တနင်္လာနေ့ နောက်ဆုံးရ ပရီးမီးယားလိဂ် ညနေခင်းသတင်းများ

UNICODE – ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းကတော့ ဆန်ချိုကို အလိုရှိရင် သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားဖို့နဲ့ မဟုတ်ရင်တော့ ဒီနွေမှာ အင်္ဂလန်သား တိုက်စစ်သမားကို ခေါ်ယူဖို့ ကိစ္စအား မေ့လိုက်ဖို့ ယူနိုက်တက်ကို ပြောထားတယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ မနှစ်က ဖူလ်ဟမ် အကယ်ဒမီကနေ လီဗာပူး အကယ်ဒမီအတွက် ခေါ်ယူထားတဲ့ ဆယ်ကျော်သက်လေး အီးလီးယော့ကို ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုလိုက်ပါပြီ။

ချယ်ဆီးအသင်းဟာ ဝက်ဟမ်းအသင်းမှာ တောက်ပနေတဲ့ ရိုက်ကို ခေါ်ယူနိုင်ဖို့ လန်ဒန်ပြိုင်ဘက် အသင်းထံ လူငယ်ခံစစ်သမား တိုမိုရီကို ပြန်လည် အငှားချပေးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

လက်စတာ တိုက်စစ်သမား ပီရက်စ်က ဒီအပတ်မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာက ၎င်းတို့အသင်းရဲ့ ဥရောပဝင်ခွင့်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာမယ့် ပွဲအဖြစ် ဝန်ခံလိုက်ပါတယ်။

စပါးမန်နေဂျာ မော်ရင်ညိုက ပထမပိုင်းအပြီးမှာ လိုရစ်နဲ့ ဆွန်ဟောင်မင်ကြား တွန်းထိုးမှုတွေဖြစ်လို့ အသင်းဖော်တွေ ဖြန့်ဖြေရတဲ့ ကိစ္စကို လှပတဲ့ ကိစ္စဖြစ်ကြောင်းနဲ့ အသင်းအနေနဲ့ တိုးတက်လာဖို့ ဒီလို တိုက်ခိုက်မှုတွေ လိုအပ်ပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အနာဂတ်မှာ လီဗာပူးစီနီယာအသင်းအတွက် အကယ်ဒမီထွက်တွေကို ပိုမိုနေရာပေးဖို့ သူလည်း စိတ်ကူးထားပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

မန်ချက်စတာအခြေစိုက် မန်စီးတီးနဲ့ ယူနိုက်တက်တို့ဟာ ဒီနွေမှာ တူညီတဲ့ ဗဟိုခံစစ် ပစ်မှတ်တွေဖြစ်တဲ့ ကူလီဘာလေနဲ့ စကရီနီယာတို့အတွက် ထိပ်တိုက် ယှဉ်ပြိုင်ကြတာတွေ ရှိလာမယ်လို့ The Independent က ဖော်ပြသွားပါတယ်။

ချယ်ဆီးတိုက်စစ်သမား အေဘရာဟမ်ရဲ့ ခြေစွမ်းက စာချုပ်ကိစ္စနဲ့ သက်ရောက်မှု ရှိမှာ မဟုတ်ကြောင်း လမ်းပတ်က ထုတ်ပြောပါတယ်။ ဂိုးပေါက် ပျောက်နေတဲ့ အေဘရာဟမ်ဟာ ချယ်ဆီးနဲ့ သက်တမ်းတိုးကိစ္စ မအောင်မြင်သေးပါဘူး။

လီဗာပူးအသင်းက အက်ကန်တာရာကို ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့်လည်း ကမ်းလှမ်းမှု လုပ်ထားတယ်ဆိုတဲ့ သတင်းတွေက မဟုတ်မှန်ကာ ကစားသမားရဲ့ ဒဏ်ရာနဲ့ ပြောင်းရွှေ့ကြေးတွေအပေါ် စိစစ်မှု လုပ်နေဆဲလို့ သိရပါတယ်။

