အနီကဒ်က လက်စတာရသင့်တာဆိုတဲ့ အာတီတာနဲ့ အနီကဒ်ပြသတာ မှန်တယ်ဆိုတဲ့ ရော်ဂျာ

UNICODE – အာဆင်နယ်နဲ့ လက်စတာပွဲမှာ အိမ်ရှင် အာဆင်နယ်က ဦးဆောင်ဂိုး ရထားခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ တိုက်စစ်သမား အန်ကတ်တီယာ ထုတ်ပယ်ခံခဲ့ရမှုနဲ့အတူ ၂၅ မိနစ်ကြာ တစ်ယောက်လျော့ဖြင့် ကစားခဲ့ရတယ်။

လက်စတာဘက်က ဗာဒီ ခြေပဂိုး သွင်းယူခဲ့တာကြောင့် အာဆင်နယ်ဟာ သရေရလဒ်ပဲ ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ဝေဝါးခဲ့ပြီဖြစ်တယ်။ ဒီပွဲမှာ ကွင်းလယ်ဒိုင်က အန်ကတ်တီယာရဲ့ ပြစ်ဒဏ်ကို VAR ဆုံးဖြတ်ချက်အရ အနီကဒ်ပြပေမယ့် လက်စတာဘက်က ဗာဒီရဲ့ မူစတာဖီကို ထိတွေ့မှုနဲ့ ပက်သက်လို့ ဘာပြစ်ဒဏ်မှ မပေးခဲ့ပါဘူး။

အာတီတာကပဲ ” စည်းမျဉ်းနဲ့ ပက်သက်ပြီး ကျနော် နားမလည်ဘူး။ ဒိုင်လူကြီးက ဘယ်လို ပုံရိပ်ကိုမှ စစ်ဆေးခဲ့တာကို ကျနော် မမြင်ဘူး။ ဒါပေမယ့် ကျနော် ဘာမှ လုပ်လို့ မရပါဘူး။ ဒါက စည်းမျဉ်းပဲ ဖြစ်ပါတယ်။ ကျနေ်ာတို့ ၂ မှတ် ဆုံးရံှူးခဲ့တယ်၊ ကျနေ်ာတို့ အတ်ဒီကို ဆုံးရံှူးခ့တယ်။ ပွဲဘယ်လောက် ကျန်မလဲကို ကျနေ်ာတို့ ကြည့်ရပါမယ်။ ဒါပေမယ့် စပါးနဲ့ ကစားဖို့ ကျန်သေးပြီး အနိုင်သုံးမှတ် ရယူမှာပါ။

ကျနေ်ာတို့ အသင်းနဲ့ ပက်သက်ပြီး ဂုဏ်ယူပါတယ်။ အသင်းကောင်းတစ်သင်းကို သူတို့ ကောင်းကောင်းမွန်မွန် ရင်ဆိုင်နိုင်ခဲ့တယ်။ ကျနော်တို့ ၃ ဂိုး၊ ၄ ဂိုးလောက်ထိ ပြတ်သင့်တာပါ။ အနီကဒ်ကလည်း လူငယ်တစ်ယောက်ကို ပေးဖို့ဆိုရင် စဉ်းစားသင့်တယ်။ လက်စတာက ပထမပိုင်း ၄၂ မိနစ်လောက်တည်းက အနီကဒ် ရသင့်တာဖြစ်ပြီး ပွဲချိန် ၄၀ နဲ့ ၄၅ မိနစ်တွေမှာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအတွက် အနီကဒ် ရသင့်ပါတယ်။

အသင်းသားတွေ ကစားသွားတာ သိပ်ကောင်းပါတယ်။ ပြန်လည် အားဖြည့်ချိန်တွေက ခက်ခဲပေမယ့် ကစားသမားတွေက သက်ရောက်မှုတွေ ပြနိုင်ခဲ့တယ်။ သူတို့အတွက် ဂုဏ်ယူပြီး ကျနော်တို့ ကောင်းကောင်းလည်း သင်ယူနိုင်ခဲ့တယ်။ လက်စတာလို ပြိုင်ဘက်ကောင်းကို ရင်ဆိုင်ဖို့က သူတို့ကို အပြတ်ဖြတ်ဖို့ ကိုယ်က အကောင်းဆုံး အနေအထားမှာ ရှိနေပါမယ် ” လို့ ပြောဆိုခဲ့တယ်။

လက်စတာမန်နေဂျာ ဘရန်ဒန်ရော်ဂျာကတော့ အာဆင်နယ်အသင်းသား အန်ကတ်တီယာကို ပြခဲ့တဲ့ အနီကဒ်နဲ့ ပက်သက်ပြီး “ အဲ့တာက အနီကဒ်ပါ။ ကောင်လေးက ရည်ရွယ်ချက်နဲ့ လုပ်တာလော့ မဟုတ်ပါဘူး ဒါပေမယ့် ဒါက အနီကဒ် ပြစ်ဒဏ်ပဲဖြစ်တယ်။ ဒိုင်တွေက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာပါ ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI – အာဆင္နယ္နဲ႔ လက္စတာပြဲမွာ အိမ္ရွင္ အာဆင္နယ္က ဦးေဆာင္ဂိုး ရထားခဲ့ေပမယ့္လည္း ဒုတိယပိုင္းမွာ တိုက္စစ္သမား အန္ကတ္တီယာ ထုတ္ပယ္ခံခဲ့ရမႈနဲ႔အတူ ၂၅ မိနစ္ၾကာ တစ္ေယာက္ေလ်ာ့ျဖင့္ ကစားခဲ့ရတယ္။

