NEWS: ချယ်ဆီးထံ ပြောင်းခွင့်ရဖို့ အချက်ပြမှုကို စတင်လိုက်ပြီဖြစ်တဲ့ ကိုင်းဟာဗက်

UNICODE – တိုက်စစ်သမား ကိုင်းဟာဗက်က ဒီနွေမှာ အသင်းပြောင်းလိုကြောင်း လေဗာကူဆင်ကို ထုတ်ပြောထားခဲ့ပြီး ဂျာမနီသားဟာ ချယ်ဆီးကို ရောက်ဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်လာပြီလို့ တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

ဟာဗက်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ကလည်း စိတ်ဝင်စားနေပေမယ့် ချယ်ဆီးက အသာစီးရနေတာဖြစ်တယ်။ လက်တလောမှာ ဟာဗက်ကို ခေါ်ယူဖို့ ချယ်ဆီး၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ် သုံးသင်းရှိပြီး ချယ်ဆီးအသင်းက ရေပန်းအစားဆုံး အသင်းလည်း ဖြစ်ပါတယ်။

လေဗာကူဆင်က ဟာဗက်ကို ပေါင် သန်း ၉၀ ဖြင့် ရောင်းမယ်လို့ ဈေးခေါ်ထားပေမယ့် ချယ်ဆီးဘက်က ပေါင် သန်း ၇၀ ဖြင့် ကမ်းလှမ်းနိုင်ဖို့ ရှိနေပါတယ်။ ကစားသမားကိုယ်တိုင်က ချယ်ဆီးကို ပြောင်းလိုစိတ် အားသန်နေခြင်းကြောင့် လာမယ့်ရာသီ လန်ဒန်အသင်းရဲ့ တိုက်စစ်က စိတ်လှုပ်ရှားစရာတွေ ဖြစ်လာဖို့ ရှိနေတယ်။

ပဲလေစ့်ကို ၃-၂ နဲ့ အနိုင်ရထားတဲ့ ချယ်ဆီးဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နေရာကောင်းမှာလည်း ရှိနေပါတယ်။ လာမယ့်ရာသီ ဥရောပဝင်ခွင့်ဟာ ချယ်ဆီးကို ပေါင် သန်း ၅၀ လောက် ဝင်ငွေပိုင်း အကျိုးအမြတ် ရစေမှာဖြစ်လို့ လက်ကျန် ရာသီမှာ အမှတ်ပေးဇယား ထိပ်ဆုံးအဆင့်ကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားရမှာပါ။

ချယ်ဆီးဟာ တီမိုဗာနဲ့ ဇီယက်တို့ကို ခေါ်ယူထားတာဖြစ်ပြီး ဟာဗက်အပြင် ချီးဝဲလ်နဲ့လည်း သတင်းထွက်နေပါတယ်။ သို့ပေမယ့် ဒီရက်တွေမှာ ချီးဝဲလ်ကို ကမ်းလှမ်းဖို့ကို ရပ်တန့်ထားခြင်းက ဟာဗက်ကို ခေါ်ယူဖို့ကို ပိုမို အလေးပေးဖို့ ဆုံးဖြတ်ထားခြင်းလို့ ယူဆရတယ်။

လမ်းပတ်ဟာ ချယ်ဆီးအတွက် ဗဟိုခံစစ်မှူးနဲ့ ဂိုးသမားနေရာတွေအတွက်လည်း အင်အားဖြည့်ပေးဖို့ ရည်ရွယ်ချက် ရှိနေပါတယ်။ ဒါပေမယ့် အဆိုပါ နေရာတွေအတွက် ရှိရင်းစွဲ ကစားသမားတွေကို ရောင်းထုတ်ပြီး အသုံးစရိတ် ရှာမှုကနေ အားဖြည့်ဖွယ် ရှိပါတယ်။

