NEWS: ပရိသတ်တွေ ပြန်ဝင်ခွင့်ပေးနိုင်ဖို့ ပစ်ပိုစ့်စနစ် မိတ်ဆက်သွားမယ့် ပရီးမီးယားလိဂ်

UNICODE – ပရီးမီးယားလိဂ်ကတော့ ကစားကွင်းတွေထဲ ပရိသတ်တွေကို ပြန်ဝင်ခွင့် ပေးဖို့ရာ ဒီဂျီတယ် ကျန်းမာရေး ပစ်ပိုစ့် စနစ်ကို မိတ်ဆက်ပေးဖို့ရာ ယုံကြည်ချက်တွေ မြင့်မားလာနေပြီဖြစ်ပါတယ်။

‘Stage Five’ လို့ ခေါ်တဲ့ ပရီးမီးယားလိဂ်မှာ ပရိသတ်တွေ ပြန်ဝင်ခွင့်ရဖို့အတွက် ဗြိတိန်အာဏာပိုင်တွေဘက်က အားကစားဆိုင်ရာ အကြီးအကဲတွေနဲ့အတူ ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာပါ။ ဇူလိုင်လအကုန် သြဂုတ်လမှာတော့ အဆိုပါ စနစ်ကို စတင် စမ်းသပ်သွားမှာဖြစ်ပါတယ်။

ဒီစနစ်မှာတော့ ပရိသတ် တစ်ဦးချင်းအလိုက် တစ်ကိုယ်ရည် ကျန်းမာရေး ပစ်ပိုစ့်တွေကို စစ်ဆေးချက်တွေ ထုတ်ပြန်သွားမှာဖြစ်တယ်။ ဘောလုံးအပြင် အခြားသော အားကစားနည်းတွေအတွက်လည်း ခွင့်ပြုထားတဲ့ ပရိသတ်တွေနဲ့အတူ ဒီစနစ်ကို စမ်းသပ်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ခြင်းက ၂၀၂၀ ခုနှစ် အကုန်မှ အားကစားပွဲတွေထဲ ပရိသတ်တွေ ပြန်ဝင်ခွင့် ပေးရမယ့် ကိစ္စကို ရှောင်ရှားနိုင်မှာဖြစ်တယ်။ ဒါ့အပြင် လာမယ့်ရာသီ မစခင်မှာပဲ တစ်ရာသီစာ လက်မှတ် ရောင်းထုတ်မှုတွေ ပြုလုပ်ကာ စက်တင်ဘာအကုန် အောက်တိုဘာလထဲမှာ ပရိသတ်တွေ ပြန်ဝင်ခွင့် ပြုနိုင်မှာ ဖြစ်ပါတယ်။

ကွင်းလုံးပြည့် ပရိသတ်တေါ ဝင်ခွင့် ပေးခြင်းထက် အကန့်အသတ်ထားတဲ့ ပရိသတ် ဝင်ခွင့်တွေကိုပဲ ကနဦး လုပ်ခွင့်ပေးဖို့ ကြိုးစားမှာဖြစ်ပြီး အမြင့်ဆုံးအားဖြင့် ၃၀% ဝင်ခွင့်ပေးဖို့ ရည်ရွယ်ပါတယ်။ အဓိက စဉ်းစားရမှာက တစ်နိုင်ငံလုံးက ပရိသတ်တွေ လာရောက်ကာ ကွင်းပြင်မှာ တွေ့ဆုံ ထိတွေ့ကြမယ့် ကိစ္စဖြစ်ပြီး၊ ကွင်းထဲမှာ အော်ဟစ် သီဆိုမှုတွေ လုပ်ကြမယ့် ကိစ္စလည်း ပါဝင်တယ်။

တာဝန်ရှိသူတွေကတော့ ကွင်းထဲဝင်ရမယ့် ပရိသတ်တိုင်းကို မက်စ်တွေ တပ်ခိုင်းဖို့တော့ အကြံရှိပါတယ်။ ပရီးမီးယားလိဂ်ကလပ် လီဗာပူးကဆိုရင် တစ်ကွင်းလုံးမှာ ပရိသတ်တွေ မက်စ် တပ်မတပ်၊ လူစုလူဝေး လုပ်မလုပ်ကို ဂျာမနီအခြေစိုက် နည်းပညာကုမ္ပဏီရဲ့ AI စနစ်ကို အသုံးပြုဖို့ စကားပြောမှု လုပ်ဖို့ပါ ရှိနေပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကေတာ့ ကစားကြင္းေတြထဲ ပရိသတ္ေတြကို ျပန္ဝင္ခြင့္ ေပးဖို႔ရာ ဒီဂ်ီတယ္ က်န္းမာေရး ပစ္ပိုစ့္ စနစ္ကို မိတ္ဆက္ေပးဖို႔ရာ ယံုၾကည္ခ်က္ေတြ ျမင့္မားလာေနျပီျဖစ္ပါတယ္။

