လိုရစ်၊ ဆွန်ဟောင်မင်တို့ရဲ့ ရန်ပွဲနဲ့ ပက်သက်ပြီး လိုရစ်ကိုယ်တိုင်နဲ့ မော်ရင်ညိုတို့ရဲ့ ဖြေရှင်းချက်

UNICODE – စပါးမန်နေဂျာ မော်ရင်ညိုက ပထမပိုင်းအပြီးမှာ လိုရစ်နဲ့ ဆွန်ဟောင်မင်ကြား တွန်းထိုးမှုတွေဖြစ်လို့ အသင်းဖော်တွေ ဖြန့်ဖြေရတဲ့ ကိစ္စကို လှပတဲ့ ကိစ္စဖြစ်ကြောင်းနဲ့ အသင်းအနေနဲ့ တိုးတက်လာဖို့ ဒီလို တိုက်ခိုက်မှုတွေ လိုအပ်ပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ပထမပိုင်းမှာ ၁-၀ နဲ့ အနိုင်ရနေခဲ့တာဖြစ်ပြီး တစ်ပိုင်းအပြီး အဝတ်လဲခန်းကို အပြန်မှာ လိုရစ်က ဆွန်ကို အော်ဟစ်ဟာ ပြေးလိုက်လာပြီး တွန်းထိုးခဲ့တာပါ။ ဆွန်ကလည်း မပျော်မရွှင်ဖြစ်ကာ လိုရစ်ကို ပြန်လည် တွန်းထိုးခဲ့တာဖြစ်တယ်။ အသင်းဖော်တွေက သူတို့ နှစ်ဦးကို အဝတ်လဲခန်းဝင်တဲ့ ဥမင်ထဲကို တွန်းလွှတ်ပြီး လိုက်ဝင်သွားခဲ့ပါတယ်။

ပွဲအပြီးမှာ လိုရစ်က ” ဒါက အဝတ်လဲခန်းရဲ့ ကိစ္စပါ။ အပြင်လူတွေ ဘယ်လိုပဲ ပြောပြောပေါ့။ ဒီကနေ့ ကျနော်နဲ့ ဆွန်ကြားမှာ ဖြစ်ခဲ့တာက ဘောလုံးမှာ ဖြစ်တတ်တဲ့ ကိစ္စပါ။ ပွဲအပြီးမှာတော့ ကျနော်တို့ ပျော်ရွှင်နေခဲ့ကြတာကို ခင်ဗျားတို့ မြင်နိုင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

အဲဗာတန်ကို နိုင်ပွဲက မော်ရင်ညိုအတွက် ပရီးမီးယားလိဂ် နိုင်ပွဲ ၂၀၀ ပြည့်ခဲ့တာဖြစ်ပြီး လိဂ်သမိုင်းမှာတော့ ဒီစံချိန်ကို ရောက်တဲ့ ၅ ဦးမြောက် မန်နေဂျာ ဖြစ်လာခဲ့ပါတယ်။ အသင်းဖော်တွေ တွန်းထိုးမှုဖြစ်ခဲ့ခြင်းကို မော်ရင်ညိုကလည်း

” ခင်ဗျားတို့ တစ်ယောက်ယောက်ကို အပြစ်တင်လိုရင် ကျနော်ကိုပဲ အပြစ်တင်ပါ။ ကောင်လေးတွေအတွက် ကျနော်က အပြစ်တင်ခံထိုက်သူပါ။ သူတို့က ဝေဖန်မှုတွေ မခံရသင့်ပါဘူး။ အသင်းဖော်တွေကြား တစ်ဦးနဲ့ တစ်ဦး ပိုတောင်းဆိုမှုလုပ်ဖို့ ကျနော် ကိုယ်တိုင်က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဆွန်က ကစားသမားကောင်းပါ။ လူတိုင်းကလည်း ဆွန်ကို နှစ်သက်ကြတယ်။ လိုရစ်က အသင်းခေါင်းဆောင်ဖြစ်ပြီး အသင်းကို ပိုပြီး ပေးဆပ် ကစားကြဖို့ တောင်းဆိုပါတယ်။ အသင်းတစ်သင်းက အခုလို အရွယ်ရောက်လာသင့်ပါတယ်။ ကြီးမားတဲ့ ပုဂ္ဂိုလ်ရေးတွေနဲ့ တိုးတက်လာသင့်တယ်။ ဒီအတွက် တုန့်ပြန်မှုတွေ ရှိမယ်ဆိုတာ သံသယ မရှိပါဘူး ” လို့ ပြောခဲ့ပါတယ်။

လိုရစ်က ဆွန်ကို ဒေါသတကြီး တွန်းထိုးခဲ့တာက အဲဗာတန် ကစားသမားတွေကို ဖိအားပေးဖို့ လမ်းညွှန်ချက်ကို မလိုက်နာတာကြောင့်လို့တော့ သိရပါတယ်။

