ဂွမ်းဒေါင်ဇီက အရင်ကတည်းက စိတ်ဓါတ် မကောင်းဘူးလို့ မန်နေဂျာဟောင်း ထုတ်ဖော် ဝေဖန်

UNICODE – အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒေါင်ဇီရဲ့ အသင်းဟောင်းဖြစ်သူ Lorient အသင်း မန်နေဂျာက ပြင်သစ်သားမှာ အဓိက အားနည်းချက်က စိတ်ဓါတ်ပိုင်း ညံ့ဖျင်းမှုဖြစ်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

လက်တလောမှာ အာဆင်နယ်မှာ စိတ်ဓါတ် အားနည်းချက်ကြောင့် ပွဲထွက်ခွင့် ပျောက်ဆုံးနေသလို လေ့ကျင့်ရေးမှာလည်း တစ်ဦးတည်း လေ့ကျင့်နေရတဲ့ ဂွမ်ဒေါင်ဇီက မန်နေဂျာအတွက်ကော အသင်းအတွက်ပါ စိတ်ဓါတ် သိပ်မကောင်းတဲ့ ကစားသမားလို့ Lorient မန်နေဂျာ ကာဆိုနီက ဒဲ့တိုး ပြောဆိုခဲ့တယ်။

ကာဆိုနီက ” ဂွမ်ဒေါင်ဇီရဲ့ ပြဿနာက ရုပ်ပိုင်းဆိုင်ရာ မဟုတ်သလို၊ နည်းစနစ်ပိုင်းမှာလည်း မဟုတ်ပါဘူး။ သူ့ရဲ့ အားနည်းချက်က သူ့ရဲ့ စိတ်ဓါတ် ခံယူချက်ပဲ ဖြစ်ပါတယ်။ မန်နေဂျာအတွက်ကော အသင်းအတွက်ပါ မကောင်းပါဘူး။ သူနဲ့ ကျနော်ကြားမှာ ဆက်ဆံရေးကလည်း သိပ်မကောင်းပါဘူး။

နိုက်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲမှာ သူ့ကို ကျနော် ရွေးခဲ့တယ်။ ဒါပေမယ့် အစောကြီးပဲ အဝါကဒ်ရသွားတယ်။ ဒိုင်လူကြီးက ပထမပိုင်းအပြီးမှာ ဒိုင်လူကြီးက နောက်တစ်ခါလောက် ဂွမ်ဒေါင်ဇီ ပြစ်ဒဏ်ကျူးလွန်ရင်ကို သူ့ကို ထုတ်မယ်လို့ ကျနော်ကို သတိပေးခဲ့တယ်။ ဒီတော့ ဒုတိယပိုင်းမှာ ကျနော်က လူစားလဲခဲ့ရတယ်။

ကျနော်မှာ ရွေးချယ်စရာ မရှိပါဘူး။ သူ့ကို လူစားလဲဖို့ပဲ ရှိပါတယ်။ အဲ့လိုလည်း လုပ်ရော သူက ကျနော်နဲ့ လက်ဆွဲတောင် မနုတ်ဆက်တော့ပါဘူး ” လို့ ကစားသမားလေးက ကိုယ်အမှားကို မြင်နိုင်စွမ်း မရှိကြောင်း ရှင်းပြခဲ့တယ်။

ကာဆိုနီက ဂွမ်ဒေါင်ဇီကို ဝေဖန်ပေမယ့် ပြင်သစ်သားဟာ ထိပ်တန်း ကစားသမား ဖြစ်နိုင်ဆဲလို့ ယုံကြည်ပါတယ်။ တစ်ခါတစ်လေ စကားသိပ်များလွန်းတာကလည်း ကစားသမားရဲ့ အားနည်းချက်ဖြစ်တယ်။

” ဂွမ်ဒေါင်ဇီက သူ့အလုပ်ကို အလေးအနက်ထားလုပ်တယ်။ လေ့ကျင့်ရေးမှာလည်း ပြဿနာမရှိဘူး။ သူ့ရဲ့ အမူအကျင့်က အမြဲတမ်း အနိုင်ရလိုစိတ်ရှိတယ်။ တစ်ခါတစ်လေတော့ သူ စကားပြောတာ ကောင်းတယ်၊ တစ်ခါတစ်လေ သိပ်ဆိုးတယ်။ သူက စကားသိပ်များလွန်းတယ်။

အရည်အချင်းနဲ့ ပက်သက်လာရင် မေးခွန်းထုတ်စရာ မရှိပါဘူး။ သူက ထိပ်တန်းကစားသမား ဖြစ်နိုင်ပါတယ်။ ပြင်ပနိုင်ငံတွေမှာ သူအောင်မြင်နိုင်တယ်လို့ ကျနော်ထင်တယ်။ သူ့ရဲ့ စိတ်ဓါတ် ခံယူချက်ကို ပြောင်းဖို့အပေးမှာ မူတည်ပါလိမ့်မယ် ” လို့ ကာဆိုနီက ထုတ်ပြောသွားပါတယ်။

