အင်္ဂလန်ရဲ့ အကောင်းဆုံးဖြစ်တဲ့ ယူနိုက်တက်က ဆုဖလားတွေ ဆာလောင်နေကြောင်း ပေါ့ဘာ ပြော

UNICODE – ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာက အသင်းရဲ့ လူငယ်တိုက်စစ်သမားတွေနဲ့ ကွင်းလယ်လူ ဘရူနိုတို့ ခြေစွမ်းပြနေတာကို မြင်ရတာအတွက် ကျေနပ်မိတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ပေါ့ဘာက “ အနောက်ကနေ ကြည့်နေပြီး ကျနော် ပျော်ရွှင်နေတာပါ။ ဘရူနို၊ ရပ်ဖိုဒ့်၊ မာရှယ်၊ ဂရင်းဝုဒ်တို့ ကစားနေတာကိုကြည့်ပြီး ဘုန်းမောက်ကို ၅-၂ နဲ့ အနိုင်ရတဲ့ပွဲမှာ သူတို့ ဂိုးသွင်းတာကို မြင်ရတာကို ပျော်ရွှင်မိတယ်။ သူတို့ ဘောလုံးကစားတာက သိပ်လှပြီး အဲ့တာက ကျနော်ကို ကျေနပ် ပျော်ရွှင်စေပါတယ်။

ခံစစ်ပိုင်းနဲ့ ပက်သက်ပြီး လူတွေက သိပ်မပြောကြပေမယ့် သူတို့ အကောင်းဆုံး လုပ်နိုင်တယ်။ ဖိအားပေးမှုလည်း သူတို့ လုပ်နိုင်တယ်။ ဘောလုံးအကြောင်းကို နားလည်တဲ့ ပရိသတ်တိုင်း ကျနေ်ာတို့ ဘာတွေခြားနားလာသလဲနဲ့ အကောင်းဆုံး ပုံစံတွေရလာတာကို မြင်ကြရပါမယ်။

ဒါက စိတ်ဓါတ်ပိုင်းနဲ့လည်း ဆိုင်ပါတယ်။ တိုက်စစ်ကော ခံစစ်မှာပါ သူတို့က တစ်ချိန်လုံး ကြိးစားနေပြီး ကွင်းလယ်နဲ့ ခံစစ်ပိုင်းကိုပါ ကူညီနေကြတယ်။ ” လို့ ထုတ်ပြောခဲ့တယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာတော့ အဆင့် ၄ ဝင်ခွင့်တင် မကဘဲ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်တို့ကို အနိုင်ရဖို့ ကြိုးစားခွင့် ရှိနေပါတယ်။ ပရီးမီးယားလိဂ်ဖလားကို ၁၃ ကြိမ် အနိုင်ရထားဖူးတဲ့ ယူနိုက်တက်က ဆုဖလားတွေကို စိန်ခေါ်နိုင်မယ်လို့ ပေါ့ဘာက ယုံကြည်နေတယ်။

ပြင်သစ်သားက “ ထိပ်တန်းအသင်းအဖြစ် ပြီးခဲ့တဲ့ ပွဲတွေကို မေ့ထားပြီး လာမယ့် ပွဲကိုပဲ အာရုံစိုက်ရပါမယ်။ ကျနေ်ာတို့ သွင်းဂိုးတွေနဲ့အတူ ဆက်ပြီး တိုးတက်လာရမှာဖြစ်ကာ ကိုယ်ဘာသာ ကျေနပ်နေလို့ မရပါဘူး။ ဂိုးတွေကို ထပ်ထပ်ပြီး သွင်းယူလိုတဲ့ စိတ်ဓါတ်ပိုင်းကို ပိုင်ဆိုင်ထားရမှာ ဖြစ်ပါတယ်။

ဒါက ယူနိုက်တက် လိုအပ်တဲ့ စိတ်ဓါတ်ပိုင်းလည်း ဖြစ်ပါတယ်။ ကျနေ်ာတို့က ပွဲတစ်ပွဲ၊ နှစ်ပွဲ၊ ဆယ်ပွဲလောက် နိုင်တာကို ကျေနပ်နေရမှာ မဟုတ်ဘူး။ ဆုဖလား တစ်လုံးလောက်ကို ကျေနပ်နေရမှာ မဟုတ်ဘူး။ ကျနေ်ာတို့ ပိုလိုချင်တယ်၊ အမြဲတမ်း ဆုဖလားတွေ လိုချင်ပါတယ်။ ဒါကြောင့်လည်း ကျနော်အတွက် ယူနိုက်တက်ဆိုတာ အင်္ဂလန်မှာ အကောင်းဆုံးအသင်း ဖြစ်နေတာပါ ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI – ယူႏုိက္တက္ ကြင္းလယ္လူ ေပါ့ဘာက အသင္းရဲ႕ လူငယ္တိုက္စစ္သမားေတြနဲ႔ ကြင္းလယ္လူ ဘရူႏိုတို႔ ေျခစြမ္းျပေနတာကို ျမင္ရတာအတြက္ ေက်နပ္မိတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ေပါ့ဘာက “ အေနာက္ကေန ၾကည့္ေနျပီး က်ေနာ္ ေပ်ာ္ရႊင္ေနတာပါ။ ဘရူႏို၊ ရပ္ဖိုဒ့္၊ မာရွယ္၊ ဂရင္းဝုဒ္တို႔ ကစားေနတာကိုၾကည့္ျပီး ဘုန္းေမာက္ကို ၅-၂ နဲ႔ အႏုိင္ရတဲ့ပြဲမွာ သူတို႔ ဂိုးသြင္းတာကို ျမင္ရတာကို ေပ်ာ္ရႊင္မိတယ္။ သူတို႔ ေဘာလံုးကစားတာက သိပ္လွျပီး အဲ့တာက က်ေနာ္ကို ေက်နပ္ ေပ်ာ္ရႊင္ေစပါတယ္။