လက္စတာဘက္က ဗာဒီ ေျခပဂိုး သြင္းယူခဲ့တာေၾကာင့္ အာဆင္နယ္ဟာ သေရရလဒ္ပဲ ရယူႏုိင္ခဲ့ျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ ေဝဝါးခဲ့ျပီျဖစ္တယ္။ ဒီပြဲမွာ ကြင္းလယ္ဒိုင္က အန္ကတ္တီယာရဲ႕ ျပစ္ဒဏ္ကို VAR ဆံုးျဖတ္ခ်က္အရ အနီကဒ္ျပေပမယ့္ လက္စတာဘက္က ဗာဒီရဲ႕ မူစတာဖီကို ထိေတြ႔မႈနဲ႔ ပက္သက္လို႔ ဘာျပစ္ဒဏ္မွ မေပးခဲ့ပါဘူး။

အာတီတာကပဲ ” စည္းမ်ဥ္းနဲ႔ ပက္သက္ျပီး က်ေနာ္ နားမလည္ဘူး။ ဒိုင္လူၾကီးက ဘယ္လို ပံုရိပ္ကိုမွ စစ္ေဆးခဲ့တာကို က်ေနာ္ မျမင္ဘူး။ ဒါေပမယ့္ က်ေနာ္ ဘာမွ လုပ္လို႔ မရပါဘူး။ ဒါက စည္းမ်ဥ္းပဲ ျဖစ္ပါတယ္။ က်ေန္ာတုိ႔ ၂ မွတ္ ဆံုးရံွဴးခဲ့တယ္၊ က်ေန္ာတို႔ အတ္ဒီကို ဆံုးရံွဴးခ့တယ္။ ပြဲဘယ္ေလာက္ က်န္မလဲကို က်ေန္ာတို႔ ၾကည့္ရပါမယ္။ ဒါေပမယ့္ စပါးနဲ႔ ကစားဖို႔ က်န္ေသးျပီး အႏုိင္သံုးမွတ္ ရယူမွာပါ။

က်ေန္ာတို႔ အသင္းနဲ႔ ပက္သက္ျပီး ဂုဏ္ယူပါတယ္။ အသင္းေကာင္းတစ္သင္းကို သူတို႔ ေကာင္းေကာင္းမြန္မြန္ ရင္ဆိုင္ႏုိင္ခဲ့တယ္။ က်ေနာ္တို႔ ၃ ဂိုး၊ ၄ ဂိုးေလာက္ထိ ျပတ္သင့္တာပါ။ အနီကဒ္ကလည္း လူငယ္တစ္ေယာက္ကို ေပးဖို႔ဆိုရင္ စဥ္းစားသင့္တယ္။ လက္စတာက ပထမပိုင္း ၄၂ မိနစ္ေလာက္တည္းက အနီကဒ္ ရသင့္တာျဖစ္ျပီး ပြဲခ်ိန္ ၄၀ နဲ႔ ၄၅ မိနစ္ေတြမွာ သူတို႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြအတြက္ အနီကဒ္ ရသင့္ပါတယ္။

အသင္းသားေတြ ကစားသြားတာ သိပ္ေကာင္းပါတယ္။ ျပန္လည္ အားျဖည့္ခ်ိန္ေတြက ခက္ခဲေပမယ့္ ကစားသမားေတြက သက္ေရာက္မႈေတြ ျပႏုိင္ခဲ့တယ္။ သူတို႔အတြက္ ဂုဏ္ယူျပီး က်ေနာ္တို႔ ေကာင္းေကာင္းလည္း သင္ယူႏုိင္ခဲ့တယ္။ လက္စတာလို ျပိဳင္ဘက္ေကာင္းကို ရင္ဆိုင္ဖို႔က သူတို႔ကို အျပတ္ျဖတ္ဖို႔ ကိုယ္က အေကာင္းဆံုး အေနအထားမွာ ရွိေနပါမယ္ ” လို႔ ေျပာဆိုခဲ့တယ္။

လက္စတာမန္ေနဂ်ာ ဘရန္ဒန္ေရာ္ဂ်ာကေတာ့ အာဆင္နယ္အသင္းသား အန္ကတ္တီယာကို ျပခဲ့တဲ့ အနီကဒ္နဲ႔ ပက္သက္ျပီး “ အဲ့တာက အနီကဒ္ပါ။ ေကာင္ေလးက ရည္ရြယ္ခ်က္နဲ႔ လုပ္တာေလာ့ မဟုတ္ပါဘူး ဒါေပမယ့္ ဒါက အနီကဒ္ ျပစ္ဒဏ္ပဲျဖစ္တယ္။ ဒိုင္ေတြက မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ကို ခ်ခဲ့တာပါ ” လို႔ ေျပာဆိုသြားပါတယ္။