NEWS: အန်ဖီးကွင်းထဲ ပရိသတ်ဝင်မှုကို စစ်ဆေးဖို့ နည်းပညာကုမ္ပဏီနဲ့ ချိတ်ဆက်နေတဲ့ လီဗာပူး

UNICODE – လီဗာပူးအသင်းဟာ လာမယ့်ရာသီ အန်ဖီးကွင်းထဲ ပရိသတ် တစ်စိတ်တစ်ပိုင်း ဝင်ရောက်ခွင့်တွေ ပေးတဲ့အခါ ပရိသတ်တွေကို စုံးစမ်းမှုလုပ်ဖို့ ဂျာမာန် နည်းပညာကုမ္ပဏီနဲ့ စကားပြောမယ်လို့ The Athletic က ဖော်ပြပါတယ်။

ဘာလင်အခြေစိုက် G2K နည်းပညာကုမ္ပဏီရဲ့ လူဖန်တီးထားတဲ့ ဉာဏ်ရည်တုစနစ် (AI) ကို အသုံးပြုဖို့ဖြစ်ပြီး ဒီစနစ်က ကွင်းထဲကို ဝင်ရောက်လာမယ့် ပရိသတ်တွေရဲ့ အပူချိန်၊ မက်စ်တပ်ထားခြင်း ရှိမရှိကို ကွန်ပြူတာစနစ်နဲ့ စစ်ဆေးပေးမယ့် ဆော့ဝဲလ်လည်းဖြစ်တယ်။ ဒီစနစ်ဟာ သက်မှတ်ထားတဲ့ အကွာအဝေးမှာ ပရိသတ်တွေ ရှိနေမလားဆိုတာကိုပါ စစ်ဆေးပေးပါလိမ့်မယ်။

G2K ရဲ့ နည်းပညာကို ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်နဲ့ ဟာသာဘာလင် အသင်းတွေမှာ စမ်းသပ်မှုတွေ ပြုလုပ် အောင်မြင်ထားတာကြောင့် လာမယ့် ရာသီမှာ ဒီစနစ်ကို ကျင့်သုံးဖို့ ပြင်ဆင်ထားပြီဖြစ်တယ်။ ဒါ့အပြင် လာလီဂါကလည်း လိဂ်ကို စပွန်ဆာပေးထားတဲ့ Microsoft ရဲ့ အကြံပြုချက်အရ ရီးရဲလ်ဆိုစီဒက်ကွင်းမှာ ဒီစနစ်ကို စမ်းသပ်ထားတယ်လို့ သိရပါတယ်။

G2K နဲ့ ပူးပေါင်းပြီး စစ်ဆေးမှုလုပ်ဖို့ကို လီဗာပူးအသင်းထံ ကလော့ပ်က ပုဂ္ဂိုလ်ရေးအရ တောင်းဆိုထားတာဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပတ်က ဒေါ့မွန်က နည်းပညာကုမ္ပဏီနဲ့ ညိနှိုင်းလုပ်ဆောင်ထားခဲ့ပြီး ဒီအပတ်မှာတော့ လီဗာပူးက G2K နဲ့ စကားပြောပါလိမ့်မယ်။

ဒီစနစ်ကို အသုံးပြုဖို့ရာ ပရီးမီးယားလိဂ်နဲ့ အာဏာပိုင် အစိုးရတွေရဲ့ ခွင့်ပြုမှုတော့ လိုအပ်မှာဖြစ်တယ်။ လက်တလောအရ ဒေါ့မွန်ရဲ့ ပရိသတ် ၈၁၃၆၅ ဆံ့ အိမ်ကွင်းမှ ပရိသတ် ၃၀% ဝင်ခွင့်ပေးရာမှာ စစ်ဆေးမှုတွေလုပ်ဖို့ G2K ရဲ့ စနစ်က အောင်မြင်ထားပါတယ်။ အဆိုပါ စနစ်က ဘောလုံး အားကစားတင် မဟုတ်ဘဲ ရှော့ပင်မော၊ ဆေးရုံနဲ့ အခြားသော လူစုလူဝေး နေရာတွေမှာ သုံးလို့ ရပါတယ်။

ဒီစနစ်ကို သုံးဖို့ဆိုရင် အပူချိန်ဖတ်နိုင်တဲ့ ကင်မရာအပြင် အခြားသော နည်းပညာ အကူအညီ ပစ္စည်းတွေ လိုအပ်မှာဖြစ်တယ်။ အသုံးပြုခကတော့ နှစ်ပတ် တစ်ကြိမ် ကစားရမယ့် အိမ်ကွင်းပွဲတိုင်းအတွက် တစ်ပွဲကို ယူရို ၁ သိန်း ကျသင့်ပါမယ်။

လူပေါင်း သောင်းနဲ့ချီတဲ့ ကွင်းထဲမှာ ဘယ်သူက အပူချိန် မြင့်တက်နေသလဲ၊ ဘယ်သူက မက်စ် မတပ်ထားဘူးလဲ ဆိုတာတွေကို တိကျတဲ့ ဒေတာတွေကို ပေးနိုင်သလို ဘယ်နေရာမှာ ပရိသတ်တွေ စုဝေးနေသလဲဆိုတာကိုပါ တွက်ချက်ပေးနိုင်လိမ့်မယ်။ တွေ့ရှိမှုတွေကို အချက်ပေးသံ ထုတ်ပေးတာဖြစ်ဖြစ် ကွင်းထဲ ပိတ်ကားပေါ်မှာ ပြသတာဖြစ်ဖြစ် သတိပေးချက်တွေကို အော်တိုထွက်ဖို့လည်း အလုပ်လုပ်နိုင်ပါတယ်။

