ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်ဆွဲမယ်လို့ သူယူဆတဲ့ အသင်းနှစ်သင်းကို ကလော့ပ် ထုတ်ပြော

UNICODE – လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ကို ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ရပေမယ့် ချန်ပီယံဘွဲ့ လွဲယူမယ့် အသင်းကတော့ မပေါ်လာသေးပါဘူး။

ဒီရာသီ ချန်ပီယံလိဂ် လက်ကျန်ပွဲတွေကို သြဂုတ်လအတွင်း ပေါ်တူဂီမှာ ယှဉ်ပြိုင်သွားမှာဖြစ်တယ်။ ကလော့ပ်ကတော့ သူ့အသင်း မပါဝင်တော့ပေမယ့် ဒီရာသီ ချန်ပီယံလိဂ်ကို ဗိုလ်ဆွဲမယ်လို့ သူထင်တဲ့ အသင်းတွေကို ရွေးချယ်ပေးရာမှာ ပြိုင်ဘက်ဟောင်း ဘိုင်ယန်နဲ့ ပရီးမီးယားလိဂ်မှ မန်စီးတီးတို့ကို ရွေးချယ်ပေးခဲ့ပါတယ်။

ဒါပေမယ့် အခြားသော ကလပ်တွေကလည်း အခွင့်အရေးတွေ ရှိနေသေးပြီး ချန်ပီယံလိဂ်ပြိုင်ပွဲက စိတ်ဝင်စားကောင်းတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း ကလော့ပ်က ပြောခဲ့ပါတယ်။

ကလော့ပ်က “ ကျနော် အတွက်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲ လက်ကျန်အသင်းတွေထဲမှာ အကြိုက်ဆုံး နှစ်သင်းက ဘိုင်ယန်နဲ့ မန်စီးတီးပါ။ ဒီပြိုင်ပွဲက စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ဘာဖြစ်လာမယ်ဆိုတာတော့ ကျနော် အတိအကျ မသိပါဘူး။ သူတို့နှစ်သင်း ဆီမီးဖိုင်နယ်မှာ တွေ့မလား၊ ဘာလားပေါ့။

ဂျာမာန်မှာတော့ ဘိုင်ယန်က အထင်ကြီးစရာကောင်းတဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ထားပါတယ်။ လော့ဒေါင်း မတိုင်ခင်မှာကော အပြီးမှာပါ သူတို့ သိပ်ကောင်းထားတယ်။ ဖီလစ် လက်လွဲယူမှု အပြီးမှာ ဘိုင်ယန်က သိပ်ကို အထင်ကြီးဖို့ ကောင်းပါတယ်။ သူတို့ နှစ်သင်းက ရေပန်းအစားဆုံး အသင်း နှစ်သင်းပါ။

ပြိုင်ပွဲက လုံးဝကို စိတ်လှုပ်ရှားစရာဆိုပေမယ့် မန်စီးတီးအသင်းနဲ့ သူတို့ရဲ့ လူစာရင်းကို လေ့လာကြည့်ပါ။ အသင်းတိုင်း ကံကောင်းဖို့ လိုပါတယ်။ ကျနော် ပြောခဲ့သလိုပဲ ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ဆိုတာ ဗိုလ်လုပွဲအတွက် အကောင်းဆုံး လူစာရင်းကို ပိုင်ထားဖို့ လိုတယ်။

အခြားအသင်းတွေက အခွင့်အရေး မရှိဘူးလို့ ကျနော် မပြောပါဘူး။ ဒါပေမယ့် ဒီနှစ်ကပဲ ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်ဆွဲဖို့ ရေပန်းစားမယ်လို့ ကျနော် တကယ်ကို ယူဆပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI – လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ကို ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ရပေမယ့် ချန်ပီယံဘွဲ့ လွဲယူမယ့် အသင်းကတော့ မပေါ်လာသေးပါဘူး။