ZAWGYI – စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳက ပထမပိုင္းအျပီးမွာ လိုရစ္နဲ႔ ဆြန္ေဟာင္မင္ၾကား တြန္းထိုးမႈေတြျဖစ္လို႔ အသင္းေဖာ္ေတြ ျဖန္႔ေျဖရတဲ့ ကိစၥကို လွပတဲ့ ကိစၥျဖစ္ေၾကာင္းနဲ႔ အသင္းအေနနဲ႔ တိုးတက္လာဖို႔ ဒီလို တိုက္ခိုက္မႈေတြ လိုအပ္ပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ပထမပိုင္းမွာ ၁-၀ နဲ႔ အႏုိင္ရေနခဲ့တာျဖစ္ျပီး တစ္ပိုင္းအျပီး အဝတ္လဲခန္းကို အျပန္မွာ လိုရစ္က ဆြန္ကို ေအာ္ဟစ္ဟာ ေျပးလိုက္လာျပီး တြန္းထိုးခဲ့တာပါ။ ဆြန္ကလည္း မေပ်ာ္မရႊင္ျဖစ္ကာ လိုရစ္ကို ျပန္လည္ တြန္းထိုးခဲ့တာျဖစ္တယ္။ အသင္းေဖာ္ေတြက သူတို႔ ႏွစ္ဦးကို အဝတ္လဲခန္းဝင္တ့ဲ ဥမင္ထဲကို တြန္းလႊတ္ျပီး လိုက္ဝင္သြားခဲ့ပါတယ္။

ပြဲအျပီးမွာ လိုရစ္က ” ဒါက အဝတ္လဲခန္းရဲ႕ ကိစၥပါ။ အျပင္လူေတြ ဘယ္လိုပဲ ေျပာေျပာေပါ့။ ဒီကေန႔ က်ေနာ္နဲ႔ ဆြန္ၾကားမွာ ျဖစ္ခဲ့တာက ေဘာလံုးမွာ ျဖစ္တတ္တဲ့ ကိစၥပါ။ ပြဲအျပီးမွာေတာ့ က်ေနာ္တုိ႔ ေပ်ာ္ရႊင္ေနခဲ့ၾကတာကို ခင္ဗ်ားတို႔ ျမင္ႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အဲဗာတန္ကို ႏုိင္ပြဲက ေမာ္ရင္ညိဳအတြက္ ပရီးမီးယားလိဂ္ ႏုိင္ပြဲ ၂၀၀ ျပည့္ခဲ့တာျဖစ္ျပီး လိဂ္သမိုင္းမွာေတာ့ ဒီစံခ်ိန္ကို ေရာက္တဲ့ ၅ ဦးေျမာက္ မန္ေနဂ်ာ ျဖစ္လာခဲ့ပါတယ္။ အသင္းေဖာ္ေတြ တြန္းထိုးမႈျဖစ္ခ့ဲျခင္းကို ေမာ္ရင္ညိဳကလည္း

” ခင္ဗ်ားတို႔ တစ္ေယာက္ေယာက္ကို အျပစ္တင္လိုရင္ က်ေနာ္ကိုပဲ အျပစ္တင္ပါ။ ေကာင္ေလးေတြအတြက္ က်ေနာ္က အျပစ္တင္ခံထိုက္သူပါ။ သူတို႔က ေဝဖန္မႈေတြ မခံရသင့္ပါဘူး။ အသင္းေဖာ္ေတြၾကား တစ္ဦးနဲ႔ တစ္ဦး ပိုေတာင္းဆိုမႈလုပ္ဖို႔ က်ေနာ္ ကိုယ္တုိင္က တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။

ဆြန္က ကစားသမားေကာင္းပါ။ လူတိုင္းကလည္း ဆြန္ကို ႏွစ္သက္ၾကတယ္။ လိုရစ္က အသင္းေခါင္းေဆာင္ျဖစ္ျပီး အသင္းကို ပိုျပီး ေပးဆပ္ ကစားၾကဖို႔ ေတာင္းဆိုပါတယ္။ အသင္းတစ္သင္းက အခုလို အရြယ္ေရာက္လာသင့္ပါတယ္။ ၾကီးမားတဲ့ ပုဂၢိဳလ္ေရးေတြနဲ႔ တိုးတက္လာသင့္တယ္။ ဒီအတြက္ တုန္႔ျပန္မႈေတြ ရွိမယ္ဆိုတာ သံသယ မရွိပါဘူး ” လို႔ ေျပာခဲ့ပါတယ္။

လိုရစ္က ဆြန္ကို ေဒါသတၾကီး တြန္းထိုးခဲ့တာက အဲဗာတန္ ကစားသမားေတြကို ဖိအားေပးဖို႔ လမ္းညႊန္ခ်က္ကို မလိုက္နာတာေၾကာင့္လို႔ေတာ့ သိရပါတယ္။