ချယ်ဆီး ယူနိုက်တက်က လက်စတာကို ဖိအားတွေ ပေးနေကြောင်း အာဆင်နယ်ပွဲကြို ပီရက်စ် ပြော
UNICODE – လက်စတာ တိုက်စစ်သမား ပီရက်စ်က ဒီအပတ်မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာက ၎င်းတို့အသင်းရဲ့ ဥရောပဝင်ခွင့်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာမယ့် ပွဲအဖြစ် ဝန်ခံလိုက်ပါတယ်။
သို့ပေမယ့်လည်း လက်စတာဟာ ယုံကြည်မှုကောင်းတွေ ပြန်ရလာနေတာဖြစ်လို့ ဒီပွဲမှာ ရလဒ်ကောင်း ရယူနိုင်လိမ့်မယ်လို့ သူက ယုံကြည်နေတယ်။
ပီရက်စ်က ” ကျနေ်ာတို့ရဲ့ ပွဲစဉ်ဇယားက မလွယ်ပါဘူး။ ဒါပေမယ့် ကောင်းမွန်တဲ့ စိတ်ဓါတ်ပိုင်းတွေ ရှိနေပြီး ကျနေ်ာတို့ရဲ့ အဆင့်ကို ဆက်ပြီး ထိန်းသိမ်းနိုင်ပါတယ်။ ခက်ခဲတဲ့ပွဲအဖြစ် အာဆင်နယ်ကို ယှဉ်ပြိုင်ရဖို့ ရှိနေပေမယ့် ကျနေ်ာတို့ ပြင်ဆင်ထားပါတယ်။
အသင်းက ပိုကောင်းလာနေပါပြီ။ ကျနေ်ာတို့ ယုံကြည်မှုတွေ ပြန်ပြီး ရနေသလို ဒီပုံစံကောင်းတွေကို ဆက်ပြီး ထိန်သိမ်းသွားမှာပါ ” က ဆိုတယ်။
လက်စတာဟာ ထိပ်ဆုံးလေးသင်း ဝင်ခွင့် တစ်နေရာကို ရယူထားနိုင်ပြီး အမှတ်တွေ အများအပြား စုဆောင်းထားနိုင်ပါတယ်။ ဒါပေမယ့်လည်း ကိုရိုနာကပ်ဘေးအပြီး ဘောလုံးပွဲတွေ ပြန်ကစားရာမှာတော့ ရလဒ်တွေ ထိခိုက်နေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်မှာ ချယ်ဆီး၊ ယူနိုက်တက်တို့ထံက ဖိအားကြီးတွေ စရနေတာဖြစ်တယ်။
စပိန်သားကပဲ ” ပြိုင်ဘက်တွေထက် ကိုယ်အကြောင်းကို စဉ်းစားနေဖို့ လိုပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်က ကျနေ်ာတို့ လက်ထဲမှာ ရှိနေဆဲပါ။ အတိတ်တုန်းက အရမ်းကောင်းတဲ့ ကိစ္စတွေ လုပ်ထားပြီး ဒါကို အဝေးကို လွှင့်ပစ်လိုက်လို့ မရပါဘူး။
ချယ်ဆီးနဲ့ ယူနိုက်တက်က ကျနေ်ာတို့ကို တကယ်ကိုပဲ ဖိအားတွေ ပေးလာနေပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်က ကျနေ်ာတို့ လက်ထဲမှာဖြစ်ပြီး အကောင်းမြင်နိုင်ဆဲ ဖြစ်ပါတယ် ” လို့ ပြောဆိုသွားပါတယ်။
ZAWGYI – လက်စတာ တိုက်စစ်သမား ပီရက်စ်က ဒီအပတ်မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာက ၄င်းတို့အသင်းရဲ့ ဥရောပဝင်ခွင့်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာမယ့် ပွဲအဖြစ် ဝန်ခံလိုက်ပါတယ်။
ပီရက်စ်က ” ကျနော်တို့ရဲ့ ပွဲစဉ်ဇယားက မလွယ်ပါဘူး။ ဒါပေမယ့် ကောင်းမွန်တဲ့ စိတ်ဓါတ်ပိုင်းတွေ ရှိနေပြီး ကျနော်တို့ရဲ့ အဆင့်ကို ဆက်ပြီး ထိန်းသိမ်းနိုင်ပါတယ်။ ခက်ခဲတဲ့ပွဲအဖြစ် အာဆင်နယ်ကို ယှဉ်ပြိုင်ရဖို့ ရှိနေပေမယ့် ကျနော်တို့ ပြင်ဆင်ထားပါတယ်။
ချယ်ဆီးနဲ့ ယူနိုက်တက်က ကျနော်တို့ကို တကယ်ကိုပဲ ဖိအားတွေ ပေးလာနေပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်က ကျနော်တို့ လက်ထဲမှာဖြစ်ပြီး အကောင်းမြင်နိုင်ဆဲ ဖြစ်ပါတယ် ” လို့ ပြောဆိုသွားပါတယ်။