ရာသီကုန်မှာ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်လိမ့်မယ်လို့ ယုံကြည်နေတဲ့ ယူနိုက်တက်

UNICODE – ယူနိုက်တက် ကွင်းလယ်လူူ မာတစ်ကတော့ ဒီရာသီကို ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာဖြစ်တဲ့ အဆင့် ၃ နေရာက ရာသီသိမ်းရရင် သိပ်ကောင်းပါလိမ့်မယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ကွင်းလယ်လူကတော့ ဒီရာသီ အဆင့်သုံးနေရာမှာ ရပ်တည်နိုင်ဖို့ ယုံကြည်ချက် မြင့်မားနေတယ်။ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ရံှူးပွဲမရှိ စံချိန်ကောင်းကိုလည်း စိုက်ထူလာနေသလို အဆင့် ၅ နေရာကနေ ပြိုင်ဘက်တွေဖြစ်တဲ့ လက်စတာနဲ့ ချယ်ဆီးကို ဖိအားပေးနေတာဖြစ်ပါတယ်။

မာတစ်က “ ကျနေ်ာတို့ အပေးမှာပဲ မူတည်နေတာတော့ မဟုတ်ပါဘူး။ ကျနေ်ာတို့က ကိုယ်ပွဲတွေကိုလည်း နိုင်ရမယ်၊ ပြိုင်ဘက်တွေ ခြေချော်ဖို့ကိုလည်း စောင့်ရပါမယ်။ ကျနော်ကတော့ ယူနိုက်တက်က အဆင့် ၃ နေရာထိ ရောက်နိုင်တယ်လို့ ထင်ပါတယ်။ အဲ့လို လုပ်နိုင်ခဲ့ရင် ဒီရာသီ ကျနော်တို့အတွက် သိပ်ကောင်းပါလိမ့်မယ်။

ကျနော်ကတော့ ယုံကြည်မှု ရှိနေတယ်။ အသင်းကလည်း အခြေအနေ ကောင်းနေပါတယ်။ ကျနေ်ာတို့ အတွက်ကတော့ ပွဲတိုင်းက ဗိုလ်လုပွဲပါပဲ။ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ကို ဗိုလ်လုပွဲတွေ ရောက်မှ မဟုတ်ပါဘူး။ ပွဲတိုင်းက ဗိုလ်လုပွဲပဲ ဖြစ်ပါတယ်။ အဲ့လို စဉ်းစားထားဖို့ လိုပါတယ်။ ပွဲတိုင်းကို အဆုံးထိ ကြိုးစားရမှာဖြစ်ပြီး အဆုံးမှာ ဘာဖြစ်မလဲ ကြည့်ရပါမယ် ” ဆိုပြီး ယူနိုက်တက် တရားဝင်ဝဘ်ဆိုဒ်ကနေ ပြောခဲ့ပါတယ်။

ဒီအပတ် ရင်ဆိုင်ရမယ့် ဘုန်းမောက်အသင်းက ပရီးမီးယားလိဂ်မှာ ဆက်ကျန်နေဖို့ ကြိုးစားနေတာဖြစ်လို့ ယူနိုက်တက်အတွက် လွယ်ကူစေမှာ မဟုတ်ပါဘူး။

ဝါရင့်ကွင်းလယ်လူကပဲ “ ပရီးမီးယားလိဂ်က ခက်ခဲပါတယ်၊ အသင်းတိုင်းက အသင်းတိုင်းကို အနိုင်ယူနိုင်တယ်။ အဲ့အတွက် မအံ့သြမိပါဘူး။ ကျနော် ဒီလိဂ်မှာ ရှိနေတာ ကြာခဲ့ပါပြီ။ ကိစ္စတွေ အများကြီးကို တွေ့ထားခဲ့ပြီး ဘာမဆို ဖြစ်သွားနိုင်ပါတယ်။

သူတို့က အသင်းကောင်းပါ၊ ကုန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ ပြသထားတယ်။ သူတို့က သိပ်ကောင်းတဲ့ ဘောလုံးကိုလည်း ကစားထားတယ်။ ပြိုင်ဘက်ကြီးတွေကို ရင်ဆိုင်ပြီး ပွဲကြီးတွေကိုလည်း အနိုင်ရထားပါတယ်။ အဲ့ပွဲအတွက်ကော ပွဲတိုင်းအတွက်ပါ ကျနေ်ာတို့ ကြိုးစားရမှာပါ။ ဘုန်းမောက်ကို လေးစားရမှာဖြစ်ပေမယ့် ကျနေ်ာတို့ ဘာလုပ်နိုင်သလဲဆိုတဲ့ အရည်အချင်းကိုလည်း ယုံကြည်ပါတယ် ” လို့ ဆိုသွားပါတယ်။

