ယူနိုက်တက်ရဲ့ ပင်နယ်တီတွေ ဘယ်သူ့ကို ကန်ခွင့်ပေးမလဲ ဆုံးဖြတ်ထားပြီဖြစ်တဲ့ ဆိုးရှား

UNICODE – ယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ ရပ်ဖိုဒ့်နဲ့ ဘရူနိုတို့မှာ ဘယ်သူက ပင်နယ်တီ ကန်ရမလဲဆိုတဲ့ မေးခွန်းကို မန်နေဂျာဆိုးရှားက အဖြေပေးမှု လုပ်သွားခဲ့ပါတယ်။

ဘုန်းမောက်ကို အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်ဟာ ဒီရာသီအတွက် ၁၇ ကြိမ်မြောက်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ၁၂ ကြိမ်မြောက် ပင်နယ်တီကို ကန်ခွင့် ရခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ ယူနိုက်တက်အတွက် ပင်နယ်တီ သုံးကြိမ် ကန်ခွင့်ရပြီး သုံးကြိမ်လုံး အောင်မြင်ထားတဲ့ ဘရူနိုအစား ရပ်ဖိုဒ့်က ကန်သွင်းခဲ့ပြီး တိုက်စစ်သမားက ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။

စပါးနဲ့ ပွဲတုန်းကတော့ ပထမဆုံး ပင်နယ်တီကို ဘရူနိုက ကန်သွင်းခဲ့ပေမယ့် နောက်တစ်ကြိမ် ပင်နယ်တီအတွက် အဆုံးမဖြတ် ခံချိန်မှာ ရပ်ဖိုဒ့် ဘောလုံးကို မချဘဲ ကိုင်ထားခဲ့တာကြောင့် ပင်နယ်တီရရင် သူကန်မယ်လို့ ဆုံးဖြတ်ထားခဲ့ဟန်ရှိတယ်။ ကွင်းလယ်ဒိုင်က VAR ဆုံးဖြတ်ချက်အရ ငြင်းဆန်ခဲ့တာကြောင့် ပင်နယ်တီ မဖြစ်ခဲ့ပါဘူး။

ကွင်းလယ်လူ ပေါ့ဘာကလည်း ယူနိုက်တက်ရတဲ့ ပင်နယ်တီကို အဆုံးသတ်ဖို့ တာဝန်ယူခဲ့ဖူးတာကြောင့် ဘယ်ကစားသမားက ကလပ်ရဲ့ အမြဲတမ်း ပင်နယ်တီ တာဝန်ယူသူ ဖြစ်လာမလဲလို့ မေးမြန်းခံခဲ့ရတာပါ။

အသင်းသားတွေထဲ ဘယ်သူက ပင်နယ်တီ တာဝန်ယူမလဲကို မန်နေဂျာဆိုးရှားက ” သူတို့တွေ ခွဲဝေပြီး တာဝန်ယူရမှာပါ။ ကွင်းထဲမှာ ဘယ်သူက ယုံကြည်မှုရှိနေတယ်လို့ ခံစားရလဲပေါ် မူတည်ပြီး အဲ့သည် ကစားသမားက ကန်ရမှာဖြစ်ပါတယ်။

စပါးကို ရင်ဆိုင်ရတဲ့ပွဲမှာတုန်းက ဘရူနိုက ပင်နယ်တီကန်ပြီး ဂိုးသွင်းယူခဲ့တယ်။ နောက်တစ်ကြိမ်မှာတော့ မားကက်စ်က ကန်ဖို့ လုပ်ခဲ့ပေမယ့် VAR က ပင်နယ်တီ မပေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် မကန်လိုက်ရဘူး။ သူတို့ နှစ်ဦးလုံးအတွက် ကျနော် ယုံကြည်ချက် ရှိပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။ သူတို့က ကွင်းထဲမှာ ဆုံးဖြတ်ချက် လုပ်ရမှာဖြစ်ပြီး အဲ့လိုလုပ်ဖို့ ခွင့်ပြုပေးထားမှာပါ ” လို့ ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ ကစားသမားေတြျဖစ္တဲ့ ရပ္ဖိုဒ့္နဲ႔ ဘရူႏိုတုိ႔မွာ ဘယ္သူက ပင္နယ္တီ ကန္ရမလဲဆိုတဲ့ ေမးခြန္းကို မန္ေနဂ်ာဆိုးရွားက အေျဖေပးမႈ လုပ္သြားခဲ့ပါတယ္။

