ်အေ ချန်ပီယံအဖြစ်နဲ့ လိဂ် ဒုတိယနေရာက လီဗာပူးနဲ့ ကွန်မြူနတီဒိုင်း ကစားခဲ့ပါတယ်။

ZAWGYI – အက္ဖ္ေအ တာဝန္ရွိသူေတြကေတာ့ လာမယ့္ရာသီ ကြန္ျမဴနတီဒိုင္း ျပိဳင္ပြဲအျဖစ္ ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးနဲ႔ ယွဥ္ျပိဳင္ဘက္ကို ခ်န္ပီယံရွစ္ ခ်န္ပီယံအသင္းအား ဖိတ္ေခၚဖို႔လည္း စီစဥ္ေနပါတယ္။

The Times က ေဖာ္ျပရာမွာေတာ့ အက္ဖ္ေအက ကြန္ျမူနတီဒိုင္း ဗိုလ္လုပြဲ ယွဥ္ျပိဳင္ဖို႔ ရည္ရြယ္တဲ့ ရက္စြဲဟာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲရက္နဲ႔ တိုက္ေနသလို ယူရိုပါလိဂ္ ဗိုလ္လုပြဲအျပီး ၂ ရက္အၾကာမွာျဖစ္တယ္။ ဒါေၾကာင့္ အဆင့္ျမင့္တန္း အသင္းေတြၾကားမွာ ကြန္ျမဴနတီဒိုင္း ကစားဖို႔ အဆင္မေျပတာေၾကာင့္ ခ်န္ပီယံရွစ္ ခ်န္ပီယံကို ဖိတ္ေခၚဖို႔ စီစဥ္လာတာပါ။

ခ်ယ္ဆီး၊ မန္စီးတီး၊ ယူႏုိက္တက္တို႔ဟာ အက္ဖ္ေအဖလားမွာ ဆီမီးဖိုင္နယ္အဆင့္ေတြကို ေရာက္ေနတာျဖစ္တယ္။ အစဥ္အလာအရေတာ့ သူတို႔က အက္ဖ္ေအ ခ်န္ပီယံျဖစ္ခဲ့ရင္ လီဗာပူးနဲ႔ ကြန္ျမဴနတီဒိုင္းပြဲ ကစားရမွာျဖစ္ေပမယ့္ တစ္ဘက္မွာ ဥေရာပပြဲေတြအတြက္ ျပင္ပႏုိင္ငံေတြကို ထြက္ျပီး ကစားရဖို႔ ရွိေနပါတယ္။

ဥေရာပအဆင့္ ျပိဳင္ပြဲေတြမွာ ကလပ္ေတြ ဗိုလ္လုပြဲ အဆင့္ထိ တက္ႏုိင္ခဲ့ရင္ ၾသဂုတ္လ တတိယပတ္ အကုန္ထိ အဂၤလန္မွာ ရွိေနမွာ မဟုတ္ပါဘူး။ တူညီတဲ့ ရက္စြဲမွာ ကြန္ျမဴနတီဒိုင္း ကစားဖို႔ ရည္ရြယ္ထားတာေၾကာင့္ ပရီးမီးယားလိဂ္ ခ်န္ပီယံကို ယွဥ္ျပိဳင္မယ့္ ျပိဳင္ဘက္ကို အက္ဖ္ေအ တာဝန္ရွိသူေတြက ေျပာင္းလဲဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။

ေဘာလံုးရာသီ စတင္မယ့္ ရက္စြဲနဲ႔ ကြန္ျမဴနတီဒိုင္း ရက္စြဲေတြကို ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြ ေဆြးေႏြးသြားမွာ ျဖစ္ျပီး အတည္ျပဳ ေၾကညာေပးမွာပါ။ ေလာေလာဆယ္မွာေတာ့ နားရက္ ဘယ္ေလာက္ရမလဲ၊ ေစ်းကြက္ဖြင့္ခ်ိန္ ဘယ္ေလာက္ ေပးမလဲ ဆိုတာေတြကလည္း ေမးခြန္းတစ္ခု ျဖစ္ေနဆဲ ျဖစ္ပါတယ္။

မႏွစ္တုန္းကေတာ့ ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအ ခ်န္ပီယံက မန္စီးတီးျဖစ္တာေၾကာင့္ မန္စီးတီးက အက္ဖ္ေအ ခ်န္ပီယံအျဖစ္နဲ႔ လိဂ္ ဒုတိယေနရာက လီဗာပူးနဲ႔ ကြန္ျမဴနတီဒိုင္း ကစားခဲ့ပါတယ္။