စံချိန်ချိုးသူတွေလား ဗီလာကို အနိုင်ယူအပြီး စံချိန်ကြီးနှစ်ခု ရရှိသွားတဲ့ ယူနိုက်တက်

UNICODE – အက်စတွန်ဗီလာကို ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲအပြီး ယူနိုက်တက်က စံချိန်တွေကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။

အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရခြင်းကြောင့် ယူနိုက်တက်ဟာ ၄ ပွဲဆက်တိုက် ၃ ဂိုးနဲ့ ၃ ဂိုးအထက် ဂိုးပြတ် သွင်းနိုင်တဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲ ဖြစ်လာခဲ့တယ်။ ဒါ့အပြင် လက်ကျန်ပွဲစဉ်တွေအရ ပြိုင်ဘက်တွေက ထိပ်တိုက်တွေ့မှုတွေ ရှိဦးမှာဖြစ်လို့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နေရာကောင်းမှာ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

နောက်ထပ် စံချိန်အဖြစ် ယူနိုက်တက်ဟာ တစ်ရာသီမှာ ပင်နယ်တီအများဆုံးရတဲ့ အသင်းစာရင်းထဲကို ဝင်သွားခဲ့ပါပြီ။ ၂၀၀၄-၀၅ ခုနှစ်မှာ ပဲလေစ့်၊ ၂၀၁၅-၁၆ တို့မှာ ပင်နယ်တီ ၁၃ ကြိမ်တွေ ရခဲ့ဖူးသလိုပဲ ယူနိုက်တက်ဟာ ဒီရာသီမှာ ပင်နယ်တီ ၁၃ ကြိမ် ရရှိခဲ့ပြီဖြစ်တယ်။ လက်ကျန်ပွဲ ၄ ပွဲ ကျန်သေးတာကြောင့် စံချိန်သစ်ပါ တင်ကောင်း တင်နိုင်ပါလိမ့်မယ်။

ယူနိုက်တက် သွင်းယူခဲ့တဲ့ အဖွင့်ဂိုးဟာ ပင်နယ်တီကနေဖြစ်ပြီး အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ဘောလုံးနဲ့ လှည့်ထွက်ခဲ့စဉ် ဗီလာအသင်းသားနဲ့ ထိတွေ့ခဲ့တာဖြစ်ပြီး ဒါက တကယ်ကော ပြစ်ဒဏ် ဟုတ်ရဲ့လားဆိုတာက အငြင်းပွားစရာ ဖြစ်ခဲ့သလို အက်စတွန်ဗီလာ မန်နေဂျာကတော့ လက်ခံစရာကို မရှိတဲ့ ပင်နယ်တီပြစ်ဒဏ်လို့ ဝေဖန်သွားပါတယ်။

ကြာသပတေးည ပွဲတွေအပြီးမှာ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကတော့ ပွဲစဉ် သုံးပွဲလုံးမှာ VAR နဲ့ ပက်သက်ပြီး ဆုံးဖြတ်ချက်တွေက မမှန်ကန်ခဲ့ပါဘူးလို့ ဘီဘီစီကို ထုတ်ဖော် ဝန်ခံသွားပါတယ်။

ယူနိုက်တက်အတွက် သွင်းဂိုးတွေကို ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ ပေါ့ဘာတို့က သွင်းယူခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ နောက်ဆုံး ၁၇ ပွဲဆက်တိုက် ရံှူးပွဲမရှိ စံချိန်ကို ပိုင်ဆိုင်ခဲ့ပါပြီ။

ZAWGYI – အက္စတြန္ဗီလာကို ၃-၀ နဲ႔ ဂိုးျပတ္ အႏုိင္ရခဲ့တဲ့ပြဲအျပီး ယူႏုိက္တက္က စံခ်ိန္ေတြကို ပိုင္ဆိုင္သြားခဲ့ျပီ ျဖစ္ပါတယ္။

