ခက်ခဲတဲ့ အဝေးကွင်းနိုင်ပွဲ အပြီးမှာ ဂန်းနားတွေရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အကြောင်း ဆိုလာတဲ့ အာတီတာ

အာဆင်နယ်ဟာ ညက ပွဲမှာ ခြေမှန်နေတဲ့ ဝုဗ်အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ပြီး ၂-၀ နဲ့ အနိုင်ယူကာ အဖိုးတန် အနိုင် သုံးမှတ် ရယူနိုင်ခဲ့ပါတယ်။ နည်းပြ အာတီတာကတော့ ဒီပွဲက အကောင်းဆုံး ရလဒ် ရတဲ့ ပွဲတွေထဲ ပါဝင်တယ် ဆိုလိုက်ပြီး အာဆင်နယ် နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အခြေအနေ အကြောင်း သုံးသပ် ဖြေကြားခဲ့ပါတယ်။

ပထမပိုင်းတည်းက ဆယ်ကျော်သက် လူငယ် ကစားသမား ဆာကာရဲ့ သွင်းဂိုးနဲ့ အာဆင်နယ် ဦးဆောင်ထားနိုင်ခဲ့ပြီး အိမ်ရှင် ဝုဗ် အသင်းရဲ့ ထိုးဖောက် မှုတွေကို အာဆင်နယ် ခံစစ်က ထူးထူးခြားခြား သေချာ ကိုင်တွယ် ကစားသွားခဲ့ပါတယ်။ ပထမပိုင်း ရလဒ်နဲ့ပဲ ပွဲပြီးမယ် ထင်ခဲ့ပေမယ့် ပွဲပြီးခါနီး လာကာဇက်တီ သွင်းဂိုးကြောင့် အာဆင်နယ်တို့ ၂-၀ နဲ့ နိုင်ခဲ့ပါတယ်။

” ဒီပွဲက ကျနေ်ာ ရဖူးတဲ့ အကောင်းဆုံး ရလဒ်တွေထဲ ပါတယ် ဆိုရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် ရထားတဲ့ ပွဲစဉ်ဇယား အခြေအနေ ရယ် သူတို့ အသင်း လုပ်ပြထားတာတွေရယ်ကြောင့်ပါ။ ဒါက ကျနော်တို့ အတွက် ရှေ့ ခြေလှမ်းတစ်ရပ် တိုးနိုင်တာပဲ ဖြစ်တယ်။ ကျနော်တို့ ကျစ်လစ် ခိုင်မာလေ အခွင့်ကောင်းတွေ ပိုရလေပါပဲ။ ကျနော်တို့ နိုင်ပွဲတွေ လိုအပ်ပါတယ်။ ဒါကလည်း အသင်းသား ၁၁ ယောက်လုံး ခံစစ်မှာ ပါဝင်ဖို့ လိုတယ်။

ဘရိုက်တန်နဲ့ ပွဲအပြီးမှာ အသင်း အားထုတ်မှုတွေ မြင်ရတာ ကျေနပ်ပါတယ်။ ကျေနာ် ပြောခဲ့ပါတယ် ပြိုင်ဘက် အသင်းတွေကို ဘာမှ ပေးလို့ မရတော့ပါဘူးလို့ ဒီပွဲကနေ နောက်ထပ် နိုင်ပွဲတွေ ဆက်ယူဖို့ အခွင့်ကောင်းတွေ ရမယ် မျှော်လင့်ပါတယ်။ ” လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ် မျှော်လင့်ချက်နဲ့ ပတ်သတ်ပြီး အာတီတာက – ” ကျနော်တို့က အမှားခံလို့ မရတဲ့ အနေအထားပါ။ လွန်ခဲ့တဲ့ နှစ်ပတ်ကတော့ ဒီလို ပြောဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် အခုလို ဖိအားပေးပြီး ဆက်လက် ယှဉ်ပြိုင်မယ် ပြိုင်ဘက်တွေကို ခက်ခဲအောင် လုပ်မယ်။ ကျနေ်ာတို့ ဆက်စောင့်ကြည့်ရမှာပါ။ ” လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ဝုဗ်ကို အနိုင်ယူပြီးနောက် အဆင့် ၇ မှာ ရှိသော်လည်း အဆင့် ၄ နေရာမှ ချယ်ဆီးနဲ့တော့ ၈ မှတ်ထိ ကွာဟနေဆဲ ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္ဟာ ညက ပြဲမွာ ေျခမွန္ေနတဲ့ ၀ုဗ္အသင္းကို အေ၀းကြင္းမွာ သြားေရာက္ရင္ဆိုင္ျပီး ၂-၀ နဲ႕ အနုိင္ယူကာ အဖိုးတန္ အနိုင္ သံုးမွတ္ ရယူနိုင္ခဲ့ပါတယ္။ နည္းျပ အာတီတာကေတာ့ ဒီပြဲက အေကာင္းဆံုး ရလဒ္ ရတဲ့ ပြဲေတြထဲ ပါ၀င္တယ္ ဆိုလိုက္ျပီး အာဆင္နယ္ နဲ႕ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အေျခအေန အေၾကာင္း သံုးသပ္ ေျဖၾကားခဲ့ပါတယ္။