ဘုန္းေမာက္ကို အႏုိင္ရတဲ့ပြဲမွာ ယူႏုိက္တက္ဟာ ဒီရာသီအတြက္ ၁၇ ၾကိမ္ေျမာက္နဲ႔ ပရီးမီးယားလိဂ္ျပိဳင္ပြဲအတြက္ ၁၂ ၾကိမ္ေျမာက္ ပင္နယ္တီကို ကန္ခြင့္ ရခဲ့ပါတယ္။ အဆိုပါပြဲမွာေတာ့ ယူႏုိက္တက္အတြက္ ပင္နယ္တီ သံုးၾကိမ္ ကန္ခြင့္ရျပီး သံုးၾကိမ္လံုး ေအာင္ျမင္ထားတဲ့ ဘရူႏိုအစား ရပ္ဖိုဒ့္က ကန္သြင္းခဲ့ျပီး တိုက္စစ္သမားက ဂိုးအျဖစ္ ေျပာင္းလဲႏုိင္ခဲ့တယ္။

စပါးနဲ႔ ပြဲတုန္းကေတာ့ ပထမဆံုး ပင္နယ္တီကို ဘရူႏိုက ကန္သြင္းခဲ့ေပမယ့္ ေနာက္တစ္ၾကိမ္ ပင္နယ္တီအတြက္ အဆံုးမျဖတ္ ခံခ်ိန္မွာ ရပ္ဖိုဒ့္ ေဘာလံုးကို မခ်ဘဲ ကိုင္ထားခဲ့တာေၾကာင့္ ပင္နယ္တီရရင္ သူကန္မယ္လို႔ ဆံုးျဖတ္ထားခဲ့ဟန္ရွိတယ္။ ကြင္းလယ္ဒိုင္က VAR ဆံုးျဖတ္ခ်က္အရ ျငင္းဆန္ခဲ့တာေၾကာင့္ ပင္နယ္တီ မျဖစ္ခဲ့ပါဘူး။

ကြင္းလယ္လူ ေပါ့ဘာကလည္း ယူႏုိက္တက္ရတဲ့ ပင္နယ္တီကို အဆံုးသတ္ဖို႔ တာဝန္ယူခဲ့ဖူးတာေၾကာင့္ ဘယ္ကစားသမားက ကလပ္ရဲ႕ အျမဲတမ္း ပင္နယ္တီ တာဝန္ယူသူ ျဖစ္လာမလဲလို႔ ေမးျမန္းခံခဲ့ရတာပါ။

အသင္းသားေတြထဲ ဘယ္သူက ပင္နယ္တီ တာဝန္ယူမလဲကို မန္ေနဂ်ာဆိုးရွားက ” သူတို႔ေတြ ခြဲေဝျပီး တာဝန္ယူရမွာပါ။ ကြင္းထဲမွာ ဘယ္သူက ယံုၾကည္မႈရွိေနတယ္လုိ႔ ခံစားရလဲေပၚ မူတည္ျပီး အဲ့သည္ ကစားသမားက ကန္ရမွာျဖစ္ပါတယ္။

စပါးကို ရင္ဆိုင္ရတဲ့ပြဲမွာတုန္းက ဘရူႏိုက ပင္နယ္တီကန္ျပီး ဂိုးသြင္းယူခဲ့တယ္။ ေနာက္တစ္ၾကိမ္မွာေတာ့ မားကက္စ္က ကန္ဖို႔ လုပ္ခဲ့ေပမယ့္ VAR က ပင္နယ္တီ မေပးဖို႔ ဆံုးျဖတ္ခဲ့တာေၾကာင့္ မကန္လိုက္ရဘူး။ သူတို႔ ႏွစ္ဦးလံုးအတြက္ က်ေနာ္ ယံုၾကည္ခ်က္ ရွိပါတယ္။ စိုးရိမ္စရာ မရွိပါဘူး။ သူတို႔က ကြင္းထဲမွာ ဆံုးျဖတ္ခ်က္ လုပ္ရမွာျဖစ္ျပီး အဲ့လိုလုပ္ဖို႔ ခြင့္ျပဳေပးထားမွာပါ ” လို႔ ေျပာဆိုထားခဲ့တာ ျဖစ္ပါတယ္။