လေ့ကျင့်ရေးမှာပဲ ဒဏ်ရာ ထပ်ရသွားပြန်တဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား ဟာဇက်

UNICODE – ဒီရာသီကတော့ အီဒင်ဟာဇက်အတွက် အိပ်မက်ဆိုးတွေ များမယ့် ဘောလုံးရာသီ ဖြစ်မှာပါ။ ဒီအပတ် လေ့ကျင့်ရေးမှာတော့ မကြာသေးခင်ကမှ ကြံ့ခိုင်မှု ပြန်ပြည့်လာတဲ့ ဟာဇက် ဒဏ်ရာ ပြန်ရသွားတယ်လို့ သိရပါတယ်။

ဘယ်ဂျီယံစတားဟာ နွေတုန်းက ဗြိတိန်မြို့တော် လန်ဒန်ကနေ စပိန်မြို့တော် မက်ဒရစ်အခြေစိုက် ရီးရဲလ်မက်ဒရစ်ထံ ပေါင် ၈၈ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်တယ်။ သူဟာ ဇီဒန်းလက်အောက် ပွဲပေါင်း ၁၃ ပွဲပဲ ပွဲထွက် ကစားသမားနေရာက ကစားထားနိုင်ပါတယ်။

အရင်လက အက်ပန်ညိုကို အနိုင်ရတဲ့ပွဲအပြီး ဒဏ်ရာရခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ဆုံး နှစ်ပွဲကို လွဲထားတဲ့ ဟာဇက်က အင်္ဂါနေ့ကပဲ လေ့ကျင့်ရေး ပြန်ဆင်းခဲ့တာပါ။ ဒါပေမယ့် လေ့ကျင့်ရေး ဆင်းချိန်မှာပဲ ခြေကျင်းဝတ်က ဒဏ်ရာ အကင်းမသေဘဲ ပြန်ပေါ်တဲ့ လက္ခာတွေ ပြသလာခဲ့တာလို့ သိရပါတယ်။

နိုဝင်ဘာတုန်းက ပီအက်ဂျီထံ သွားတဲ့ ချန်ပီယံလိဂ်ပွဲနောက်ပိုင်း ဟာဇက်က ဒဏ်ရာကြောင့် သုံးလလောက် နားခဲ့ရပြီး မတ်လတုန်းက အမေရိကန်မှာ ခွဲစိတ်မှု ခံယူခဲ့ရပါသေးတယ်။ ဘယ်ဂျီယံသားက ရီးရဲလ်မက်ဒရစ်အတွက် လက်ကျန်ပွဲတွေ အားလုံးအပြင် နိုင်ငံတကာပွဲတွေအထိပါ လွဲချော်သွားမယ့် အခြေအနေမှာ ရှိနေပါတယ်။

ချယ်ဆီးကနေ ငယ်ဘဝ အိပ်မက်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းလာပြီးနောက်ပိုင်း ဟာဇက်ဟာ ဘာနေဗျူးအသင်းအတွက် ၁၉ ပွဲ ကစားထားကာ ၁ ဂိုးပဲ သွင်းယူထားပါတယ်။ လက်တလောမှာ ရီးရဲလ်မက်ဒရစ်ဟာ ဒုတိယနေရာက ဘာစီလိုနာကို တစ်မှတ်အသာနဲ့ ဦးဆောင်ထားပြီး ပွဲကျန် တစ်ပွဲ ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI – ဒီရာသီကေတာ့ အီဒင္ဟာဇက္အတြက္ အိပ္မက္ဆိုးေတြ မ်ားမယ့္ ေဘာလံုးရာသီ ျဖစ္မွာပါ။ ဒီအပတ္ ေလ့က်င့္ေရးမွာေတာ့ မၾကာေသးခင္ကမွ ၾကံ႕ခိုင္မႈ ျပန္ျပည့္လာတဲ့ ဟာဇက္ ဒဏ္ရာ ျပန္ရသြားတယ္လို႔ သိရပါတယ္။

ဘယ္ဂ်ီယံစတားဟာ ေႏြတုန္းက ျဗိတိန္ျမိဳ႕ေတာ္ လန္ဒန္ကေန စပိန္ျမိဳ႔ေတာ္ မက္ဒရစ္အေျခစိုက္ ရီးရဲလ္မက္ဒရစ္ထံ ေပါင္ ၈၈ သန္းျဖင့္ ေျပာင္းေရႊ႔ခဲ့သူျဖစ္တယ္။ သူဟာ ဇီဒန္းလက္ေအာက္ ပြဲေပါင္း ၁၃ ပြဲပဲ ပြဲထြက္ ကစားသမားေနရာက ကစားထားႏိုင္ပါတယ္။

အရင္လက အက္ပန္ညိဳကို အႏုိင္ရတဲ့ပြဲအျပီး ဒဏ္ရာရခဲ့တာေၾကာင့္ ရီးရဲလ္မက္ဒရစ္ရဲ႕ ေနာက္ဆံုး ႏွစ္ပြဲကို လြဲထားတဲ့ ဟာဇက္က အဂၤါေန႔ကပဲ ေလ့က်င့္ေရး ျပန္ဆင္းခဲ့တာပါ။ ဒါေပမယ့္ ေလ့က်င့္ေရး ဆင္းခ်ိန္မွာပဲ ေျခက်င္းဝတ္က ဒဏ္ရာ အကင္းမေသဘဲ ျပန္ေပၚတဲ့ လကၡာေတြ ျပသလာခဲ့တာလို႔ သိရပါတယ္။

ႏိုဝင္ဘာတုန္းက ပီအက္ဂ်ီထံ သြားတဲ့ ခ်န္ပီယံလိဂ္ပြဲေနာက္ပိုင္း ဟာဇက္က ဒဏ္ရာေၾကာင့္ သံုးလေလာက္ နားခဲ့ရျပီး မတ္လတုန္းက အေမရိကန္မွာ ခြဲစိတ္မႈ ခံယူခဲ့ရပါေသးတယ္။ ဘယ္ဂ်ီယံသားက ရီးရဲလ္မက္ဒရစ္အတြက္ လက္က်န္ပြဲေတြ အားလံုးအျပင္ ႏုိင္ငံတကာပြဲေတြအထိပါ လြဲေခ်ာ္သြားမယ့္ အေျခအေနမွာ ရွိေနပါတယ္။

ခ်ယ္ဆီးကေန ငယ္ဘဝ အိပ္မက္အသင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းလာျပီးေနာက္ပိုင္း ဟာဇက္ဟာ ဘာေနဗ်ဴးအသင္းအတြက္ ၁၉ ပြဲ ကစားထားကာ ၁ ဂိုးပဲ သြင္းယူထားပါတယ္။ လက္တေလာမွာ ရီးရဲလ္မက္ဒရစ္ဟာ ဒုတိယေနရာက ဘာစီလိုနာကို တစ္မွတ္အသာနဲ႔ ဦးေဆာင္ထားျပီး ပြဲက်န္ တစ္ပြဲ ကစားဖို႔ ရွိေနတာ ျဖစ္ပါတယ္။