အေဝးကြင္းမွာ ဂိုးျပတ္ အႏုိင္ရျခင္းေၾကာင့္ ယူႏုိက္တက္ဟာ ၄ ပြဲဆက္တိုက္ ၃ ဂိုးနဲ႔ ၃ ဂိုးအထက္ ဂိုးျပတ္ သြင္းႏုိင္တဲ့ ပထမဆံုးေသာ ပရီးမီးယားလိဂ္ပြဲ ျဖစ္လာခဲ့တယ္။ ဒါ့အျပင္ လက္က်န္ပြဲစဥ္ေတြအရ ျပိဳင္ဘက္ေတြက ထိပ္တိုက္ေတြ႔မႈေတြ ရွိဦးမွာျဖစ္လို႔ ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေနရာေကာင္းမွာ ရွိေနခဲ့ျပီ ျဖစ္ပါတယ္။

ေနာက္ထပ္ စံခ်ိန္အျဖစ္ ယူႏုိက္တက္ဟာ တစ္ရာသီမွာ ပင္နယ္တီအမ်ားဆံုးရတဲ့ အသင္းစာရင္းထဲကို ဝင္သြားခဲ့ပါျပီ။ ၂၀၀၄-၀၅ ခုႏွစ္မွာ ပဲေလစ့္၊ ၂၀၁၅-၁၆ တို႔မွာ ပင္နယ္တီ ၁၃ ၾကိမ္ေတြ ရခဲ့ဖူးသလိုပဲ ယူႏုိက္တက္ဟာ ဒီရာသီမွာ ပင္နယ္တီ ၁၃ ၾကိမ္ ရရွိခဲ့ျပီျဖစ္တယ္။ လက္က်န္ပြဲ ၄ ပြဲ က်န္ေသးတာေၾကာင့္ စံခ်ိန္သစ္ပါ တင္ေကာင္း တင္ႏုိင္ပါလိမ့္မယ္။

ယူႏုိက္တက္ သြင္းယူခဲ့တဲ့ အဖြင့္ဂိုးဟာ ပင္နယ္တီကေနျဖစ္ျပီး အျငင္းပြားမႈေတြ ရွိခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ ေဘာလံုးနဲ႔ လွည့္ထြက္ခဲ့စဥ္ ဗီလာအသင္းသားနဲ႔ ထိေတြ႔ခဲ့တာျဖစ္ျပီး ဒါက တကယ္ေကာ ျပစ္ဒဏ္ ဟုတ္ရဲ႕လားဆိုတာက အျငင္းပြားစရာ ျဖစ္ခဲ့သလို အက္စတြန္ဗီလာ မန္ေနဂ်ာကေတာ့ လက္ခံစရာကို မရွိတဲ့ ပင္နယ္တီျပစ္ဒဏ္လို႔ ေဝဖန္သြားပါတယ္။

ၾကာသပေတးည ပြဲေတြအျပီးမွာ ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြကေတာ့ ပြဲစဥ္ သံုးပြဲလံုးမွာ VAR နဲ႔ ပက္သက္ျပီး ဆံုးျဖတ္ခ်က္ေတြက မမွန္ကန္ခဲ့ပါဘူးလို႔ ဘီဘီစီကို ထုတ္ေဖာ္ ဝန္ခံသြားပါတယ္။

ယူႏုိက္တက္အတြက္ သြင္းဂိုးေတြကို ဖာနန္ဒက္စ္၊ ဂရင္းဝုဒ္၊ ေပါ့ဘာတို႔က သြင္းယူခဲ့တာျဖစ္ျပီး ဒီႏုိင္ပြဲေၾကာင့္ ယူႏုိက္တက္ဟာ ေနာက္ဆံုး ၁၇ ပြဲဆက္တိုက္ ရံွဴးပြဲမရွိ စံခ်ိန္ကို ပိုင္ဆိုင္ခဲ့ပါျပီ။