လူငယ်တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်ရဲ့ ခြေစွမ်းက ရက်ဖို့ဒ်ထက် သိသာ ကောင်းမွန်လာနိုင်တာကြောင့် တိုက်စစ်မှူး ရက်ဖို့ဒ် အနေနဲ့ နေရာပျောက်ဆုံးသွားနိုင်ကြောင်း ချယ်ဆီးနဲ့ စပါးနည်းပြဟောင်း ဂလင်း ဟိုဒယ်လ်က သတိပေးလိုက်ပါတယ်။

အာဆင်နယ်ဟာ တီကို ကွင်းလယ်လူ ပါတေးကို ခေါ်ယူဖို့ အလေးအနက်ကို စိတ်ဝင်စားနေတာဖြစ်ပြီး ဂွမ်ဒေါင်ဇီကိုတော့ ဘရိုက်တန်ပွဲနောက်ပိုင်း တစ်ဦးတည်း လေ့ကျင့်မှုပဲ လုပ်ထားစေတယ်လို့ The Athletic က ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် ပြန်စကတည်းက ခြေစွမ်းပြနေတဲ့ ဂရင်းဝုဒ်အပြင် ယူနိုက်တက်က ရှက်ဖီးအသင်းထံ အငှားချထားတဲ့ အသက် ၂၃ နှစ်အရွယ် ဂိုးသမား ဒင်းဟန်ဒါဆန်၊ မန်စီးတီးမှာ တောက်ပနေတဲ့ ကွင်းလယ်လူ ဖိုဒန် (၂၀ နှစ်) နဲ့ အာဆင်နယ်ရဲ့ တက်သစ်စ ကစားသမားလေး ဆာကာ (၁၉ နှစ်) တို့ကလည်း ဆောက်ဂိတ် ဆင့်ခေါ်လိုတဲ့ ကစားသမားများ စာရင်းမှာ ပါဝင်နေပါတယ်။

ZAWGYI – ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းကေတာ့ ဆန္ခ်ိဳကို အလိုရွိရင္ ၾသဂုတ္လ ၁၀ ရက္ေန႔ ေနာက္ဆံုးထားဖို႔နဲ႔ မဟုတ္ရင္ေတာ့ ဒီေႏြမွာ အဂၤလန္သား တိုက္စစ္သမားကို ေခၚယူဖို႔ ကိစၥအား ေမ့လိုက္ဖို႔ ယူႏုိက္တက္ကို ေျပာထားတယ္လို႔ သိရပါတယ္။

လီဗာပူးအသင္းဟာ မႏွစ္က ဖူလ္ဟမ္ အကယ္ဒမီကေန လီဗာပူး အကယ္ဒမီအတြက္ ေခၚယူထားတဲ့ ဆယ္ေက်ာ္သက္ေလး အီးလီးေယာ့ကို ပထမဆံုး ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ပါျပီ။

ခ်ယ္ဆီးအသင္းဟာ ဝက္ဟမ္းအသင္းမွာ ေတာက္ပေနတဲ့ ရိုက္ကို ေခၚယူႏုိင္ဖို႔ လန္ဒန္ျပိဳင္ဘက္ အသင္းထံ လူငယ္ခံစစ္သမား တိုမိုရီကို ျပန္လည္ အငွားခ်ေပးဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

လက္စတာ တိုက္စစ္သမား ပီရက္စ္က ဒီအပတ္မွာ အာဆင္နယ္နဲ႔ ရင္ဆိုင္ရမွာက ၄င္းတို႔အသင္းရဲ႕ ဥေရာပဝင္ခြင့္အတြက္ စိန္ေခၚမႈတစ္ခုျဖစ္လာမယ့္ ပြဲအျဖစ္ ဝန္ခံလိုက္ပါတယ္။

စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳက ပထမပိုင္းအျပီးမွာ လိုရစ္နဲ႔ ဆြန္ေဟာင္မင္ၾကား တြန္းထိုးမႈေတြျဖစ္လို႔ အသင္းေဖာ္ေတြ ျဖန္႔ေျဖရတဲ့ ကိစၥကို လွပတဲ့ ကိစၥျဖစ္ေၾကာင္းနဲ႔ အသင္းအေနနဲ႔ တိုးတက္လာဖို႔ ဒီလို တိုက္ခိုက္မႈေတြ လိုအပ္ပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အနာဂတ္မွာ လီဗာပူးစီနီယာအသင္းအတြက္ အကယ္ဒမီထြက္ေတြကို ပိုမိုေနရာေပးဖို႔ သူလည္း စိတ္ကူးထားပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

