အင်္ဂလန် လက်ရွေးစင်အဆင့်ကို ရောက်ရှိသွားဖို့ နီးစပ်နေတဲ့ ပရီးမီးယားလိဂ် လူငယ်စတား ၄ ဦး

UNICODE – ဘုန်းမောက်ကို ယူနိုက်တက် အနိုင်ရတဲ့ပွဲမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသခဲ့တဲ့ တိုက်စစ်သမား ဂရင်းဝုဒ်ကို လက်ရွေးစင်အသင်းထံ ဆင့်ခေါ်ဖို့ မန်နေဂျာဆောက်ဂိတ်က စဉ်းစားလာခဲ့ပြီဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် တိုက်စစ်သမားက ဒီရာသီ ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၁၅ ဂိုးထိ သွင်းယူနိုင်ခဲ့ပါပြီ။ The Athletic ကတော့ မန်နေဂျာဆောက်ဂိတ်ဟာ စက်တင်ဘာလ ၅ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် အိုက်စလန်ပွဲနဲ့ နောက်ထပ် ၃ ရက်အကြာမှာ ယှဉ်ပြိုင်ရမယ့် ဒိန်းမတ်ပွဲတွေမှာ ဂရင်းဝုဒ်ကို လက်ရွေးစင်အသင်းအတွက် ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ ဖော်ပြခဲ့တယ်။

ဂရင်းဝုဒ်အပြင် ယူနိုက်တက်က ရှက်ဖီးအသင်းထံ အငှားချထားတဲ့ အသက် ၂၃ နှစ်အရွယ် ဂိုးသမား ဒင်းဟန်ဒါဆန်၊ မန်စီးတီးမှာ တောက်ပနေတဲ့ ကွင်းလယ်လူ ဖိုဒန် (၂၀ နှစ်) နဲ့ အာဆင်နယ်ရဲ့ တက်သစ်စ ကစားသမားလေး ဆာကာ (၁၉ နှစ်) တို့ကလည်း ဆောက်ဂိတ် ဆင့်ခေါ်လိုတဲ့ ကစားသမားများ စာရင်းမှာ ပါဝင်နေပါတယ်။

ဒီလူငယ် လေးဦးက ဒီရာသီ ပရီးမီးယားလိဂ်မှာ တောက်ပလာခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ ကိုရိုနာ ကပ်ဘေးကြောင့် လက်ရွေးစင်ပွဲတွေကို နောက်ဆုတ်ခဲ့ပြီး ယူရို ပြိုင်ပွဲကို ၂၀၂၁ မှာ ကျင်းပမှာဖြစ်ကာ ကမ္ဘာဖလားကတော့ ၂၀၂၂ ခုနှစ်မှာ ကျင်းပသွားဖို့ ရှိနေတာပါ။

အဓိက ပြိုင်ပွဲကြီးတွေအတွက် လူစာရင်းတစ်ခုကို တည်ဆောက်ရမယ့် မန်နေဂျာဆောက်ဂိတ်က ဆန်ချို၊ ထရန့်၊ မောင့်နဲ့ အိုဒွိုင်းတို့ကို လက်ရွေးစင်အသင်းမှာ နေရာပေးဖိုပလည်း ရှိနေတယ်။ အသစ် ထပ်ခေါ်မယ့် လူငယ်တွေကတော့ သူတို့ရဲ့ တိုးတက်လာမှုအရ ကစားသမားလေးတွေရဲ့ ယုံကြည်မှု တိုးပွှားလာဖို့ကို ချီးမြှောက်တဲ့ အနေနဲ့ စီနီယာအဆင့်ထံ ခေါ်ယူဖို့ ရည်ရွယ်လာခြင်းလို့ သိရပါတယ်။

