အီဒင်ဟာဇက်နဲ့ နှိုင်းယှဉ်ခံရမှုတွေ ရှိလာတာကို ပျော်ရွှင်နေတဲ့ ချယ်ဆီး ကြယ်ပွင့်

UNICODE – ချယ်ဆီးက ဝတ်ဖိုဒ့်ကို အိမ်ကွင်းမှာ ဧည့်ခံကစားတဲ့ ပွဲမှာတော့ ဂျီရူး၊ ဘာကလေ၊ ဝီလီယမ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ခဲ့ပါတယ်။

ဒီပွဲမှာတော့ ဘာကလေနဲ့ မောင့်တို့ရဲ့ ခြေစွမ်း အတော်လေး ကောင်းခဲ့ပါတယ်။ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို မောင့်က ရသွားခဲ့တယ်။ ဒါ့အပြင် ချယ်ဆီးပရိသတ်တွေက တိုက်စစ်သမားလေး ပူလီဆစ်ရဲ့ ခြေစွမ်းကိုလည်း ချီးကျူးခဲ့ကြတယ်။ တိုက်စစ်သမားကတော့ အသင်းရဲ့ စွမ်းဆောင်မှုကို ကျေနပ်တယ်လို့ ပွဲအပြီး စကိုင်းစပေါ့ကို ပြောပါတယ်။

ပူလီဆစ်က ” ဒီလိုမျိုး စွမ်းဆောင်နိုင်ဖို့ လိုခဲ့ပါတယ်။ အင်အားတွေ အများကြီးနဲ့ ကျနေ်ာတို့ ပွဲထွက်လာခဲ့ပြီး ရလဒ်ကောင်းကိုလည်း ယူနိုင်ခဲ့တယ်။ အထူးသဖြင့် အရင်ပွဲလို ရမှတ်တွေ ဆုံးရံှူးအပြီး နိုင်ပွဲပြန်ရခဲ့တာပါ။ အဲ့သည် ရံှူးပွဲကပဲ ကျနေ်ာတို့ကို အပိုစွမ်းအားတွေ ပေးခဲ့တာဖြစ်တယ်။ ကျနေ်ာတို့ အရံျူးရလဒ်ကနေ သက်သေပြလိုစိတ် ရှိခဲ့ကြပါတယ်။

ကျနော်ကို ပြစ်ဒဏ်လုပ်သွားတာ ဒုတိယအကြိမ်ပါ။ ပင်နယ်တီ မပေးတော့ဘူးလို့ ထင်ထားပေမယ့် ပင်နယ်တီ ဖြစ်ခဲ့တယ်။ အခုချိန်မှာ ကျနော် ယုံကြည်မှုလည်း မြင့်မားနေပါတယ်။ အသင်းကို ကူညီပေးနိုင်နေတယ်လို့ ခံစားရတယ် ” လို့ ပွဲအပြီးမှာ ပြောဆိုပါတယ်။

ဘောလုံးပွဲတွေ ပြန်စတင်ပြီးနောက် ပူလီဆစ်ဟာ ချယ်ဆီးအတွက် တောက်လျှောက် ခြေစွမ်းပြလာခဲ့တာပါ။ ဝတ်ဖိုဒ့်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူ့ရဲ့ ခြေစွမ်းက အတော်လေး ကောင်းခဲ့တာကြောင့် ဟာဇက်နဲ့ နှိုင်းယှဉ်ခံရမှုတွေ ရှိခဲ့ပါတယ်။

အမေရိကန် တိုက်စစ်သမားက ” အီဒင်ဟာဇက်က ချယ်ဆီးအတွက် မယုံနိုင်လောက်တဲ့ ကစားသမားဖြစ်ခဲ့ပြီး သူက ကမ္ဘာအဆင့် ကစားသမားဖြစ်ပါတယ်။ သူနဲ့ နှိုင်းယှဉ်ဖို့ ကျနော် ကြိုးစားနေမှာ မဟုတ်ပါဘူး။ ကျနော် အသင်းဖော်တွေနဲ့ပဲ နှိုင်းယှဉ်နေဖို့ ကြိုးစားမှာပါ။

အဆင့်လေး ပြိုင်ဆိုင်မှုက ပိုကောင်းလာနေပြီး အဆုံးမှာ ဘယ်အသင်း နေရာရမလဲ ကြည့်ရမှာပါ။ ကျနေ်ာတို့က စိတ်လှုပ်ရှားနေသလို လုပ်နိုင်မယ်လို့ ယုံကြည်ချက်လည်း ရှိနေပါတယ် ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI – ခ်ယ္ဆီးက ဝတ္ဖိုဒ့္ကို အိမ္ကြင္းမွာ ဧည့္ခံကစားတဲ့ ပြဲမွာေတာ့ ဂ်ီရူး၊ ဘာကေလ၊ ဝီလီယမ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ၃-၀ ျဖင့္ ဂိုးျပတ္ အႏုိင္ခဲ့ပါတယ္။

