ကြာသပတေးနေ့ နောက်ဆုံးရ ပရီးမီးယားလိဂ် ညနေခင်းသတင်းများ
uNICODE – ဘရိုက်တန်နဲ့ပွဲမှာ ကိုယ်တိုင် ၂ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁ ကြိမ် ရခဲ့တဲ့ ဆာလက်ဟာ မန်စီးတီးမှ ဒီဘရိုင်း၊ လီဗာပူးအသင်းဖော် ထရန့်တို့နောက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးထောက်ပံ့မှု တတိယအများဆုံး ကစားသမားလည်း ဖြစ်လာခဲ့တယ်။
စပါးအသင်းဟာ ဒီနွေမှာတော့ ခံစစ်ပိုင်းကို အင်အားဖြည့်ဖို့ကို စတင်မှာဖြစ်ပြီး ဒါဘီပြိုင်ဘက် ချယ်ဆီးအသင်းမှ ပြင်သစ်သား ခံစစ်သမား ဇူးမားကို မျက်စိကျနေတယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။
အသင်းသားတွေထဲ ဘယ်သူက ပင်နယ်တီ တာဝန်ယူမလဲကို မန်နေဂျာဆိုးရှားက ” အသင်းသားတွေ ခွဲဝေပြီး တာဝန်ယူရမှာပါ။ ကွင်းထဲမှာ ဘယ်သူက ယုံကြည်မှုရှိနေတယ်လို့ ခံစားရလဲပေါ် မူတည်ပြီး အဲ့သည် ကစားသမားက ကန်ရမှာဖြစ်ပါတယ်။ ” လို့ အဖြေပေးပါတယ်။
မန်ချက်စတာ စီးတီး လူငယ်ကြယ်ပွင့် ဖီးလ် ဖိုဒန်က ယူနိုက်တက် လူငယ်တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်ဟာ သူ မြင်ဖူးသမျှ တိုက်စစ် သမားတွေထဲ အဆုံးသတ် အကောင်းမွန်ဆုံး သူ ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။
အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒေါင်ဇီရဲ့ အသင်းဟောင်းဖြစ်သူ Lorient အသင်း မန်နေဂျာက ပြင်သစ်သားမှာ အဓိက အားနည်းချက်က စိတ်ဓါတ်ပိုင်း ညံ့ဖျင်းမှုဖြစ်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။
ချန်ပီယံရှစ်ကလပ် ဘရန့်ဖို့ဒ် အသင်းမှ ကြယ်ပွင့် တိုက်စစ်သမား ဆိဒ် ဘန်ရာမာက လန်ဒန်အသင်းရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပေမယ့် ဘရန့်ဖိုဒ့်အသင်းနဲ့ ပရီးမီးယားလိဂ်မှာ ကစားနိုင်ဖို့ကိုလည်း ကြိုးစားလိုနေပါတယ်။
မန်စီးတီးခံစစ်သမား ဂျွန်စတုန်းက ဒီရာသီမှာ သူတို့က ခြေချော်ထားခဲ့ပြီး လာမယ့်ရာသီမှာတော့ ပရီးမီးယားလိဂ် ဆုဖလားကို ပြန်လည် စိန်ခေါ်နိုင်မယ် ယုံကြည်ချက် ရှိတယ်လို့ ထုတ်ပြောသွားပါတယ်။
The Athletic မှ သတင်းထောက် အန်ဒီ မစ်တန် အဆိုအရတော့ ယူနိုက်တက် အကြီးအကဲတွေဟာ အသင်းမှာ ရှိနေတဲ့ ခံစစ်မှူး တူရမ်ဇီဘီကို မျှော်လင့်ချက်ကြီး ရှိထားပြီး ဖာဒီနန်၊ ဗီဒစ်လို ဖြစ်လာမယ့် ကစားသမားလို့ ယုံကြည်နေပါတယ်။
ပရီးမီးယားလိဂ်ကတော့ ကစားကွင်းတွေထဲ ပရိသတ်တွေကို ပြန်ဝင်ခွင့် ပေးဖို့ရာ ဒီဂျီတယ် ကျန်းမာရေး ပစ်ပိုစ့် စနစ်ကို မိတ်ဆက်ပေးဖို့ရာ ယုံကြည်ချက်တွေ မြင့်မားလာနေပြီဖြစ်ပါတယ်။
ဆာလက်က ” ဘာလို့လည်းတော့ မသိဘူး။ လီဗာပူးကို ရောက်လာတည်းက ကျနော်ရဲ့ ဂိုးထောက်ပံ့မှု မှတ်တမ်းက သိပ်ကောင်းပါတယ်။ ကျနော်ရဲ့ နေရာမှာ အကောင်းဆုံး လုပ်နိုင်နေတာကြောင့်လို့ ထင်ပါတယ်။ နောက်တစ်ခုအတွက် (ရွှေဖိနပ်) ကြိုးစားရအောင်ပါ ” ဆိုပြီး ရွှေဖိနပ်ဆုအတွက် စိန်ခေါ်ဦးမှာဖြစ်ကြောင်း စကိုင်းစပေါ့ကို ဖြေပေးခဲ့တယ်။
ကွင်းလယ်လူ ပေါ့ဘာက ယူနိုက်တက်ဟာ အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်းဖြစ်ပြီး နိုင်ပွဲဆက်နေမှုလောက်ကို သာယာနေမှာ မဟုတ်ဘဲ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ ကြိုးစားမယ်လို့ ထုတ်ပြောလိုက်ပါတယ်။
ချယ်ဆီးအသင်းဟာ ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟို အတွက် ကစားသမား အလဲအထပ်နဲ့ အပြောင်းအရွှေ့ လုပ်ဖို့ ဂျူဗင်တပ်ထံမှ ကမ်းလှမ်းမှု ရရှိထားပြီလို့ သတင်း ထွက်ပေါ်နေပါတယ်။
မကြာသေးခင်ကမှ ကြံ့ခိုင်မှု ပြန်ပြည့်လာတဲ့ ဟာဇက်က ဒီအပတ် လေ့ကျင့်ရေးမှာပဲ ဒဏ်ရာ ပြန်ရသွားကာ ရာသီကုန်ထိ အနားယူရနိုင်တယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်က လာမယ့် နွေအပြောင်းအရွှေ့မှာ တိုက်စစ်မှူး လူကာ ဂျိုဗစ်အတွက် ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင် နားထောင်ပေးသွားမယ်လို့ စပိန်သတင်းဌာနတွေက ဖော်ပြလာပါတယ်။
ZAWGYI – ဘရိုက်တန်နဲ့ပွဲမှာ ကိုယ်တိုင် ၂ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁ ကြိမ် ရခဲ့တဲ့ ဆာလက်ဟာ မန်စီးတီးမှ ဒီဘရိုင်း၊ လီဗာပူးအသင်းဖော် ထရန့်တို့နောက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးထောက်ပံ့မှု တတိယအများဆုံး ကစားသမားလည်း ဖြစ်လာခဲ့တယ်။