ဆန်ချိုုအတွက် နောက်ဆုံး ကမ်းလှမ်းရမယ့် ရက်စွဲကို သက်မှတ်ပေးလိုက်တဲ့ ဒေါ့မွန်

UNICODE – ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းကတော့ ဆန်ချိုကို အလိုရှိရင် သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားဖို့နဲ့ မဟုတ်ရင်တော့ ဒီနွေမှာ အင်္ဂလန်သား တိုက်စစ်သမားကို ခေါ်ယူဖို့ ကိစ္စအား မေ့လိုက်ဖို့ ယူနိုက်တက်ကို ပြောထားတယ်လို့ သိရပါတယ်။

ဂျာမနီသတင်းဌာန Bild က ဖော်ပြလာခဲ့တာဖြစ်ပြီး ဒေါ့မွန်ကတော့ ဆန်ချိုအတွက် ပေါင် သန်း ၁၀၀ ဈေးခေါ်ထားမှုကို ချပေးသွားမှာလည်း မဟုတ်ပါဘူး။ ဒါ့အပြင် ဆန်ချိုအတွက် ယူနိုက်တက်ရဲ့ အသာစီးယူဖို့ ကြိုးစားမှုကိုလည်း လက်ခံမှာ မဟုတ်ကြောင်း အခုလို ပြတ်ပြတ်သားသား လုပ်ဆောင်သွားတာ ဖြစ်ပါတယ်။

ယူနိုက်တက် အကြီးတန်းတာဝန်ရှိသူက ဒေါ့မွန်အသင်းမှ အင်္ဂလန်သား တိုက်စစ်သမား ဆန်ချိုကို ခေါ်ယူလိုသော်လည်း ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ထက်ပိုပြီး ပေးမှာ မဟုတ်ဘူးလို့ အင်္ဂလန်သတင်းဌာနဖြစ်တဲ့ စကိုင်းစပေါ့ကို ထုတ်ပြောခဲ့ပြီး သူတို့ရဲ့ ပေးလိုတဲ့ ပြောင်းရွှေ့ကြေးကို သတင်းလွှင့်ထားတယ်။

မန်နေဂျာဆိုးရှားက မာရှယ်၊ ရပ်ဖိုဒ်တို့ ရှိနေတဲ့ တိုက်စစ်မှာ တောင်ပံနေရာအတွက် အားဖြည့်ဖို့ ဆန်ချိုကို နှစ်သက်နေတယ်။ ဒါပေမယ့်လည်း လူငယ် တိုက်စစ်သမားအတွက် ဒေါ့မွန်တောင်းတဲ့ ဈေးအတိုင်းတော့ မပေးလိုပါဘူး။ အစောတုန်းက ဆန်ချိုကို ခေါ်ယူဖို့ကို မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ ချယ်ဆီး၊ လီဗာပူးတို့ကလည်း စိတ်ဝင်စားထားပြီး ပြိုင်ဘက်ကလပ်တွေက သူ့ကို ခေါ်ယူဖို့ ဝင်မလာတာကြောင့် ယူနိုက်တက်က ပြောင်းရွှေ့ကြေး ချနိုင်မယ်လို့ ယုံကြည်လာခဲ့တာပါ။

ဒေါ့မွန်က သြဂုတ်လ ၁၀ ရက်နေ့ကို နောက်ဆုံးထားဖို့ သက်မှတ်လိုက်တာက ဒီနွေမှာ လုပ်စရာ ကိစ္စတွေကို ဆက်လက် လုပ်ဆောင်ဖို့အပြင် ရာသီကြိုမှာ အဓိက ကစားသမားတွေ အားလုံးကို စုစုစည်းစည်း ရှိနေစေဖို့ ရည်ရွယ်တာဖြစ်တယ်။ ဒါကြောင့် ယူနိုက်တက်က ဆန်ချိုကို ခေါ်ယူလိုတယ်ဆိုရင် ဒီအပတ်တွေမှာတင် ဆုံးဖြတ်မှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ZAWGYI – ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းကေတာ့ ဆန္ခ်ိဳကို အလိုရွိရင္ ၾသဂုတ္လ ၁၀ ရက္ေန႔ ေနာက္ဆံုးထားဖို႔နဲ႔ မဟုတ္ရင္ေတာ့ ဒီေႏြမွာ အဂၤလန္သား တိုက္စစ္သမားကို ေခၚယူဖို႔ ကိစၥအား ေမ့လိုက္ဖို႔ ယူႏုိက္တက္ကို ေျပာထားတယ္လို႔ သိရပါတယ္။