မန္ခ်က္စတာအေျခစိုက္ မန္စီးတီးနဲ႔ ယူႏုိက္တက္တို႔ဟာ ဒီေႏြမွာ တူညီတဲ့ ဗဟိုခံစစ္ ပစ္မွတ္ေတြျဖစ္တဲ့ ကူလီဘာေလနဲ႔ စကရီနီယာတို႔အတြက္ ထိပ္တိုက္ ယွဥ္ျပိဳင္ၾကတာေတြ ရွိလာမယ္လို႔ The Independent က ေဖာ္ျပသြားပါတယ္။

ခ်ယ္ဆီးတိုက္စစ္သမား ေအဘရာဟမ္ရဲ႕ ေျခစြမ္းက စာခ်ဳပ္ကိစၥနဲ႔ သက္ေရာက္မႈ ရွိမွာ မဟုတ္ေၾကာင္း လမ္းပတ္က ထုတ္ေျပာပါတယ္။ ဂိုးေပါက္ ေပ်ာက္ေနတဲ့ ေအဘရာဟမ္ဟာ ခ်ယ္ဆီးနဲ႔ သက္တမ္းတိုးကိစၥ မေအာင္ျမင္ေသးပါဘူး။

လီဗာပူးအသင္းက အက္ကန္တာရာကို ေခၚယူဖို႔ စိတ္ဝင္စားေပမယ့္လည္း ကမ္းလွမ္းမႈ လုပ္ထားတယ္ဆိုတဲ့ သတင္းေတြက မဟုတ္မွန္ကာ ကစားသမားရဲ႕ ဒဏ္ရာနဲ႔ ေျပာင္းေရႊ႔ေၾကးေတြအေပၚ စိစစ္မႈ လုပ္ေနဆဲလို႔ သိရပါတယ္။

လူငယ္တိုက္စစ္မွဴး ေမဆန္ဂရင္း၀ုဒ္ရဲ႕ ေျခစြမ္းက ရက္ဖို႔ဒ္ထက္ သိသာ ေကာင္းမြန္လာနုိုင္တာေၾကာင့္ တိုက္စစ္မွဴး ရက္ဖို႔ဒ္ အေနနဲ႕ ေနရာေပ်ာက္ဆံုးသြားနုိင္ေၾကာင္း ခ်ယ္ဆီးနဲ႕ စပါးနည္းျပေဟာင္း ဂလင္း ဟိုဒယ္လ္က သတိေပးလိုက္ပါတယ္။

အာဆင္နယ္ဟာ တီကို ကြင္းလယ္လူ ပါေတးကို ေခၚယူဖို႔ အေလးအနက္ကို စိတ္ဝင္စားေနတာျဖစ္ျပီး ဂြမ္ေဒါင္ဇီကိုေတာ့ ဘရိုက္တန္ပြဲေနာက္ပိုင္း တစ္ဦးတည္း ေလ့က်င့္မႈပဲ လုပ္ထားေစတယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

ပရီးမီးယားလိဂ္ ျပန္စကတည္းက ေျခစြမ္းျပေနတဲ့ ဂရင္းဝုဒ္အျပင္ ယူႏုိက္တက္က ရွက္ဖီးအသင္းထံ အငွားခ်ထားတဲ့ အသက္ ၂၃ ႏွစ္အရြယ္ ဂိုးသမား ဒင္းဟန္ဒါဆန္၊ မန္စီးတီးမွာ ေတာက္ပေနတဲ့ ကြင္းလယ္လူ ဖိုဒန္ (၂၀ ႏွစ္) နဲ႔ အာဆင္နယ္ရဲ႕ တက္သစ္စ ကစားသမားေလး ဆာကာ (၁၉ ႏွစ္) တို႔ကလည္း ေဆာက္ဂိတ္ ဆင့္ေခၚလိုတဲ့ ကစားသမားမ်ား စာရင္းမွာ ပါဝင္ေနပါတယ္။