မန်စီးတီးကို အနိုင်ယူခဲ့တာ ကြိုတင်စီစဉ်ထားတဲ့ ဂိမ်းပလန်နဲ့ပါဆိုတဲ့ ဆောက်သမ်တန် မန်နေဂျာ

UNICODE – ဆောက်သမ်တန်မန်နေဂျာ ဟာဆန်ဟက်က မန်စီးတီးကို အနိုင်ရတဲ့ပွဲမှာ ကိုက် ၄၀ အကွာက မနားတမ်း ဂိုးပေါက်ထဲ ကန်သွင်းပြီး ဂိုးရယူတဲ့ ချီအဒမ်ရဲ့ သွင်းဂိုးက ကြိုတင်စီစဉ်ထားတာပါလို့ ထုတ်ပြောလိုက်ပါတယ်။

အီဒါဆန်ဟာ မန်စီးတီးအသင်း ကစားကွက် တည်ဆောက်မှုမှာ ပါဝင်ပြီး ဘောလုံးပေးမှုတွေ လုပ်နေခဲ့တာပါ။ ဘောလုံးပေးမှု မသေသပ်ခြင်းကနေ ဆောက်သမ်တန်က အခွင့်အရေး ရချိန်မှာတော့ အီဒါဆန်ဟာ နေရာကောင်းမှာ မရှိဘဲ ရှေ့ရောက်နေခဲ့တာဖြစ်တယ်။ ချီအဒမ်က ဒီအခွင့်အရေးကို လက်လွတ် မခံခဲ့ပါဘူး။

ဟာဆန်ဟက်က ‘ အီဒါဆန်လို ဂိုးသမားကို ရထားတာက ပုံမှန်ချိန်မှာဆိုရင် ကစားကွက်တည်ဆောက်ဖို့ libero ကစားသမားတစ်ဦး ပိုင်ဆိုင်ထားသလိုပါပဲ။ ဘောလုံးကို မြန်မြန်ဆန်ဆန် ကစားမယ်ဆိုရင် သူ့ရဲ့ အနေအထားက အမြဲတမ်း ပြည့်စုံနေမှာ မဟုတ်ပါဘူး။

ကျနေ်ာတို့ရဲ့ ရည်ရွယ်ချက်က တစ်ခါတစ်လေမှာ မန်စီးတီးကို အမှားဖြစ်အောင်လုပ်ဖို့ပါပဲ။ အခွင့်အရေးရှိရင် ခပ်မြန်မြန်လေး အဆုံးသတ်မှုကို လုပ်ဖို့ ဖြစ်ပါတယ်။ ချီအဒမ်က မန်စီးတီးဂိုးသမား ရှေ့သိပ်တက်လွန်းနေတာကို သတိပြုမိတာကတော့ သိပ်ကို ထူးခြားတဲ့ အခိုက်အတန်ဖြစ်ပြီး ကောင်းမွန်တဲ့ ပထမဆုံးထိချက်လည်း ဖြစ်ခဲ့တယ်။ မယုံနိုင်လောက်တဲ့ ဂိုးပါပဲ ‘ လို့ ပြောဆိုခဲ့တာဖြစ်တယ်။

မန်စီးတီးက ပွဲကို လွှမ်းမိုး ကစားနိုင်ခဲ့ပြီး နောက်ကနေ လိုက်ကစားချိန်မှာလည်း ကစားအား တင်နိုင်ခဲ့ပေမယ့် ဆောက်တမ်သန် ခံစစ်က ကောင်းကောင်းကိုင်တွယ်ပြခဲ့တယ်။ အီဒါဆန်ရဲ့ ရှေ့ထွက်မှုက ဂိုးပေးရပေမယ့် စိုးရိမ်ခြင်း မရှိဘူးလို့ မန်စီးတီးမန်နေဂျာက ပြောပါတယ်။

ဂွာဒီယိုလာကလည်း ‘ ကျနေ်ာတို့ရဲ့ ဂိုးသမားက ကစားကွက်တည်ဆောက်မှုမှာ ပါရပါတယ်။ ပိုကောင်းကောင်း ကစားနိုင်ဖို့ပေါ့။ အဲ့တာက ကျနေ်ာတို့ကို အကူအညီဖြစ်စေပါတယ်။ အမှားလုပ်တာကတော့ အမှားလုပ်တာပါပဲ။ ဒါကပဲ ကစားပွဲရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ဒါပေမယ့် ဂိုးသမား ရှေ့တက်လို့ပဲ ကျနေ်ာတို့ ရံှူးခဲ့တာ မဟုတ်ပါဘူး။

