လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်မှု လုပ်သွားတဲ့ ဂျွန်စတုန်း
UNICODE – မန်စီးတီးခံစစ်သမား ဂျွန်စတုန်းက ဒီရာသီမှာ သူတို့က ခြေချော်ထားခဲ့ပြီး လာမယ့်ရာသီမှာတော့ ပရီးမီးယားလိဂ် ဆုဖလားကို ပြန်လည် စိန်ခေါ်နိုင်မယ် ယုံကြည်ချက် ရှိတယ်လို့ ထုတ်ပြောလာပါတယ်။
ဂျွန်စတုန်းက ” ဟုတ်ပါတယ် ကျနော် တကယ်ကို ယုံကြည်မှု ရှိပါတယ် ” ဆိုပြီး မန်စီးတီးက အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်း ဖြစ်နေဆဲလားဆိုတဲ့ မေးခွန်းကို စတုန်းက ဖြေပါတယ်။
မန်စီးတီးဟာ ဒီရာသီမှာ ရံှူးပွဲတွေ အများအပြား ကြုံတွေ့နေပြီး ချန်ပီယံ လီဗာပူးနောက် ရမှတ် ၂၃ မှတ်တောင် ပြန်ကျန်ခဲ့တာပါ။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ချန်ပီယံအသင်းနဲ့ အမှတ်အပြတ်ဆုံး အမှတ်ပေးဇယား ဒုတိယအသင်းအဖြစ် မှတ်တမ်းဝင်သွားဖို့တောင် နီးစပ်နေတာ ဖြစ်ပါတယ်။
ခံစစ်သမားကပဲ ” ကျနေ်ာတို့ရဲ့ အရည်အချင်းကို ကျနေ်ာတို့ သိပါတယ်။ နောက်ပြီး ကျနေ်ာတို့ရဲ့ အဆင့်အတန်းနဲ့ အဝတ်လဲခန်းက ကိုယ်တိုင်နဲ့ အသင်းဖော်ကြား ဘာလုပ်နိုင်သလဲကိုပေါ့။ သုံးရက်၊ လေးရက် တစ်ကြိမ် ကစားရတိုင်း ကျနေ်ာတို့က အမြင့်ဆုံး အဆင့်အတန်းနဲ့ ကစားလာနိုင်ခဲ့တဲ့ ဒီနှစ်တွေအတွက် အားလုံးက အရမ်း ဂုဏ်ယူကြပါတယ်။
ဒါကိုပဲ နောက်ရာသီထိ ဆက်လက်ပြီး သယ်ဆောင်သွားနိုင် ကျနေ်ာတို့ လုပ်မှာပါ။ ဒီရာသီ ပြီးရင်လည်း ကျနေ်ာတို့ရဲ့ ပုံစံကောင်းတွေကို ထိန်းသိမ်းပြီး ပိုကောင်းလာအောင် လုပ်ပါမယ်။ ခံစစ်ပိုင်းမှာတင် မကပဲ အခြားအသင်းရဲ့ ခံစစ်မှာ ဂိုးသွင်းဖို့ကောပါပဲ။ ဒီရာသီကတော့ ကျနေ်ာတို့အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။
အရင်ရာသီတွေနဲ့ နှိုင်းယှဉ်ရင် ဒီရာသီက စိတ်ပျက်စရာ မကောင်းပါဘူး။ ပြီးခဲ့တဲ့ ရာသီတွေတုန်းက စံချိန်တင် ရလဒ်တွေ၊ နှစ်ကြိမ်ဆက် အမှတ်ပေးဖလားရမှုတွေ ရှိခဲ့ပေမယ့် ဒီရာသီမှာတော့ ထိပ်ဆုံးအဆင့်နဲ့ ခြေချော်ထားခဲ့တယ်။ လာမယ့်ရာသီ ပိုကောင်းတဲ့ အသင်းဖြစ်လာဖို့ ကျနေ်ာတို့ တိုးတက်လာရမှာဖြစ်ပြီး အဲ့အတွက် ကြိုးစားသွားမှာပါ ” လို့ ပြောဆိုသွားပါတယ်။
ZAWGYI – မန်စီးတီးခံစစ်သမား ဂျွန်စတုန်းက ဒီရာသီမှာ သူတို့က ခြေချော်ထားခဲ့ပြီး လာမယ့်ရာသီမှာတော့ ပရီးမီးယားလိဂ် ဆုဖလားကို ပြန်လည် စိန်ခေါ်နိုင်မယ် ယုံကြည်ချက် ရှိတယ်လို့ ထုတ်ပြောလာပါတယ်။
ခံစစ်သမားကပဲ ” ကျနော်တို့ရဲ့ အရည်အချင်းကို ကျနော်တို့ သိပါတယ်။ နောက်ပြီး ကျနော်တို့ရဲ့ အဆင့်အတန်းနဲ့ အဝတ်လဲခန်းက ကိုယ်တိုင်နဲ့ အသင်းဖော်ကြား ဘာလုပ်နိုင်သလဲကိုပေါ့။ သုံးရက်၊ လေးရက် တစ်ကြိမ် ကစားရတိုင်း ကျနော်တို့က အမြင့်ဆုံး အဆင့်အတန်းနဲ့ ကစားလာနိုင်ခဲ့တဲ့ ဒီနှစ်တွေအတွက် အားလုံးက အရမ်း ဂုဏ်ယူကြပါတယ်။