ဒီပြဲမွာေတာ့ ဘာကေလနဲ႔ ေမာင့္တို႔ရဲ႕ ေျခစြမ္း အေတာ္ေလး ေကာင္းခဲ့ပါတယ္။ ပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ေမာင့္က ရသြားခဲ့တယ္။ ဒါ့အျပင္ ခ်ယ္ဆီးပရိသတ္ေတြက တိုက္စစ္သမားေလး ပူလီဆစ္ရဲ႕ ေျခစြမး္ကိုလည္း ခ်ီးက်ဴးခဲ့ၾကတယ္။ တိုက္စစ္သမားကေတာ့ အသင္းရဲ႕ စြမ္းေဆာင္မႈကို ေက်နပ္တယ္လို႔ ပြဲအျပီး စကိုင္းစေပါ့ကို ေျပာပါတယ္။

ပူလီဆစ္က ” ဒီလိုမ်ိဳး စြမ္းေဆာင္ႏုိင္ဖို႔ လိုခဲ့ပါတယ္။ အင္အားေတြ အမ်ားၾကီးနဲ႔ က်ေန္ာတို႔ ပြဲထြက္လာခဲ့ျပီး ရလဒ္ေကာင္းကိုလည္း ယူႏုိင္ခဲ့တယ္။ အထူးသျဖင့္ အရင္ပြဲလို ရမွတ္ေတြ ဆံုးရံွဴးအျပီး ႏုိင္ပြဲျပန္ရခဲ့တာပါ။ အဲ့သည္ ရံွဴးပြဲကပဲ က်ေန္ာတို႔ကို အပိုစြမ္းအားေတြ ေပးခဲ့တာျဖစ္တယ္။ က်ေန္ာတို႔ အရံ်ဴးရလဒ္ကေန သက္ေသျပလိုစိတ္ ရွိခဲ့ၾကပါတယ္။

က်ေနာ္ကို ျပစ္ဒဏ္လုပ္သြားတာ ဒုတိယအၾကိမ္ပါ။ ပင္နယ္တီ မေပးေတာ့ဘူးလို႔ ထင္ထားေပမယ့္ ပင္နယ္တီ ျဖစ္ခဲ့တယ္။ အခုခ်ိန္မွာ က်ေနာ္ ယံုၾကည္မႈလည္း ျမင့္မားေနပါတယ္။ အသင္းကို ကူညီေပးႏုိင္ေနတယ္လို႔ ခံစားရတယ္ ” လို႔ ပြဲအျပီးမွာ ေျပာဆိုပါတယ္။

ေဘာလံုးပြဲေတြ ျပန္စတင္ျပီးေနာက္ ပူလီဆစ္ဟာ ခ်ယ္ဆီးအတြက္ ေတာက္ေလွ်ာက္ ေျခစြမ္းျပလာခဲ့တာပါ။ ဝတ္ဖိုဒ့္နဲ႔ပြဲမွာ ဂိုးမသြင္းႏုိင္ခဲ့ေပမယ့္ သူ႔ရဲ႕ ေျခစြမ္းက အေတာ္ေလး ေကာင္းခဲ့တာေၾကာင့္ ဟာဇက္နဲ႔ ႏိႈင္းယွဥ္ခံရမႈေတြ ရွိခဲ့ပါတယ္။

အေမရိကန္ တိုက္စစ္သမားက ” အီဒင္ဟာဇက္က ခ်ယ္ဆီးအတြက္ မယံုႏုိင္ေလာက္တဲ့ ကစားသမားျဖစ္ခဲ့ျပီး သူက ကမၻာအဆင့္ ကစားသမားျဖစ္ပါတယ္။ သူနဲ႔ ႏိႈင္းယွဥ္ဖို႔ က်ေနာ္ ၾကိဳးစားေနမွာ မဟုတ္ပါဘူး။ က်ေနာ္ အသင္းေဖာ္ေတြနဲ႔ပဲ ႏိႈင္းယွဥ္ေနဖို႔ ၾကိဳးစားမွာပါ။

အဆင့္ေလး ျပိဳင္ဆိုင္မႈက ပိုေကာင္းလာေနျပီး အဆံုးမွာ ဘယ္အသင္း ေနရာရမလဲ ၾကည့္ရမွာပါ။ က်ေန္ာတုိ႔က စိတ္လႈပ္ရွားေနသလို လုပ္ႏုိုင္မယ္လို႔ ယံုၾကည္ခ်က္လည္း ရွိေနပါတယ္ ” လို႔ ေျပာဆိုသြားပါတယ္။