ပဲလေစ့် နိုင်ပွဲအပြီး ချယ်ဆီးကို အဆင့် ၃ ရောက်စေတဲ့ အဓိက ကစားသမားကို လမ်းပတ် ချီးကျူး

UNICODE – လန်ဒန်ဒါဘီအဖြစ် ပဲလေစ့်နဲ့ ချယ်ဆီးပွဲမှာ လမ်းပတ်ရဲ့ အသင်းက ၃-၂ နဲ့ အနိုင်ရပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာကိုပါ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲမှာတော့ တောင်ပံသမား ပူလီဆစ်က ထူးထူးချွန်ချွန် ကစားပြခဲ့သလို သွင်းဂိုး တစ်ဂိုးလည်း ရယူနိုင်ခဲ့တယ်။ ချယ်ဆီးက ဂိုးတွေ အရင်သွင်းပေမယ့် ပဲလေစ့်ကလည်း ပြန်ပြန်သွင်းနိုင်လို့ ပြတ်သားတဲ့ ပွဲတစ်ပွဲထက် အပြန်အလှန် သွင်းဂိုးတွေကို ကြည့်ခဲ့ရတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

ပွအပြီးမှာ မန်နေဂျာလမ်းပတ်က ခြေစွမ်းကောင်းသလို ဂိုးလည်း သွင်းနိုင်တဲ့ ပူလီဆစ်နဲ့ ပက်သက်လို့ ချီးကျူးစကား ပြောဆိုပါတယ်။

လမ်းပတ်က ” ပူလီဆစ်က အရည်အချင်းကောင်းတွေ ရထားသူပါ။ ရာသီစတုန်းက ခက်ခဲတဲ့ အခြေအနေတွေကနေ စတင်ခဲ့ပေမယ့် အနားမယူခဲ့ဘူး။ သူက သူ့ရဲ့ ပွဲကို နောက်တစ်ဆင့်ကို မြင့်နိုင်ဖို့ ကြိုးစားခဲ့သူဖြစ်တယ်။ ဒါ့အပြင် သူက အဆုံးသတ်တွေမှာလည်း တကယ်ကို လုပ်ပြနိုင်စွမ်းရှိပါတယ်။

သူ့ကို ဘာကန့်သတ်ချက်မှ မထားတာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်က ကျနေ်ာတို့ အံ့သြစေခြင်း မရှိပါဘူး။ အသင်းကို ရောက်လာတဲ့ ပထမဆုံးနေ့တည်းက သူမှာရှိတဲ့ အရည်အချင်းကို ကျနော်သိတယ်။ ပရီးမီးယားလိဂ်က ရုပ်ပိုင်းဆိုင်ရာကို အားပြုလွန်းတာကြောင့် သူ့ကို ကျနော် ကူညီလိုခဲ့တယ်။ သူ့ကို စီမံလိုပြီး ကံမကောင်းစွာပဲ သူ ဒဏ်ရာ ရခဲ့ပါတယ်။

ဒါပေမယ့် သူ့မှာရှိတဲ့ ဆာလောက်မှုနဲ့ အရည်အချင်းတွေကို ပြသနိုင်ခဲ့တယ်။ သူ့ရဲ့ အဆုံးသတ်တွေကတော့ သိပ်ကို ကောင်းပါတယ်။ ဘောလုံးပွဲတွေ ပြန်စကတည်းက သူက အံ့မခန်းပါပဲ။

ကမ္ဘာပေါ်က ထိပ်တန်း အလားအလာရှိတဲ့ တိုက်စစ်သမားတွေကို ကြည့်မယ်ဆိုရင် အနိုင်ရဖို့ ပုံမှန် ဂိုးသွင်းနိုင်ပါတယ်။ ဒီအခြေအနေမှာ သူ့ကလည်း အဲ့လို စွမ်းဆောင်နိုင်နေပြီး ကျနော် အတော်လေးလည်း အထင်ကြီးမိပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI – လန္ဒန္ဒါဘီအျဖစ္ ပဲေလစ့္နဲ႔ ခ်ယ္ဆီးပြဲမွာ လမ္းပတ္ရဲ႕ အသင္းက ၃-၂ နဲ႔ အႏိုင္ရျပီး အမွတ္ေပးဇယား အဆင့္ ၃ ေနရာကိုပါ တက္လွမ္းႏုိင္ခဲ့ျပီျဖစ္ပါတယ္။

