ရိုက်ကို ခေါ်ယူနိုင်ဖို့ စီနီယာတစ်ဦးကို ထည့်သွင်းပေးမယ့် အပြောင်းအရွှေ့ကို ချယ်ဆီး စဉ်းစားနေ

UNICODE – ချယ်ဆီးအသင်းဟာ ဝက်ဟမ်းအသင်းမှာ တောက်ပနေတဲ့ ရိုက်ကို ခေါ်ယူနိုင်ဖို့ လန်ဒန်ပြိုင်ဘက် အသင်းထံ လူငယ်ခံစစ်သမား တိုမိုရီကို ပြန်လည် အငှားချပေးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ချယ်ဆီး လူစာရင်းမှာ ခံစစ်ပိုင်းကို အပြောင်းအလဲတွေ ဖြစ်စေဖို့ ရည်ရွယ်ပြီး ကွင်းလယ်ခံစစ်သမား ရိုက်ကို ခေါ်ယူဖို့ အပြာရောင်အသင်း တာဝန်ရှိသူတွေ စီစဉ်နေတာပါ။ ရိုက်ကို ကွင်းလယ်ခံစစ်မှာ မဟုတ်ဘဲ ဗဟိုခံစစ်မှူးနေရာ ပြောင်းကစားဖို့ကို လမ်းပတ်က စဉ်းစားထားတယ်လို့ သိထားရတယ်။

ရိုက်ရောက်လာခဲ့ရင်တော့ တိုမိုရီက ချယ်ဆီးကနေ ထွက်ခွာရမှာဖြစ်ပြီး လန်ဒန်အသင်းထံပဲ အငှားသွားကစားဖို့ ဖြစ်နိုင်သလို စတမ်းဖိုဒ့်ဘရစ်ကနေ ထွက်ခွာသွားတာလည်း ဖြစ်နိုင်ပါတယ်။ တံကောက်ကြောဒဏ်ရာကနေ ပြန်သက်သာလာတဲ့ တိုမိုရီဟာ ပဲလေစ့်နဲ့ ယှဉ်ပြိုင်ကစားတဲ့ ပွဲမှာ ပါဝင်ဦးမှာ မဟုတ်ဘဲ ရှက်ဖီးထံ သွားရောက် ယှဉ်ပြိင်ရမယ့် ပွဲမှာတော့ ပါဝင်လာနိုင်ပါတယ်။

ချယ်ဆီးခံစစ်မှာတော့ ခရစ်စတန်ဆန်၊ ရူဒီဂါ၊ ဇူးမားတို့က ပွဲထွက်ခွင့်နေရာအတွက် ယှဉ်ပြိုင်နေတာဖြစ်ပြီး အားလုံးကလည်း တိုမိုရီထက်စာရင် ကြံ့ခိုင်မှုတွေ ပိုကောင်းနေပါတယ်။ ဒါကြောင့် ရိုက်ကို အပြီးသတ် ခေါ်ယူရေးမှာ တိုမိုရီကို ညိနှိုင်းမှု တစ်ခုအဖြစ် အသုံးချဖို့ကို ချယ်ဆီးဘက်က စဉ်းစားလာခဲ့တာဖြစ်တယ်။

မနှစ်က သြဂုတ်လမှာ တိုမိုရီဟာ အဲဗာတန်အသင်းနဲ့ စကားပြောမှုလည်း ရှိထားခဲ့တာကြောင့် လန်ဒန်ပြိုင်ဘက်ကို အငှားထွက်ခြင်းထက် မာဆေးဆိုဒ်ကလပ်ထံ ပြောင်းဖို့ကို ရွေးချယ်တာလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းဟာ ဝက္ဟမ္းအသင္းမွာ ေတာက္ပေနတဲ့ ရိုက္ကို ေခၚယူႏုိင္ဖို႔ လန္ဒန္ျပိဳင္ဘက္ အသင္းထံ လူငယ္ခံစစ္သမား တိုမိုရီကို ျပန္လည္ အငွားခ်ေပးဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ခ်ယ္ဆီး လူစာရင္းမွာ ခံစစ္ပိုင္းကို အေျပာင္းအလဲေတြ ျဖစ္ေစဖို႔ ရည္ရြယ္ျပီး ကြင္းလယ္ခံစစ္သမား ရိုက္ကို ေခၚယူဖို႔ အျပာေရာင္အသင္း တာဝန္ရွိသူေတြ စီစဥ္ေနတာပါ။ ရိုက္ကို ကြင္းလယ္ခံစစ္မွာ မဟုတ္ဘဲ ဗဟိုခံစစ္မွဴးေနရာ ေျပာင္းကစားဖို႔ကို လမ္းပတ္က စဥ္းစားထားတယ္လို႔ သိထားရတယ္။

ရိုက္ေရာက္လာခဲ့ရင္ေတာ့ တိုမိုရီက ခ်ယ္ဆီးကေန ထြက္ခြာရမွာျဖစ္ျပီး လန္ဒန္အသင္းထံပဲ အငွားသြားကစားဖို႔ ျဖစ္ႏုိင္သလို စတမ္းဖိုဒ့္ဘရစ္ကေန ထြက္ခြာသြားတာလည္း ျဖစ္ႏုိင္ပါတယ္။ တံေကာက္ေၾကာဒဏ္ရာကေန ျပန္သက္သာလာတဲ့ တိုမိုရီဟာ ပဲေလစ့္နဲ႔ ယွဥ္ျပိဳင္ကစားတဲ့ ပြဲမွာ ပါဝင္ဦးမွာ မဟုတ္ဘဲ ရွက္ဖီးထံ သြားေရာက္ ယွဥ္ျပိင္ရမယ့္ ပြဲမွာေတာ့ ပါဝင္လာႏုိင္ပါတယ္။

ခ်ယ္ဆီးခံစစ္မွာေတာ့ ခရစ္စတန္ဆန္၊ ရူဒီဂါ၊ ဇူးမားတို႔က ပြဲထြက္ခြင့္ေနရာအတြက္ ယွဥ္ျပိဳင္ေနတာျဖစ္ျပီး အားလံုးကလည္း တိုမိုရီထက္စာရင္ ၾကံ႕ခိုင္မႈေတြ ပိုေကာင္းေနပါတယ္။ ဒါေၾကာင့္ ရိုက္ကို အျပီးသတ္ ေခၚယူေရးမွာ တိုမိုရီကို ညိႏိႈင္းမႈ တစ္ခုအျဖစ္ အသံုးခ်ဖို႔ကို ခ်ယ္ဆီးဘက္က စဥ္းစားလာခဲ့တာျဖစ္တယ္။

မႏွစ္က ၾသဂုတ္လမွာ တိုမိုရီဟာ အဲဗာတန္အသင္းနဲ႔ စကားေျပာမႈလည္း ရွိထားခဲ့တာေၾကာင့္ လန္ဒန္ျပိဳင္ဘက္ကို အငွားထြက္ျခင္းထက္ မာေဆးဆိုဒ္ကလပ္ထံ ေျပာင္းဖို႔ကို ေရြးခ်ယ္တာလည္း ျဖစ္ႏုိင္တယ္လို႔ သိရပါတယ္။