ZAWGYI – ယူႏုိက္တက္ ကြင္းလယ္လူူ မာတစ္ကေတာ့ ဒီရာသီကို ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာျဖစ္တဲ့ အဆင့္ ၃ ေနရာက ရာသီသိမ္းရရင္ သိပ္ေကာင္းပါလိမ့္မယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ကြင္းလယ္လူကေတာ့ ဒီရာသီ အဆင့္သံုးေနရာမွာ ရပ္တည္ႏုိင္ဖို႔ ယံုၾကည္ခ်က္ ျမင့္မားေနတယ္။ ယူႏုိက္တက္ဟာ ျပိဳင္ပြဲစံု ရံွဴးပြဲမရွိ စံခ်ိန္ေကာင္းကိုလည္း စိုက္ထူလာေနသလို အဆင့္ ၅ ေနရာကေန ျပိဳင္ဘက္ေတြျဖစ္တဲ့ လက္စတာနဲ႔ ခ်ယ္ဆီးကို ဖိအားေပးေနတာျဖစ္ပါတယ္။

မာတစ္က “ က်ေန္ာတို႔ အေပးမွာပဲ မူတည္ေနတာေတာ့ မဟုတ္ပါဘူး။ က်ေန္ာတို႔က ကိုယ္ပြဲေတြကိုလည္း ႏုိင္ရမယ္၊ ျပိဳင္ဘက္ေတြ ေျခေခ်ာ္ဖို႔ကိုလည္း ေစာင့္ရပါမယ္။ က်ေနာ္ကေတာ့ ယူႏုိက္တက္က အဆင့္ ၃ ေနရာထိ ေရာက္ႏုိင္တယ္လို႔ ထင္ပါတယ္။ အဲ့လို လုပ္ႏိုင္ခဲ့ရင္ ဒီရာသီ က်ေနာ္တို႔အတြက္ သိပ္ေကာင္းပါလိမ့္မယ္။

က်ေနာ္ကေတာ့ ယံုၾကည္မႈ ရွိေနတယ္။ အသင္းကလည္း အေျခအေန ေကာင္းေနပါတယ္။ က်ေန္ာတို႔ အတြက္ကေတာ့ ပြဲတိုင္းက ဗိုလ္လုပြဲပါပဲ။ အက္ဖ္ေအဖလားနဲ႔ ယူရိုပါလိဂ္ကို ဗုိလ္လုပြဲေတြ ေရာက္မွ မဟုတ္ပါဘူး။ ပြဲတိုင္းက ဗိုလ္လုပြဲပဲ ျဖစ္ပါတယ္။ အဲ့လို စဥ္းစားထားဖို႔ လိုပါတယ္။ ပြဲတိုင္းကို အဆံုးထိ ၾကိဳးစားရမွာျဖစ္ျပီး အဆံုးမွာ ဘာျဖစ္မလဲ ၾကည့္ရပါမယ္ ” ဆိုျပီး ယူႏုိက္တက္ တရားဝင္ဝဘ္ဆိုဒ္ကေန ေျပာခဲ့ပါတယ္။

ဒီအပတ္ ရင္ဆိုင္ရမယ့္ ဘုန္းေမာက္အသင္းက ပရီးမီးယားလိဂ္မွာ ဆက္က်န္ေနဖို႔ ၾကိဳးစားေနတာျဖစ္လို႔ ယူႏုိက္တက္အတြက္ လြယ္ကူေစမွာ မဟုတ္ပါဘူး။

ဝါရင့္ကြင္းလယ္လူကပဲ “ ပရီးမီးယားလိဂ္က ခက္ခဲပါတယ္၊ အသင္းတိုင္းက အသင္းတိုင္းကို အႏုိင္ယူႏုိင္တယ္။ အဲ့အတြက္ မအံ့ၾသမိပါဘူး။ က်ေနာ္ ဒီလိဂ္မွာ ရွိေနတာ ၾကာခဲ့ပါျပီ။ ကိစၥေတြ အမ်ားၾကီးကို ေတြ႔ထားခဲ့ျပီး ဘာမဆို ျဖစ္သြားႏုိင္ပါတယ္။

သူတို႔က အသင္းေကာင္းပါ၊ ကုန္ခဲ့တဲ့ ႏွစ္အနည္းငယ္မွာ ျပသထားတယ္။ သူတို႔က သိပ္ေကာင္းတဲ့ ေဘာလံုးကိုလည္း ကစားထားတယ္။ ျပိဳင္ဘက္ၾကီးေတြကို ရင္ဆိုင္ျပီး ပြဲၾကီးေတြကိုလည္း အႏုိင္ရထားပါတယ္။ အဲ့ပြဲအတြက္ေကာ ပြဲတိုင္းအတြက္ပါ က်ေန္ာတို႔ ၾကိဳးစားရမွာပါ။ ဘုန္းေမာက္ကို ေလးစားရမွာျဖစ္ေပမယ့္ က်ေန္ာတုိ႔ ဘာလုပ္ႏုိင္သလဲဆိုတဲ့ အရည္အခ်င္းကိုလည္း ယံုၾကည္ပါတယ္ ” လို႔ ဆိုသြားပါတယ္။