ပထမပိုင္းတည္းက ဆယ္ေက်ာ္သက္ လူငယ္ ကစားသမား ဆာကာရဲ႕ သြင္းဂိုးနဲ႕ အာဆင္နယ္ ဦးေဆာင္ထားနုိင္ခဲ့ျပီး အိမ္ရွင္ ၀ုဗ္ အသင္းရဲ႕ ထိုးေဖာက္ မႈေတြကို အာဆင္နယ္ ခံစစ္က ထူးထူးျခားျခား ေသခ်ာ ကိုင္တြယ္ ကစားသြားခဲ့ပါတယ္။ ပထမပိုင္း ရလဒ္နဲ႕ပဲ ပြဲျပီးမယ္ ထင္ခဲ့ေပမယ့္ ပြဲျပီးခါနီး လာကာဇက္တီ သြင္းဂိုးေၾကာင့္ အာဆင္နယ္တို႔ ၂-၀ နဲ႕ နိုင္ခဲ့ပါတယ္။

” ဒီပြဲက က်ေန္ာ ရဖူးတဲ့ အေကာင္းဆံုး ရလဒ္ေတြထဲ ပါတယ္ ဆိုရမွာပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်ေနာ္ ရထားတဲ့ ပြဲစဥ္ဇယား အေျခအေန ရယ္ သူတို႔ အသင္း လုပ္ျပထားတာေတြရယ္ေၾကာင့္ပါ။ ဒါက က်ေနာ္တို႔ အတြက္ ေရွ႕ ေျခလွမ္းတစ္ရပ္ တိုးနုိင္တာပဲ ျဖစ္တယ္။ က်ေနာ္တို႔ က်စ္လစ္ ခိုင္မာေလ အခြင့္ေကာင္းေတြ ပိုရေလပါပဲ။ က်ေနာ္တို႔ နုိင္ပြဲေတြ လိုအပ္ပါတယ္။ ဒါကလည္း အသင္းသား ၁၁ ေယာက္လံုး ခံစစ္မွာ ပါ၀င္ဖို႔ လိုတယ္။

ဘရိုက္တန္နဲ႕ ပြဲအျပီးမွာ အသင္း အားထုတ္မႈေတြ ျမင္ရတာ ေက်နပ္ပါတယ္။ ကေ်နာ္ ေျပာခဲ့ပါတယ္ ျပိဳင္ဘက္ အသင္းေတြကို ဘာမွ ေပးလို႔ မရေတာ့ပါဘူးလို႔ ဒီပြဲကေန ေနာက္ထပ္ နုိင္ပြဲေတြ ဆက္ယူဖို႔ အခြင့္ေကာင္းေတြ ရမယ္ ေမွ်ာ္လင့္ပါတယ္။ ” လို႕ အာတီတာက ေျပာဆိုခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ ေမွ်ာ္လင့္ခ်က္နဲ႕ ပတ္သတ္ျပီး အာတီတာက – ” က်ေနာ္တို႔က အမွားခံလို႔ မရတဲ့ အေနအထားပါ။ လြန္ခဲ့တဲ့ နွစ္ပတ္ကေတာ့ ဒီလို ေျပာဖို႔က မျဖစ္နုိင္သေလာက္ပါပဲ။ ဒါေပမယ့္ အခုလို ဖိအားေပးျပီး ဆက္လက္ ယွဥ္ျပိဳင္မယ္ ျပိဳင္ဘက္ေတြကို ခက္ခဲေအာင္ လုပ္မယ္။ က်ေန္ာတို႔ ဆက္ေစာင့္ၾကည့္ရမွာပါ။ ” လို႔ အာတီတာက ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ၀ုဗ္ကို အနုိင္ယူျပီးေနာက္ အဆင့္ ၇ မွာ ရွိေသာ္လည္း အဆင့္ ၄ ေနရာမွ ခ်ယ္ဆီးနဲ႕ေတာ့ ၈ မွတ္ထိ ကြာဟေနဆဲ ျဖစ္ပါတယ္။