ZAWGYI – တိုက္စစ္သမား ကိုင္းဟာဗက္က ဒီေႏြမွာ အသင္းေျပာင္းလိုေၾကာင္း ေလဗာကူဆင္ကို ထုတ္ေျပာထားခဲ့ျပီး ဂ်ာမနီသားဟာ ခ်ယ္ဆီးကို ေရာက္ဖို႔ အေျခအေနေကာင္းကို ပိုင္ဆိုင္လာျပီလို႔ တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။

ဟာဗက္ကို ေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္ကလည္း စိတ္ဝင္စားေနေပမယ့္ ခ်ယ္ဆီးက အသာစီးရေနတာျဖစ္တယ္။ လက္တေလာမွာ ဟာဗက္ကို ေခၚယူဖို႔ ခ်ယ္ဆီး၊ ဘိုင္ယန္ျမဴးနစ္နဲ႔ ရီးရဲလ္မက္ဒရစ္ သံုးသင္းရွိျပီး ခ်ယ္ဆီးအသင္းက ေရပန္းအစားဆံုး အသင္းလည္း ျဖစ္ပါတယ္။

ေလဗာကူဆင္က ဟာဗက္ကို ေပါင္ သန္း ၉၀ ျဖင့္ ေရာင္းမယ္လို႔ ေစ်းေခၚထားေပမယ့္ ခ်ယ္ဆီးဘက္က ေပါင္ သန္း ၇၀ ျဖင့္ ကမ္းလွမ္းႏိုင္ဖို႔ ရွိေနပါတယ္။ ကစားသမားကိုယ္တိုင္က ခ်ယ္ဆီးကို ေျပာင္းလိုစိတ္ အားသန္ေနျခင္းေၾကာင့္ လာမယ့္ရာသီ လန္ဒန္အသင္းရဲ႕ တိုက္စစ္က စိတ္လႈပ္ရွားစရာေတြ ျဖစ္လာဖို႔ ရွိေနတယ္။

ပဲေလစ့္ကို ၃-၂ နဲ႔ အႏုိင္ရထားတဲ့ ခ်ယ္ဆီးဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေနရာေကာင္းမွာလည္း ရွိေနပါတယ္။ လာမယ့္ရာသီ ဥေရာပဝင္ခြင့္ဟာ ခ်ယ္ဆီးကို ေပါင္ သန္း ၅၀ ေလာက္ ဝင္ေငြပိုင္း အက်ိဳးအျမတ္ ရေစမွာျဖစ္လို႔ လက္က်န္ ရာသီမွာ အမွတ္ေပးဇယား ထိပ္ဆံုးအဆင့္ကို ဆက္ထိန္းႏုိင္ဖို႔ ၾကိဳးစားရမွာပါ။

ခ်ယ္ဆီးဟာ တီမိုဗာနဲ႔ ဇီယက္တို႔ကို ေခၚယူထားတာျဖစ္ျပီး ဟာဗက္အျပင္ ခ်ီးဝဲလ္နဲ႔လည္း သတင္းထြက္ေနပါတယ္။ သို႔ေပမယ့္ ဒီရက္ေတြမွာ ခ်ီးဝဲလ္ကို ကမ္းလွမ္းဖို႔ကို ရပ္တန္႔ထားျခင္းက ဟာဗက္ကို ေခၚယူဖို႔ကို ပိုမို အေလးေပးဖို႔ ဆံုးျဖတ္ထားျခင္းလို႔ ယူဆရတယ္။

လမး္ပတ္ဟာ ခ်ယ္ဆီးအတြက္ ဗဟိုခံစစ္မွဴးနဲ႔ ဂိုးသမားေနရာေတြအတြက္လည္း အင္အားျဖည့္ေပးဖို႔ ရည္ရြယ္ခ်က္ ရွိေနပါတယ္။ ဒါေပမယ့္ အဆိုပါ ေနရာေတြအတြက္ ရွိရင္းစြဲ ကစားသမားေတြကို ေရာင္းထုတ္ျပီး အသံုးစရိတ္ ရွာမႈကေန အားျဖည့္ဖြယ္ ရွိပါတယ္။