ဒီပြဲမွာေတာ့ ေတာင္ပံသမား ပူလီဆစ္က ထူးထူးခၽြန္ခၽြန္ ကစားျပခဲ့သလို သြင္းဂိုး တစ္ဂိုးလည္း ရယူႏုိင္ခဲ့တယ္။ ခ်ယ္ဆီးက ဂိုးေတြ အရင္သြင္းေပမယ့္ ပဲေလစ့္ကလည္း ျပန္ျပန္သြင္းႏုိင္လို႔ ျပတ္သားတဲ့ ပြဲတစ္ပြဲထက္ အျပန္အလွန္ သြင္းဂိုးေတြကို ၾကည့္ခဲ့ရတဲ့ ပြဲတစ္ပြဲ ျဖစ္ခဲ့ပါတယ္။

ပြအျပီးမွာ မန္ေနဂ်ာလမ္းပတ္က ေျခစြမ္းေကာင္းသလို ဂိုးလည္း သြင္းႏုိင္တဲ့ ပူလီဆစ္နဲ႔ ပက္သက္လို႔ ခ်ီးက်ဴးစကား ေျပာဆိုပါတယ္။

လမ္းပတ္က ” ပူလီဆစ္က အရည္အခ်င္းေကာင္းေတြ ရထားသူပါ။ ရာသီစတုန္းက ခက္ခဲတဲ့ အေျခအေနေတြကေန စတင္ခဲ့ေပမယ့္ အနားမယူခဲ့ဘူး။ သူက သူ႔ရဲ႕ ပြဲကို ေနာက္တစ္ဆင့္ကို ျမင့္ႏုိင္ဖို႔ ၾကိဳးစားခဲ့သူျဖစ္တယ္။ ဒါ့အျပင္ သူက အဆံုးသတ္ေတြမွာလည္း တကယ္ကို လုပ္ျပႏုိင္စြမ္းရွိပါတယ္။

သူ႔ကို ဘာကန္႔သတ္ခ်က္မွ မထားတာေၾကာင့္ သူ႔ရဲ႕ စြမ္းေဆာင္ရည္က က်ေန္ာတို႔ အံ့ၾသေစျခင္း မရွိပါဘူး။ အသင္းကို ေရာက္လာတဲ့ ပထမဆံုးေန႔တည္းက သူမွာရွိတဲ့ အရည္အခ်င္းကို က်ေနာ္သိတယ္။ ပရီးမီးယားလိဂ္က ရုပ္ပိုင္းဆိုင္ရာကို အားျပဳလြန္းတာေၾကာင့္ သူ႔ကို က်ေနာ္ ကူညီလိုခဲ့တယ္။ သူ႔ကို စီမံလိုျပီး ကံမေကာင္းစြာပဲ သူ ဒဏ္ရာ ရခဲ့ပါတယ္။

ဒါေပမယ့္ သူ႔မွာရွိတဲ့ ဆာေလာက္မႈနဲ႔ အရည္အခ်င္းေတြကို ျပသႏုိင္ခဲ့တယ္။ သူ႔ရဲ႕ အဆံုးသတ္ေတြကေတာ့ သိပ္ကို ေကာင္းပါတယ္။ ေဘာလံုးပြဲေတြ ျပန္စကတည္းက သူက အံ့မခန္းပါပဲ။

ကမၻာေပၚက ထိပ္တန္း အလားအလာရွိတဲ့ တိုက္စစ္သမားေတြကို ၾကည့္မယ္ဆိုရင္ အႏုိင္ရဖို႔ ပံုမွန္ ဂိုးသြင္းႏုိင္ပါတယ္။ ဒီအေျခအေနမွာ သူ႔ကလည္း အဲ့လို စြမ္းေဆာင္ႏုိင္ေနျပီး က်ေနာ္ အေတာ္ေလးလည္း အထင္ၾကီးမိပါတယ္ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။