ခံစစ္ပိုင္းနဲ႔ ပက္သက္ျပီး လူေတြက သိပ္မေျပာၾကေပမယ့္ သူတို႔ အေကာင္းဆံုး လုပ္ႏုိင္တယ္။ ဖိအားေပးမႈလည္း သူတို႔ လုပ္ႏုိင္တယ္။ ေဘာလံုးအေၾကာင္းကို နားလည္တဲ့ ပရိသတ္တိုင္း က်ေန္ာတို႔ ဘာေတြျခားနားလာသလဲနဲ႔ အေကာင္းဆံုး ပံုစံေတြရလာတာကို ျမင္ၾကရပါမယ္။

ဒါက စိတ္ဓါတ္ပိုင္းနဲ႔လည္း ဆိုင္ပါတယ္။ တိုက္စစ္ေကာ ခံစစ္မွာပါ သူတို႔က တစ္ခ်ိန္လံုး ၾကိးစားေနျပီး ကြင္းလယ္နဲ႔ ခံစစ္ပိုင္းကိုပါ ကူညီေနၾကတယ္။ ” လို႔ ထုတ္ေျပာခဲ့တယ္။

ယူႏုိက္တက္ဟာ ဒီရာသီမွာေတာ့ အဆင့္ ၄ ဝင္ခြင့္တင္ မကဘဲ အက္ဖ္ေအဖလားနဲ႔ ယူရိုပါလိဂ္တို႔ကို အႏုိင္ရဖို႔ ၾကိဳးစားခြင့္ ရွိေနပါတယ္။ ပရီးမီးယားလိဂ္ဖလားကို ၁၃ ၾကိမ္ အႏုိင္ရထားဖူးတဲ့ ယူႏုိက္တက္က ဆုဖလားေတြကို စိန္ေခၚႏုိင္မယ္လို႔ ေပါ့ဘာက ယံုၾကည္ေနတယ္။

ျပင္သစ္သားက “ ထိပ္တန္းအသင္းအျဖစ္ ျပီးခဲ့တဲ့ ပြဲေတြကို ေမ့ထားျပီး လာမယ့္ ပြဲကိုပဲ အာရံုစိုက္ရပါမယ္။ က်ေန္ာတို႔ သြင္းဂိုးေတြနဲ႔အတူ ဆက္ျပီး တိုးတက္လာရမွာျဖစ္ကာ ကိုယ္ဘာသာ ေက်နပ္ေနလို႔ မရပါဘူး။ ဂိုးေတြကို ထပ္ထပ္ျပီး သြင္းယူလိုတဲ့ စိတ္ဓါတ္ပိုင္းကို ပိုင္ဆိုင္ထားရမွာ ျဖစ္ပါတယ္။

ဒါက ယူႏုိက္တက္ လိုအပ္တဲ့ စိတ္ဓါတ္ပိုင္းလည္း ျဖစ္ပါတယ္။ က်ေန္ာတို႔က ပြဲတစ္ပြဲ၊ ႏွစ္ပြဲ၊ ဆယ္ပြဲေလာက္ ႏုိင္တာကို ေက်နပ္ေနရမွာ မဟုတ္ဘူး။ ဆုဖလား တစ္လံုးေလာက္ကို ေက်နပ္ေနရမွာ မဟုတ္ဘူး။ က်ေန္ာတို႔ ပိုလိုခ်င္တယ္၊ အျမဲတမ္း ဆုဖလားေတြ လိုခ်င္ပါတယ္။ ဒါေၾကာင့္လည္း က်ေနာ္အတြက္ ယူႏုိက္တက္ဆိုတာ အဂၤလန္မွာ အေကာင္းဆံုးအသင္း ျဖစ္ေနတာပါ ” လို႔ ေျပာဆိုသြားပါတယ္။