စီးရီးအေ ထိပ်တန်း ခံစစ်သမား နှစ်ဦးကို ခေါ်ယူရေး ထိပ်တိုက်တွေ့မယ့် မန်စီးတီးနဲ့ ယူနိုက်တက်

UNICODE – မန်ချက်စတာအခြေစိုက် မန်စီးတီးနဲ့ ယူနိုက်တက်တို့ဟာ ဒီနွေမှာ တူညီတဲ့ ဗဟိုခံစစ် ပစ်မှတ်တွေအတွက် ထိပ်တိုက် ယှဉ်ပြိုင်ကြတာတွေ ရှိလာမယ်လို့ The Independent က ဖော်ပြသွားပါတယ်။

မန်ချက်စတာအသင်းတွေဟာ နာပိုလီမှ ကူလီဘာလေနဲ့ အင်တာမီလန်မှာ စကီရီနီယာတို့ကို သဘောတွေ့နေတာပါ။ အထူးသဖြင့် မန်စီးတီးအသင်းဟာ ကွန်ပနီမရှိတဲ့နောက် အားနည်းနေတဲ့ ဗဟိုခံစစ်ကို ဦးဆောင်ပေးမယ့် ကစားသမားကို ရှာဖွေနေပြီး ဗဟိုခံစစ်မှူး တစ်ဦးကို သေချာပေါက် အားဖြည့်သွားမယ်လို့ သိရတယ်။

မန်စီးတီးက ဦးစားပေးအဖြစ် ကူလီဘာလေကို ရည်ရွယ်ထားပေမယ့်လည်း ကစားသမား အလိုက်ပေးမှုနဲ့အတူ စကရီနီယာကို ခေါ်ယူဖို့ကိုလည်း စိတ်ဝင်စားနေပါတယ်။ လာမယ့်အပတ်မှာတော့ အားကစားခုံရုံးက ချန်ပီယံလိဂ်ဝင်ခွင့် အယူခံဝင်ထားမှုကို ဆုံးဖြတ်ပေးမှာဖြစ်ပြီး ဒီကိစ္စဟာ မန်စီးတီးရဲ့ နွေခေါ်ယူမှု ကိစ္စတွေကို သက်ရောက်မှု ရှိလာပါလိမ့်မယ်။

မန်နေဂျာဆိုးရှားကလည်း သူအသုံးပြုလို့ရမယ့် အသုံးစရိတ်ထဲကနေ ဘယ်လိုနေရာတွေကို အင်အားဖြည့်ရမလဲဆိုတာ ဆုံးဖြတ်သွားမှာပါ။ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူလိုတယ်လို့ သိထားရသလို မက်ဂွဲရားနဲ့ တွဲဘက်ပေးဖို့ ဗဟိုခံစစ်မှူး တစ်ဦးကိုလည်း ချိတ်ဆက်လိုနေတယ်လို့ သိထားရတယ်။ ဒါ့အပြင် ကွင်းလယ်ပိုင်းကိုလည်း အင်အားဖြည့်လိုနေဆဲ ဖြစ်ပါတယ်။

ဒီရာသီမှာ ဂရင်းဝုဒ် တောက်ပခြင်းက ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ခေါ်ယူရေးကို နွေမှာ ပြန်စဉ်းစားတဲ့အခါ အပြောင်းအလဲတစ်ခု ဖြစ်လာစေမှာပါ။ အင်္ဂလန်သားကို ပိုမိုနေရာပေးနိုင်ဖို့ တိုက်စစ်မှူး မခေါ်ဘူးဆိုရင် ဗဟိုခံစစ်က မန်နေဂျာဆိုးရှားရဲ့ ဦးစားပေး ဖြစ်လာပါလိမ့်မယ်။

ယူနိုက်တက်က ဦးစားပေးအဖြစ် ကူလီဘာလေကို ချိန်ရွယ်ထားသလို အင်တာမီလန်မှ စကရီနီယာနဲ့ ဆွမ်ဆီးမှ ဂျိုရိုဒန်အပြင် ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်မှ အူပါမီကာနိုတို့ကိုလည်း စောင့်ကြည့်နေပါတယ်။

