ပေါင် သန်း ၅၀ တန် ကစားသမားကို နွေမှာ လက်လွှတ်မယ့်သဘော ပြောဆိုလာတဲ့ ဂွာဒီယိုလာ

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာက လက်ရှိ ဘောလုံးရာသီ ပြီးဆုံးရင် စီးတီး ဗဟိုခံစစ်မှူး ဂျွန်စတုန်း အသင်းကနေ ထွက်ခွာသွားဖွယ် ရှိကြောင်း ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။ ဂွာဒီယိုလာက အင်္ဂလန်သားနဲ့ အနာဂတ် ကိစ္စများ ဆွေးနွေး ပြောဆို ရဖို့လည်း ရှိနေပါတယ်။

၂၀၁၆ နွေမှာ ပေါင် သန်း ၅၀ ပြောင်းရွှေ့ကြေးနဲ့ မန်စီးတီးထံ ရောက်လာခဲ့တဲ့ စတုန်းဟာ ဒဏ်ရာတွေကြောင့် ခက်ခဲတဲ့ ကာလ ကြုံတွေ့နေရပြီး အသက် ၂၆ နှစ် အရွယ် ကစားသမားရဲ့ ယုံကြည်မှုပိုင်းလည်း ထိခိုက်လာခဲ့ပါတယ်။ ဘောလုံးပွဲတွေ ပြန်စချိန်မှာလည်း စတုန်းက ပြန် ပါဝင် မကစားရသေးဘဲ ရှိနေပြီး ဇွန်လ လယ်လောက်မှာ ဒဏ်ရာထပ်မံ ရသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းကတော့ ဂွာဒီယိုလာက သူ အသင်းမှာ ရှိနေသမျှ စတုန်းလည်း ရှိနေမယ်လို့ ဆိုခဲ့ဖူးပြီး အခုနေ မှန်နေသေးလား ထပ်မံ မေးခွန်းထုတ်ခံခဲ့ရာမှာတော့ မရေရာတော့ကြောင်း ဝန်ခံလာခဲ့ပါတယ်။

” အပြောင်းအရွှေ့ ဈေးကွက်မှာက ကိစ္စလေးတွေ ပြသနာလေးတွေ ရှိနေတယ် ကျနော်တို့ ဒီရာသီ အကုန်မှာမှ စကားပြောဖြစ်မှာပါ။ ဒါပမေယ့် ကျနော် အရင်ကလည်း အကြိမ်များစွာ ပြောခဲ့ဖူးသလိုပဲ။ ကျနော်က ဂျွန် (စတုန်း)နဲ့ အတူရှိရတာ သိပ် ဝမ်းမြောက် ကျေနပ်မိပါတယ်။ လူပုဂ္ဂိုလ် အနေနဲ့ရော ပရို ကစားသမား တစ်ယောက် အနေနဲ့ပါ အားလုံး သဘောကျတာပါ။

ကျနော် လိုချင်တာကတော့ သူ့အတွက် အကောင်းဆုံး ဖြစ်ဖို့ပါ။ ဘောလုံးရာသီ ပြီးသွားမှာ ဘာဖြစ်မလဲ သေချာ ဆွေးနွေး ပြောဆိုဖို့ ရှိပါတယ်။ တခါတလေ ကျနော့် ဆန္ဒက ကစားသမားတွေနဲ့ ဒါမှမဟုတ် အသင်း အနေအထားနဲ့ ထပ်တူ မကျနိုင်ပါဘူး။ အဲဒီလို အနေအထားမှာဆို သိရှိပေမယ့် အပြောင်းအလဲ လုပ်ရမယ် စကားတွေ ပြောရမှာပါပဲ။ သူက ငယ်ရွယ်သေးတဲ့ ကစားသမားပါ။ ကျနေ်ာတို့က သူ့ကို စွမ်းဆောင်ရည်ပိုင်း တည်ငြိမ်စေချင်တယ် လေ့ကျင့်ပြီး ပြန်ကောင်းလာစေချင်ပါတယ်။ ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

မန်စီးတီး ပွဲထွက်စာရင်းမှာတော့ စတုန်းက အသက် ၁၉ နှစ်အရွယ် စပိန်သား လူငယေ်လး အဲရစ် ဂါစီယာနောက် ရောက်လာပြီး ဒီတပတ် နယူးကာဆယ်နဲ့ ပွဲမှာတော့ စတုန်း ပြန် ပါဝင်လာဖွယ် ရှိနေပါတယ်။ လာပေါ်တေးနဲ့ ဂါစီယာတို့ဟာ ဘောလုံးပွဲတွေ ပြန်စတင်တည်းက မန်စီးတီး ဗဟိုခံစစ်မှာ တွဲဖက် အစွမ်းပြနေခဲ့တာ ဖြစ်ပါတယ်။

