ပဲလေစ့်ကို နိုင်ပေမယ့် ပွဲကို မပြတ်မဖြတ်နိုင်ရင် ပေးဆပ်မှု ကြီးမားမယ်လို့ လမ်းပတ် သတိပေး
UNICODE – ချယ်ဆီးမန်နေဂျာ လမ်းပတ်က ပဲလေစ့်ကို အနိုင်ရတဲ့ပွဲမှာ အသင်းသားတွေကို ချီးကျူးမှုတွေ လုပ်ခဲ့တယ် ဒါပေမယ့် သူက ထောက်ပြ ဝေဖန်မှုကိုလည်း လုပ်ခဲ့သေးတာဖြစ်တယ်။
ပဲလေစ့်ပွဲမှာ အသင်းသားတွေကို လမ်းပတ် အဓိက ထောက်ပြခဲ့တာက ပွဲကို မထိန်းချုပ်နိုင်ခြင်းနဲ့ ကိုယ်က ဂိုးပြတ် အနိုင်ရထားချိန်မှာ ပွဲကို အပြတ်ဖြတ်နိုင်ခြင်း မရှိတာကိုဖြစ်တယ်။ ဒီပွဲမှာတော့ ချယ်ဆီးက အကြိမ်ကြိမ် ဦးဆောင်ထားပေမယ့် ပြိုင်ဘက်ကို ဂိုးတွေ ပြန်ပြန်ပေးလိုက်ရတာက မိနစ် ၉၀ လုံး အသင်းသားတွေကို ဖိအားတွေ ရှိစေခဲ့ပါတယ်။
လမ်းပတ်ကပဲ ” ပဲလေစ့်က အသင်းကောင်းပါ။ ဒီပွဲမှာ ကျနေ်ာတိုရဲ့ ပွဲကို ထိန်းချုပ်ပုံက မကောင်းခဲ့ပါဘူး။ ၂-၀ နဲ့ ပွဲကို နိုင်နေချိန်မှာ လွှမ်းမိုးကစားပြီး အဆုံးသတ်ရမှာပါ။ ၃-၂ ဖြစ်တဲ့ အချိန်မှာလည်း ပွဲကို ဖြတ်ဖို့ အခွင့်အရေး ရပေမယ့် နှေးကွေးခဲ့တယ်။ ကျနေ်ာတို့ ကံကောင်းခဲ့တာလည်း ပါပါတယ်။
အသင်းကံကောင်းတာမျိုးကို ကျနော် နှစ်သက်ပါတယ် ဘာလို့လည်းဆိုတော့ ဒီရာသီမှာ ကံမကောင်းခဲ့တဲ့ ပွဲတွေ ရှိခဲ့တယ်။ ဒါကြောင့်ပဲ အနိုင်သုံးမှတ်က အရေးပါပါတယ်။ ကျနေ်ာတို့ ဖန်တီးနိုင်သလောက် လုံလောက်အောင် ဂိုးတွေ ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။ အဲ့တာက ပွဲကို ပြောင်းလဲစေခဲ့တယ်။ ကိုယ်မှာ အခွင့်အရေးရှိနေရင် ပြိုင်ဘက်တွေကို အသာမရစေဖို့ လုပ်ဆောင်ရမှာပါ။
ဂိုးတွေကို ပြန်ပေးနေရမယ်ဆိုရင် ပွဲတွေမှာ ကာကွယ်မှု လုပ်နိုင်တယ်ဆိုတဲ့ ခံစားချက် ရမှာ မဟုတ်ပါဘူး။ ကျနေ်ာတို့ ပွဲကို သက်သောင့်သက်သာ နိုင်ခဲ့သင့်ပေမယ့် သွင်းဂိုးအတွက် ကစားကွက် တည်ဆောက်ရာမှာ အမှားတွေ နှစ်ခု သုံးခုလုပ်ခဲ့တယ်။ အဲ့တာကတော့ မလုံလောက်သေးတဲ့ ကိစ္စပါပဲ။
အခုကစပြီး အဆင့်လေးဝင်ခွင့်ဆိုတာက ကျနေ်ာတို့ စိန်ခေါ်နေတဲ့ တိုက်ပွဲပါ။ ပြိုင်ဘက်ကလည်း ခက်ခဲပါတယ်။ ကီပါက ကောင်းမွန်တဲ့ ကာကွယ်မှု လုပ်ခဲ့တယ်၊ ဇူးမားက သိပ်ကောင်းတဲ့ ဖြတ်ထုတ်မှု လုပ်ခဲ့တယ်။ ဒီအခိုက်အတန့်တွေကို ကျနေ်ာတို့တွေ သင်ယူနေပြီး ပိုကောင်းလာရပါမယ် ” လို့ ပြောဆိုသွားပါတယ်။
ZAWGYI – ချယ်ဆီးမန်နေဂျာ လမ်းပတ်က ပဲလေစ့်ကို အနိုင်ရတဲ့ပွဲမှာ အသင်းသားတွေကို ချီးကျူးမှုတွေ လုပ်ခဲ့တယ် ဒါပေမယ့် သူက ထောက်ပြ ဝေဖန်မှုကိုလည်း လုပ်ခဲ့သေးတာဖြစ်တယ်။