ZAWGYI – မန္ခ်က္စတာအေျခစိုက္ မန္စီးတီးနဲ႔ ယူႏုိက္တက္တို႔ဟာ ဒီေႏြမွာ တူညီတဲ့ ဗဟိုခံစစ္ ပစ္မွတ္ေတြအတြက္ ထိပ္တိုက္ ယွဥ္ျပိဳင္ၾကတာေတြ ရွိလာမယ္လို႔ The Independent က ေဖာ္ျပသြားပါတယ္။

မန္ခ်က္စတာအသင္းေတြဟာ နာပိုလီမွ ကူလီဘာေလနဲ႔ အင္တာမီလန္မွာ စကီရီနီယာတို႔ကို သေဘာေတြ႔ေနတာပါ။ အထူးသျဖင့္ မန္စီးတီးအသင္းဟာ ကြန္ပနီမရွိတဲ့ေနာက္ အားနည္းေနတဲ့ ဗဟိုခံစစ္ကို ဦးေဆာင္ေပးမယ့္ ကစားသမားကို ရွာေဖြေနျပီး ဗဟိုခံစစ္မွဴး တစ္ဦးကို ေသခ်ာေပါက္ အားျဖည့္သြားမယ္လို႔ သိရတယ္။

မန္စီးတီးက ဦးစားေပးအျဖစ္ ကူလီဘာေလကို ရည္ရြယ္ထားေပမယ့္လည္း ကစားသမား အလိုက္ေပးမႈနဲ႔အတူ စကရီနီယာကို ေခၚယူဖို႔ကိုလည္း စိတ္ဝင္စားေနပါတယ္။ လာမယ့္အပတ္မွာေတာ့ အားကစားခံုရံုးက ခ်န္ပီယံလိဂ္ဝင္ခြင့္ အယူခံဝင္ထားမႈကို ဆံုးျဖတ္ေပးမွာျဖစ္ျပီး ဒီကိစၥဟာ မန္စီးတီးရဲ႕ ေႏြေခၚယူမႈ ကိစၥေတြကို သက္ေရာက္မႈ ရွိလာပါလိမ့္မယ္။

မန္ေနဂ်ာဆိုးရွားကလည္း သူအသံုးျပဳလို႔ရမယ့္ အသံုးစရိတ္ထဲကေန ဘယ္လိုေနရာေတြကို အင္အားျဖည့္ရမလဲဆိုတာ ဆံုးျဖတ္သြားမွာပါ။ တိုက္စစ္မွဴးတစ္ဦးကို ေခၚယူလိုတယ္လို႔ သိထားရသလို မက္ဂြဲရားနဲ႔ တြဲဘက္ေပးဖို႔ ဗဟိုခံစစ္မွဴး တစ္ဦးကိုလည္း ခ်ိတ္ဆက္လိုေနတယ္လို႔ သိထားရတယ္။ ဒါ့အျပင္ ကြင္းလယ္ပိုင္းကိုလည္း အင္အားျဖည့္လိုေနဆဲ ျဖစ္ပါတယ္။

ဒီရာသီမွာ ဂရင္းဝုဒ္ ေတာက္ပျခင္းက ယူႏုိက္တက္ရဲ႕ တိုက္စစ္မွဴး ေခၚယူေရးကို ေႏြမွာ ျပန္စဥ္းစားတဲ့အခါ အေျပာင္းအလဲတစ္ခု ျဖစ္လာေစမွာပါ။ အဂၤလန္သားကို ပိုမိုေနရာေပးႏုိင္ဖို႔ တိုက္စစ္မွဴး မေခၚဘူးဆိုရင္ ဗဟိုခံစစ္က မန္ေနဂ်ာဆိုးရွားရဲ႕ ဦးစားေပး ျဖစ္လာပါလိမ့္မယ္။

ယူႏုိက္တက္က ဦးစားေပးအျဖစ္ ကူလီဘာေလကို ခ်ိန္ရြယ္ထားသလို အင္တာမီလန္မွ စကရီနီယာနဲ႔ ဆြမ္ဆီးမွ ဂ်ိဳရိုဒန္အျပင္ ဘြန္ဒက္လီဂါကလပ္ လိုက္ဇစ္မွ အူပါမီကာႏိုတို႔ကိုလည္း ေစာင့္ၾကည့္ေနပါတယ္။