Zawgyi – မန္စီးတီး နည္းျပ ပက္ ဂြာဒီယိုလာက လက္ရွိ ေဘာလံုးရာသီ ျပီးဆံုးရင္ စီးတီး ဗဟိုခံစစ္မွဴး ဂၽြန္စတုန္း အသင္းကေန ထြက္ခြာသြားဖြယ္ ရွိေၾကာင္း ထုတ္ေဖာ္ ၀န္ခံလိုက္ပါတယ္။ ဂြာဒီယိုလာက အဂၤလန္သားနဲ႕ အနာဂတ္ ကိစၥမ်ား ေဆြးေႏြး ေျပာဆို ရဖို႔လည္း ရွိေနပါတယ္။

၂၀၁၆ ေႏြမွာ ေပါင္ သန္း ၅၀ ေျပာင္းေရႊ႕ေၾကးနဲ႕ မန္စီးတီးထံ ေရာက္လာခဲ့တဲ့ စတုန္းဟာ ဒဏ္ရာေတြေၾကာင့္ ခက္ခဲတဲ့ ကာလ ၾကံဳေတြ႕ေနရျပီး အသက္ ၂၆ နွစ္ အရြယ္ ကစားသမားရဲ႕ ယံုၾကည္မႈပိုင္းလည္း ထိခိုက္လာခဲ့ပါတယ္။ ေဘာလံုးပြဲေတြ ျပန္စခ်ိန္မွာလည္း စတုန္းက ျပန္ ပါ၀င္ မကစားရေသးဘဲ ရွိေနျပီး ဇြန္လ လယ္ေလာက္မွာ ဒဏ္ရာထပ္မံ ရသြားခဲ့ပါတယ္။

လြန္ခဲ့တဲ့ နွစ္နွစ္ေလာက္တုန္းကေတာ့ ဂြာဒီယိုလာက သူ အသင္းမွာ ရွိေနသမွ် စတုန္းလည္း ရွိေနမယ္လို႔ ဆိုခဲ့ဖူးျပီး အခုေန မွန္ေနေသးလား ထပ္မံ ေမးခြန္းထုတ္ခံခဲ့ရာမွာေတာ့ မေရရာေတာ့ေၾကာင္း ၀န္ခံလာခဲ့ပါတယ္။

” အေျပာင္းအေရႊ႕ ေစ်းကြက္မွာက ကိစၥေလးေတြ ျပသနာေလးေတြ ရွိေနတယ္ က်ေနာ္တို႔ ဒီရာသီ အကုန္မွာမွ စကားေျပာျဖစ္မွာပါ။ ဒါပေမယ့္ က်ေနာ္ အရင္ကလည္း အၾကိမ္မ်ားစြာ ေျပာခဲ့ဖူးသလိုပဲ။ က်ေနာ္က ဂၽြန္ (စတုန္း)နဲ႕ အတူရွိရတာ သိပ္ ၀မ္းေျမာက္ ေက်နပ္မိပါတယ္။ လူပုဂၢိဳလ္ အေနနဲ႕ေရာ ပရို ကစားသမား တစ္ေယာက္ အေနနဲ႕ပါ အားလံုး သေဘာက်တာပါ။

က်ေနာ္ လိုခ်င္တာကေတာ့ သူ႔အတြက္ အေကာင္းဆံုး ျဖစ္ဖို႔ပါ။ ေဘာလံုးရာသီ ျပီးသြားမွာ ဘာျဖစ္မလဲ ေသခ်ာ ေဆြးေႏြး ေျပာဆိုဖို႔ ရွိပါတယ္။ တခါတေလ က်ေနာ့္ ဆႏၵက ကစားသမားေတြနဲ႕ ဒါမွမဟုတ္ အသင္း အေနအထားနဲ႕ ထပ္တူ မက်နိုင္ပါဘူး။

အဲဒီလို အေနအထားမွာဆို သိရွိေပမယ့္ အေျပာင္းအလဲ လုပ္ရမယ္ စကားေတြ ေျပာရမွာပါပဲ။ သူက ငယ္ရြယ္ေသးတဲ့ ကစားသမားပါ။ က်ေန္ာတို႔က သူ႔ကို စြမ္းေဆာင္ရည္ပိုင္း တည္ျငိမ္ေစခ်င္တယ္ ေလ့က်င့္ျပီး ျပန္ေကာင္းလာေစခ်င္ပါတယ္။ ” လို႔ ဂြာဒီယိုလာက ေျပာဆိုခဲ့ပါတယ္။

မန္စီးတီး ပြဲထြက္စာရင္းမွာေတာ့ စတုန္းက အသက္ ၁၉ နွစ္အရြယ္ စပိန္သား လူငယေ္လး အဲရစ္ ဂါစီယာေနာက္ ေရာက္လာျပီး ဒီတပတ္ နယူးကာဆယ္နဲ႕ ပြဲမွာေတာ့ စတုန္း ျပန္ ပါ၀င္လာဖြယ္ ရွိေနပါတယ္။ လာေပၚေတးနဲ႕ ဂါစီယာတို႔ဟာ ေဘာလံုးပြဲေတြ ျပန္စတင္တည္းက မန္စီးတီး ဗဟိုခံစစ္မွာ တြဲဖက္ အစြမ္းျပေနခဲ့တာ ျဖစ္ပါတယ္။