‘Stage Five’ လို႔ ေခၚတဲ့ ပရီးမီးယားလိဂ္မွာ ပရိသတ္ေတြ ျပန္ဝင္ခြင့္ရဖို႔အတြက္ ျဗိတိန္အာဏာပိုင္ေတြဘက္က အားကစားဆုိင္ရာ အၾကီးအကဲေတြနဲ႔အတူ ဝန္ၾကီးဌာန တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတာပါ။ ဇူလိုင္လအကုန္ ၾသဂုတ္လမွာေတာ့ အဆိုပါ စနစ္ကို စတင္ စမ္းသပ္သြားမွာျဖစ္ပါတယ္။

ဒီစနစ္မွာေတာ့ ပရိသတ္ တစ္ဦးခ်င္းအလိုက္ တစ္ကိုယ္ရည္ က်န္းမာေရး ပစ္ပိုစ့္ေတြကို စစ္ေဆးခ်က္ေတြ ထုတ္ျပန္သြားမွာျဖစ္တယ္။ ေဘာလံုးအျပင္ အျခားေသာ အားကစားနည္းေတြအတြက္လည္း ခြင့္ျပဳထားတဲ့ ပရိသတ္ေတြနဲ႔အတူ ဒီစနစ္ကို စမ္းသပ္မႈေတြ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

ဒီလို လုပ္ေဆာင္ျခင္းက ၂၀၂၀ ခုႏွစ္ အကုန္မွ အားကစားပြဲေတြထဲ ပရိသတ္ေတြ ျပန္ဝင္ခြင့္ ေပးရမယ့္ ကိစၥကို ေရွာင္ရွားႏုိင္မွာျဖစ္တယ္။ ဒါ့အျပင္ လာမယ့္ရာသီ မစခင္မွာပဲ တစ္ရာသီစာ လက္မွတ္ ေရာင္းထုတ္မႈေတြ ျပဳလုပ္ကာ စက္တင္ဘာအကုန္ ေအာက္တိုဘာလထဲမွာ ပရိသတ္ေတြ ျပန္ဝင္ခြင့္ ျပဳႏုိင္မွာ ျဖစ္ပါတယ္။

ကြင္းလံုးျပည့္ ပရိသတ္ေတါ ဝင္ခြင့္ ေပးျခင္းထက္ အကန္႔အသတ္ထားတဲ့ ပရိသတ္ ဝင္ခြင့္ေတြကိုပဲ ကနဦး လုပ္ခြင့္ေပးဖို႔ ၾကိဳးစားမွာျဖစ္ျပီး အျမင့္ဆံုးအားျဖင့္ ၃၀% ဝင္ခြင့္ေပးဖို႔ ရည္ရြယ္ပါတယ္။ အဓိက စဥ္းစားရမွာက တစ္ႏုိင္ငံလံုးက ပရိသတ္ေတြ လာေရာက္ကာ ကြင္းျပင္မွာ ေတြ႔ဆံု ထိေတြ႔ၾကမယ့္ ကိစၥျဖစ္ျပီး၊ ကြင္းထဲမွာ ေအာ္ဟစ္ သီဆိုမႈေတြ လုပ္ၾကမယ့္ ကိစၥလည္း ပါဝင္တယ္။

တာဝန္ရွိသူေတြကေတာ့ ကြင္းထဲဝင္ရမယ့္ ပရိသတ္တိုင္းကို မက္စ္ေတြ တပ္ခိုင္းဖို႔ေတာ့ အၾကံရွိပါတယ္။ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးကဆိုရင္ တစ္ကြင္းလံုးမွာ ပရိသတ္ေတြ မက္စ္ တပ္မတပ္၊ လူစုလူေဝး လုပ္မလုပ္ကို ဂ်ာမနီအေျခစိုက္ နည္းပညာကုမၸဏီရဲ႕ AI စနစ္ကို အသံုးျပဳဖို႔ စကားေျပာမႈ လုပ္ဖို႔ပါ ရွိေနပါတယ္။