ဂ်ာမနီသတင္းဌာန Bild က ေဖာ္ျပလာခဲ့တာျဖစ္ျပီး ေဒါ့မြန္ကေတာ့ ဆန္ခ်ိဳအတြက္ ေပါင္ သန္း ၁၀၀ ေစ်းေခၚထားမႈကို ခ်ေပးသြားမွာလည္း မဟုတ္ပါဘူး။ ဒါ့အျပင္ ဆန္ခ်ိဳအတြက္ ယူႏုိက္တက္ရဲ႕ အသာစီးယူဖို႔ ၾကိဳးစားမႈကိုလည္း လက္ခံမွာ မဟုတ္ေၾကာင္း အခုလို ျပတ္ျပတ္သားသား လုပ္ေဆာင္သြားတာ ျဖစ္ပါတယ္။

ယူႏုိက္တက္ အၾကီးတန္းတာဝန္ရွိသူက ေဒါ့မြန္အသင္းမွ အဂၤလန္သား တိုက္စစ္သမား ဆန္ခ်ိဳကို ေခၚယူလိုေသာ္လည္း ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၅၀ ထက္ပိုျပီး ေပးမွာ မဟုတ္ဘူးလို႔ အဂၤလန္သတင္းဌာနျဖစ္တဲ့ စကိုင္းစေပါ့ကို ထုတ္ေျပာခဲ့ျပီး သူတို႔ရဲ႕ ေပးလိုတဲ့ ေျပာင္းေရႊ႔ေၾကးကို သတင္းလႊင့္ထားတယ္။

မန္ေနဂ်ာဆိုးရွားက မာရွယ္၊ ရပ္ဖိုဒ္တို႔ ရွိေနတဲ့ တိုက္စစ္မွာ ေတာင္ပံေနရာအတြက္ အားျဖည့္ဖို႔ ဆန္ခ်ိဳကို ႏွစ္သက္ေနတယ္။ ဒါေပမယ့္လည္း လူငယ္ တိုက္စစ္သမားအတြက္ ေဒါ့မြန္ေတာင္းတဲ့ ေစ်းအတိုင္းေတာ့ မေပးလိုပါဘူး။ အေစာတုန္းက ဆန္ခ်ိဳကို ေခၚယူဖို႔ကို မန္စီးတီး၊ ရီးရဲလ္မက္ဒရစ္၊ ခ်ယ္ဆီး၊ လီဗာပူးတို႔ကလည္း စိတ္ဝင္စားထားျပီး ျပိဳင္ဘက္ကလပ္ေတြက သူ႔ကို ေခၚယူဖို႔ ဝင္မလာတာေၾကာင့္ ယူႏုိက္တက္က ေျပာင္းေရႊ႔ေၾကး ခ်ႏုိင္မယ္လို႔ ယံုၾကည္လာခဲ့တာပါ။

ေဒါ့မြန္က ၾသဂုတ္လ ၁၀ ရက္ေန႔ကို ေနာက္ဆံုးထားဖို႔ သက္မွတ္လိုက္တာက ဒီေႏြမွာ လုပ္စရာ ကိစၥေတြကို ဆက္လက္ လုပ္ေဆာင္ဖို႔အျပင္ ရာသီၾကိဳမွာ အဓိက ကစားသမားေတြ အားလံုးကို စုစုစည္းစည္း ရွိေနေစဖို႔ ရည္ရြယ္တာျဖစ္တယ္။ ဒါေၾကာင့္ ယူႏုိက္တက္က ဆန္ခ်ိဳကို ေခၚယူလိုတယ္ဆိုရင္ ဒီအပတ္ေတြမွာတင္ ဆံုးျဖတ္မႈ ျပဳလုပ္ရမွာ ျဖစ္ပါတယ္။