ZAWGYI – ဘုန္းေမာက္ကို ယူႏုိက္တက္ အႏုိင္ရတဲ့ပြဲမွာ အေကာင္းဆံုး ေျခစြမ္းေတြ ျပသခဲ့တဲ့ တိုက္စစ္သမား ဂရင္းဝုဒ္ကို လက္ေရြးစင္အသင္းထံ ဆင့္ေခၚဖို႔ မန္ေနဂ်ာေဆာက္ဂိတ္က စဥ္းစားလာခဲ့ျပီျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္ တိုက္စစ္သမားက ဒီရာသီ ျပိဳင္ပြဲစံု ၄၁ ပြဲမွာ ၁၅ ဂိုးထိ သြင္းယူႏုိင္ခဲ့ပါျပီ။ The Athletic ကေတာ့ မန္ေနဂ်ာေဆာက္ဂိတ္ဟာ စက္တင္ဘာလ ၅ ရက္ေန႔မွာ ယွဥ္ျပိဳင္ရမယ့္ အိုက္စလန္ပြဲနဲ႔ ေနာက္ထပ္ ၃ ရက္အၾကာမွာ ယွဥ္ျပိဳင္ရမယ့္ ဒိန္းမတ္ပြဲေတြမွာ ဂရင္းဝုဒ္ကို လက္ေရြးစင္အသင္းအတြက္ ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ ေဖာ္ျပခဲ့တယ္။

ဂရင္းဝုဒ္အျပင္ ယူႏုိက္တက္က ရွက္ဖီးအသင္းထံ အငွားခ်ထားတဲ့ အသက္ ၂၃ ႏွစ္အရြယ္ ဂိုးသမား ဒင္းဟန္ဒါဆန္၊ မန္စီးတီးမွာ ေတာက္ပေနတဲ့ ကြင္းလယ္လူ ဖိုဒန္ (၂၀ ႏွစ္) နဲ႔ အာဆင္နယ္ရဲ႕ တက္သစ္စ ကစားသမားေလး ဆာကာ (၁၉ ႏွစ္) တို႔ကလည္း ေဆာက္ဂိတ္ ဆင့္ေခၚလိုတဲ့ ကစားသမားမ်ား စာရင္းမွာ ပါဝင္ေနပါတယ္။

ဒီလူငယ္ ေလးဦးက ဒီရာသီ ပရီးမီးယားလိဂ္မွာ ေတာက္ပလာခဲ့တဲ့ ကစားသမားေတြျဖစ္တဲ့ ကိုရိုနာ ကပ္ေဘးေၾကာင့္ လက္ေရြးစင္ပြဲေတြကို ေနာက္ဆုတ္ခဲ့ျပီး ယူရို ျပိဳင္ပြဲကို ၂၀၂၁ မွာ က်င္းပမွာျဖစ္ကာ ကမၻာဖလားကေတာ့ ၂၀၂၂ ခုႏွစ္မွာ က်င္းပသြားဖို႔ ရွိေနတာပါ။

အဓိက ျပိဳင္ပြဲၾကီးေတြအတြက္ လူစာရင္းတစ္ခုကို တည္ေဆာက္ရမယ့္ မန္ေနဂ်ာေဆာက္ဂိတ္က ဆန္ခ်ိဳ၊ ထရန္႔၊ ေမာင့္နဲ႔ အိုဒိြဳင္းတို႔ကို လက္ေရြးစင္အသင္းမွာ ေနရာေပးဖိုပလည္း ရွိေနတယ္။ အသစ္ ထပ္ေခၚမယ့္ လူငယ္ေတြကေတာ့ သူတို႔ရဲ႕ တိုးတက္လာမႈအရ ကစားသမားေလးေတြရဲ႕ ယံုၾကည္မႈ တိုးပႊားလာဖို႔ကို ခ်ီးေျမွာက္တဲ့ အေနနဲ႔ စီနီယာအဆင့္ထံ ေခၚယူဖို႔ ရည္ရြယ္လာျခင္းလို႔ သိရပါတယ္။