ကျနေ်ာတို့ တိုးတက်လာပါတယ်။ ဒီလိုပွဲမျိုးကို ဒီရာသီမှာ အများကြီး ရင်ဆိုင်ထားရပြီး အရေးနိမ့်ထားပါတယ်။ ကျနေ်ာတို့ အခွင့်အရေးတွေကနေ ဂိုးတွေ သွင်းယူနိုင်ဖို့ ကြိုးစားရမှာပါ ‘ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ေဆာက္သမ္တန္မန္ေနဂ်ာ ဟာဆန္ဟက္က မန္စီးတီးကို အႏုိင္ရတဲ့ပြဲမွာ ကိုက္ ၄၀ အကြာက မနားတမ္း ဂိုးေပါက္ထဲ ကန္သြင္းျပီး ဂိုးရယူတဲ့ ခ်ီအဒမ္ရဲ႕ သြင္းဂိုးက ၾကိဳတင္စီစဥ္ထားတာပါလို႔ ထုတ္ေျပာလိုက္ပါတယ္။

အီဒါဆန္ဟာ မန္စီးတီးအသင္း ကစားကြက္ တည္ေဆာက္မႈမွာ ပါဝင္ျပီး ေဘာလံုးေပးမႈေတြ လုပ္ေနခဲ့တာပါ။ ေဘာလံုးေပးမႈ မေသသပ္ျခင္းကေန ေဆာက္သမ္တန္က အခြင့္အေရး ရခ်ိန္မွာေတာ့ အီဒါဆန္ဟာ ေနရာေကာင္းမွာ မရွိဘဲ ေရွ႔ေရာက္ေနခဲ့တာျဖစ္တယ္။ ခ်ီအဒမ္က ဒီအခြင့္အေရးကို လက္လြတ္ မခံခဲ့ပါဘူး။

ဟာဆန္ဟက္က ‘ အီဒါဆန္လို ဂိုးသမားကို ရထားတာက ပံုမွန္ခ်ိန္မွာဆိုရင္ ကစားကြက္တည္ေဆာက္ဖို႔ libero ကစားသမားတစ္ဦး ပိုင္ဆိုင္ထားသလိုပါပဲ။ ေဘာလံုးကို ျမန္ျမန္ဆန္ဆန္ ကစားမယ္ဆိုရင္ သူ႔ရဲ႕ အေနအထားက အျမဲတမ္း ျပည့္စံုေနမွာ မဟုတ္ပါဘူး။

က်ေန္ာတို႔ရဲ႕ ရည္ရြယ္ခ်က္က တစ္ခါတစ္ေလမွာ မန္စီးတီးကို အမွားျဖစ္ေအာင္လုပ္ဖို႔ပါပဲ။ အခြင့္အေရးရွိရင္ ခပ္ျမန္ျမန္ေလး အဆံုးသတ္မႈကို လုပ္ဖို႔ ျဖစ္ပါတယ္။ ခ်ီအဒမ္က မန္စီးတီးဂိုးသမား ေရွ႔သိပ္တက္လြန္းေနတာကို သတိျပဳမိတာကေတာ့ သိပ္ကို ထူးျခားတဲ့ အခိုက္အတန္ျဖစ္ျပီး ေကာင္းမြန္တဲ့ ပထမဆံုးထိခ်က္လည္း ျဖစ္ခဲ့တယ္။ မယံုႏုိင္ေလာက္တဲ့ ဂိုးပါပဲ ‘ လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။

မန္စီးတီးက ပြဲကို လႊမ္းမုိး ကစားႏုိင္ခဲ့ျပီး ေနာက္ကေန လိုက္ကစားခ်ိန္မွာလည္း ကစားအား တင္ႏုိင္ခဲ့ေပမယ့္ ေဆာက္တမ္သန္ ခံစစ္က ေကာင္းေကာင္းကိုင္တြယ္ျပခဲ့တယ္။ အီဒါဆန္ရဲ႕ ေရွ႔ထြက္မႈက ဂိုးေပးရေပမယ့္ စိုးရိမ္ျခင္း မရွိဘူးလို႔ မန္စီးတီးမန္ေနဂ်ာက ေျပာပါတယ္။

ဂြာဒီယိုလာကလည္း ‘ က်ေန္ာတို႔ရဲ႕ ဂိုးသမားက ကစားကြက္တည္ေဆာက္မႈမွာ ပါရပါတယ္။ ပိုေကာင္းေကာင္း ကစားႏုိင္ဖို႔ေပါ့။ အဲ့တာက က်ေန္ာတို႔ကို အကူအညီျဖစ္ေစပါတယ္။ အမွားလုပ္တာကေတာ့ အမွားလုပ္တာပါပဲ။ ဒါကပဲ ကစားပြဲရဲ႕ အစိတ္အပိုင္း တစ္ခုပါပဲ။ ဒါေပမယ့္ ဂိုးသမား ေရွ႔တက္လို႔ပဲ က်ေန္ာတုိ႔ ရံွဴးခဲ့တာ မဟုတ္ပါဘူး။

က်ေန္ာတို႔ တိုးတက္လာပါတယ္။ ဒီလိုပြဲမ်ိဳးကို ဒီရာသီမွာ အမ်ားၾကီး ရင္ဆိုင္ထားရျပီး အေရးနိမ့္ထားပါတယ္။ က်ေန္ာတို႔ အခြင့္အေရးေတြကေန ဂိုးေတြ သြင္းယူႏုိင္ဖို႔ ၾကိဳးစားရမွာပါ ‘ လို႔ ဆိုခ့ဲတာ ျဖစ္ပါတယ္။