ZAWGYI – လီဗာပူးအသင္းဟာ လာမယ့္ရာသီ အန္ဖီးကြင္းထဲ ပရိသတ္ တစ္စိတ္တစ္ပိုင္း ဝင္ေရာက္ခြင့္ေတြ ေပးတဲ့အခါ ပရိသတ္ေတြကို စံုးစမ္းမႈလုပ္ဖို႔ ဂ်ာမာန္ နည္းပညာကုမၸဏီနဲ႔ စကားေျပာမယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

ဘာလင္အေျခစိုက္ G2K နည္းပညာကုမၸဏီရဲ႕ လူဖန္တီးထားတဲ့ ဥာဏ္ရည္တုစနစ္ (AI) ကို အသံုးျပဳဖို႔ျဖစ္ျပီး ဒီစနစ္က ကြင္းထဲကို ဝင္ေရာက္လာမယ့္ ပရိသတ္ေတြရဲ႕ အပူခ်ိန္၊ မက္စ္တပ္ထားျခင္း ရွိမရွိကို ကြန္ျပဴတာစနစ္နဲ႔ စစ္ေဆးေပးမယ့္ ေဆာ့ဝဲလ္လည္းျဖစ္တယ္။ ဒီစနစ္ဟာ သက္မွတ္ထားတဲ့ အကြာအေဝးမွာ ပရိသတ္ေတြ ရွိေနမလားဆိုတာကိုပါ စစ္ေဆးေပးပါလိမ့္မယ္။

G2K ရဲ႕ နည္းပညာကို ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္နဲ႔ ဟာသာဘာလင္ အသင္းေတြမွာ စမ္းသပ္မႈေတြ ျပဳလုပ္ ေအာင္ျမင္ထားတာေၾကာင့္ လာမယ့္ ရာသီမွာ ဒီစနစ္ကို က်င့္သံုးဖို႔ ျပင္ဆင္ထားျပီျဖစ္တယ္။ ဒါ့အျပင္ လာလီဂါကလည္း လိဂ္ကို စပြန္ဆာေပးထားတဲ့ Microsoft ရဲ႕ အၾကံျပဳခ်က္အရ ရီးရဲလ္ဆိုစီဒက္ကြင္းမွာ ဒီစနစ္ကို စမ္းသပ္ထားတယ္လို႔ သိရပါတယ္။

G2K နဲ႔ ပူးေပါင္းျပီး စစ္ေဆးမႈလုပ္ဖို႔ကို လီဗာပူးအသင္းထံ ကေလာ့ပ္က ပုဂၢိဳလ္ေရးအရ ေတာင္းဆိုထားတာျဖစ္တယ္။ လြန္ခဲ့တဲ့ ႏွစ္ပတ္က ေဒါ့မြန္က နည္းပညာကုမၸဏီနဲ႔ ညိႏိႈင္းလုပ္ေဆာင္ထားခဲ့ျပီး ဒီအပတ္မွာေတာ့ လီဗာပူးက G2K နဲ႔ စကားေျပာပါလိမ့္မယ္။

ဒီစနစ္ကို အသံုးျပဳဖို႔ရာ ပရီးမီးယားလိဂ္နဲ႔ အာဏာပိုင္ အစိုးရေတြရဲ႕ ခြင့္ျပဳမႈေတာ့ လိုအပ္မွာျဖစ္တယ္။ လက္တေလာအရ ေဒါ့မြန္ရဲ႕ ပရိသတ္ ၈၁၃၆၅ ဆံ့ အိမ္ကြင္းမွ ပရိသတ္ ၃၀% ဝင္ခြင့္ေပးရာမွာ စစ္ေဆးမႈေတြလုပ္ဖို႔ G2K ရဲ႕ စနစ္က ေအာင္ျမင္ထားပါတယ္။ အဆိုပါ စနစ္က ေဘာလံုး အားကစားတင္ မဟုတ္ဘဲ ေရွာ့ပင္ေမာ၊ ေဆးရံုနဲ႔ အျခားေသာ လူစုလူေဝး ေနရာေတြမွာ သံုးလို႔ ရပါတယ္။

ဒီစနစ္ကို သံုးဖို႔ဆိုရင္ အပူခ်ိန္္ဖတ္ႏုိင္တဲ့ ကင္မရာအျပင္ အျခားေသာ နည္းပညာ အကူအညီ ပစၥည္းေတြ လိုအပ္မွာျဖစ္တယ္။ အသံုးျပဳခကေတာ့ ႏွစ္ပတ္ တစ္ၾကိမ္ ကစားရမယ့္ အိမ္ကြင္းပြဲတိုင္းအတြက္ တစ္ပြဲကို ယူရို ၁ သိန္း က်သင့္ပါမယ္။

လူေပါင္း ေသာင္းနဲ႔ခ်ီတဲ့ ကြင္းထဲမွာ ဘယ္သူက အပူခ်ိန္ ျမင့္တက္ေနသလဲ၊ ဘယ္သူက မက္စ္ မတပ္ထားဘူးလဲ ဆိုတာေတြကို တိက်တဲ့ ေဒတာေတြကို ေပးႏုိင္သလို ဘယ္ေနရာမွာ ပရိသတ္ေတြ စုေဝးေနသလဲဆိုတာကိုပါ တြက္ခ်က္ေပးႏုိင္လိမ့္မယ္။ ေတြ႔ရွိမႈေတြကို အခ်က္ေပးသံ ထုတ္ေပးတာျဖစ္ျဖစ္ ကြင္းထဲ ပိတ္ကားေပၚမွာ ျပသတာျဖစ္ျဖစ္ သတိေပးခ်က္ေတြကို ေအာ္တိုထြက္ဖို႔လည္း အလုပ္လုပ္ႏုိင္ပါတယ္။