ZAWGYI – အာဆင္နယ္ကြင္းလယ္လူ ဂြမ္ေဒါင္ဇီရဲ႕ အသင္းေဟာင္းျဖစ္သူ Lorient အသင္း မန္ေနဂ်ာက ျပင္သစ္သားမွာ အဓိက အားနည္းခ်က္က စိတ္ဓါတ္ပိုင္း ညံ့ဖ်င္းမႈျဖစ္တယ္လုိ႔ ထုတ္ေျပာလိုက္ပါတယ္။

လက္တေလာမွာ အာဆင္နယ္မွာ စိတ္ဓါတ္ အားနည္းခ်က္ေၾကာင့္ ပြဲထြက္ခြင့္ ေပ်ာက္ဆံုးေနသလို ေလ့က်င့္ေရးမွာလည္း တစ္ဦးတည္း ေလ့က်င့္ေနရတဲ့ ဂြမ္ေဒါင္ဇီက မန္ေနဂ်ာအတြက္ေကာ အသင္းအတြက္ပါ စိတ္ဓါတ္ သိပ္မေကာင္းတဲ့ ကစားသမားလို႔ Lorient မန္ေနဂ်ာ ကာဆိုနီက ဒဲ့တိုး ေျပာဆိုခဲ့တယ္။

ကာဆိုနီက ” ဂြမ္ေဒါင္ဇီရဲ႕ ျပႆနာက ရုပ္ပိုင္းဆိုင္ရာ မဟုတ္သလို၊ နည္းစနစ္ပိုင္းမွာလည္း မဟုတ္ပါဘူး။ သူ႔ရဲ႕ အားနည္းခ်က္က သူ႔ရဲ႕ စိတ္ဓါတ္ ခံယူခ်က္ပဲ ျဖစ္ပါတယ္။ မန္ေနဂ်ာအတြက္ေကာ အသင္းအတြက္ပါ မေကာင္းပါဘူး။ သူနဲ႔ က်ေနာ္ၾကားမွာ ဆက္ဆံေရးကလည္း သိပ္မေကာင္းပါဘူး။

ႏုိက္နဲ႔ ယွဥ္ျပိဳင္ရမယ့္ ပြဲမွာ သူ႔ကို က်ေနာ္ ေရြးခဲ့တယ္။ ဒါေပမယ့္ အေစာၾကီးပဲ အဝါကဒ္ရသြားတယ္။ ဒိုင္လူၾကီးက ပထမပိုင္းအျပီးမွာ ဒိုင္လူၾကီးက ေနာက္တစ္ခါေလာက္ ဂြမ္ေဒါင္ဇီ ျပစ္ဒဏ္က်ဴးလြန္ရင္ကို သူ႔ကို ထုတ္မယ္လို႔ က်ေနာ္ကို သတိေပးခဲ့တယ္။ ဒီေတာ့ ဒုတိယပိုင္းမွာ က်ေနာ္က လူစားလဲခဲ့ရတယ္။

က်ေနာ္မွာ ေရြးခ်ယ္စရာ မရွိပါဘူး။ သူ႔ကို လူစားလဲဖို႔ပဲ ရွိပါတယ္။ အဲ့လိုလည္း လုပ္ေရာ သူက က်ေနာ္နဲ႔ လက္ဆြဲေတာင္ မႏုတ္ဆက္ေတာ့ပါဘူး ” လို႔ ကစားသမားေလးက ကိုယ္အမွားကို ျမင္ႏုိင္စြမ္း မရွိေၾကာင္း ရွင္းျပခဲ့တယ္။

ကာဆိုနီက ဂြမ္ေဒါင္ဇီကို ေဝဖန္ေပမယ့္ ျပင္သစ္သားဟာ ထိပ္တန္း ကစားသမား ျဖစ္ႏုိင္ဆဲလို႔ ယံုၾကည္ပါတယ္။ တစ္ခါတစ္ေလ စကားသိပ္မ်ားလြန္းတာကလည္း ကစားသမားရဲ႕ အားနည္းခ်က္ျဖစ္တယ္။

” ဂြမ္ေဒါင္ဇီက သူ႔အလုပ္ကို အေလးအနက္ထားလုပ္တယ္။ ေလ့က်င့္ေရးမွာလည္း ျပႆနာမရွိဘူး။ သူ႔ရဲ႕ အမူအက်င့္က အျမဲတမ္း အႏုိင္ရလိုစိတ္ရွိတယ္။ တစ္ခါတစ္ေလေတာ့ သူ စကားေျပာတာ ေကာင္းတယ္၊ တစ္ခါတစ္ေလ သိပ္ဆိုးတယ္။ သူက စကားသိပ္မ်ားလြန္းတယ္။

အရည္အခ်င္းနဲ႔ ပက္သက္လာရင္ ေမးခြန္းထုတ္စရာ မရွိပါဘူး။ သူက ထိပ္တန္းကစားသမား ျဖစ္ႏုိင္ပါတယ္။ ျပင္ပႏုိင္ငံေတြမွာ သူေအာင္ျမင္ႏုိင္တယ္လို႔ က်ေနာ္ထင္တယ္။ သူ႔ရဲ႕ စိတ္ဓါတ္ ခံယူခ်က္ကို ေျပာင္းဖို႔အေပးမွာ မူတည္ပါလိမ့္မယ္ ” လို႔ ကာဆိုနီက ထုတ္ေျပာသြားပါတယ္။