ဆောင်းပါး | လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို ပြန်စိန်ခေါ်ဖို့ မန်စီးတီးရဲ့ အနေအထား

UNICODE – “ နောက်ရာသီက ဒီကနေ့မှာ စတင်ခဲ့ပါပြီ ” ဆိုတဲ့ စကားက မန်စီးတီးက လီဗာပူးကို ၄-၀ နဲ့ အနိုင်ရတဲ့နောက် တိုက်စစ်သမား စတာလင် ပြောဆိုခဲ့တာပါ။

ဘောလုံးကမ္ဘာကြီးက ရပ်နေမှာ မဟုတ်ပါဘူး။ ဒီတော့ မန်စီးတီးကလည်း ရှေ့ဆက်သွားရမှာဖြစ်ပြီး ဒီအတွက် ကစားသမား ခေါ်ယူမှုတွေ ဆက်လုပ်သွားမှာပါ။ မန်စီးတီးကို ဘယ်လို ကစားသမားတွေ ရောက်လာမှာလဲ?

လာမယ့်ရာသီမှာ မန်စီးတီးက ဆုဖလားတွေကို ပြန်လည်စိန်ခေါ်နိုင်ဦးမယ်လို့ ကစားသမားတွေဘက်က ခံစားနေရပါလိမ့်မယ်။ လီဗာပူးက အောင်ပွဲခံမှုမှာ အရှိန်လွန်ပြီး အမူးမပြေသေးတာ ဖြစ်နိုင်ပေမယ့် အီသီဟတ်က ပွဲမှာတော့ မန်စီးတီးက လီဗာပူးကို ကျော်လွန်နိုင်တဲ့ အင်အား ရှိနေဆဲဆိုတာ ပြသခဲ့တာဖြစ်တယ်။ လီဗာပူးကို ကျော်လွန်ဖို့ တောင့်တင်းနေဆဲလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာ ယာဂင်ကလော့ပ်က ၅-၃ လောက်နဲ့ ရံှူးခဲ့ရင်တောင် သူပို နှစ်သက်ဦးမယ်လို့ ပြောပါတယ်။ လီဗာပူးက အခွင့်အရေး မရခဲ့တာ မဟုတ်ပါဘူး။ အသုံးမချနိုင်ခဲ့တာတင် ဖြစ်တယ်။ အခြားတစ်ဘက်မှာ မန်စီးတီးကလည်း သိပ်ကောင်းခဲ့ပါတယ်။

ဖီးဖိုဒန်ဟာ အခြားသူတွေထက် ပွဲထွက်ခွင့်တွေ ပိုရလာတော့မယ့်သူပါ။ ပွဲကြီးတွေအတွက် ပွဲကြို အစီအစဉ်တွေ ချမှတ်ဖို့ ကြိုးစားရတော့မယ့် ဂွာဒီယိုလာဟာ ဖိုဒန်ကို အဆိုပါ ပွဲတွေမှာ ထည့်သုံးဖို့ စဉ်းစားနေမှာပါ။ ဖိုဒန်က သွင်းဂိုး ခြိမ်းခြောက်မှုတွေမှာ ဘောလုံးဉာဏ် သိပ်ကောင်းမွန်တယ်။ အသက် ၂၀ အရွယ်ပဲ ရှိသေးပေမယ့် အသင်းလိုက် ချိတ်ဆက်မှုမှာ ကောင်းတယ်၊ ဆက်ပြီးလည်း တိုးတက်လာနေတယ်။ သူ့ရဲ့ သွင်းဂိုး နောက်ပြီး လက်ထိတာကြောင့် ပယ်ဖျက်လိုက်ရတဲ့ ပဉ္စမမြောက် သွင်းဂိုးတွေမှာ သူဘာကို လုပ်နိုင်လဲဆိုတာ ပြသခဲ့တယ်။

ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားအဖြစ် ရှိနေဆဲ ဒီဘရိုင်းက ဒီရာသီမှာ ဂိုးထောက်ပံ့မှု ၁၇ ကြိမ် လုပ်ထားနိုင်ပြီး သီယာရီ အွန်နရီရဲ့ တစ်ရာသီ ဂိုးထောက်ပံ့မှု ၂၀ ကို ကျော်လွန်ဖို့ အလားအလာ ကောင်းနေသူပါ။ သူ့နောက်မှာ ရိုဒရီနဲ့ ဂေါ်ဒိုဂန်တို့က မန်စီးတီးအတွက် တစ်ပွဲလုံး ပြေးလွှားပေးဖို့ ရှိနေတယ်။ ဒီအစုအဖွဲ့ဟာ ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြခဲ့ပါတယ်။ သူတို့က လီဗာပူးကိုလည်း ကိုင်တွယ်ပြခဲ့တယ်။

ခံစစ်မှာတော့ လာပေါ်တေးက အားလုံးကို ရပ်တန့်ပြခဲ့တယ်။ မန်ဒီကလည်း အကောင်းဆုံး ခြေစွမ်းတွေ ရနေရင် ထိပ်တန်းဖြစ်သလို ဝေါ်ကာကလည်း ကစားနိုင်ဆဲပါ။ ဂါစီယာက အခုမှ ၁၉ နှစ်ပဲ ရှိသေးပေမယ့် သူ့ရဲ့ တောက်ပမှုက သိပ်ကောင်းပါတယ်။ စတာလင်ကတော့ အသင်းဟောင်းကို ရင်ဆိုင်ရာမှာ လျှပ်စီးလို ကစားသမား ဖြစ်ခဲ့ပါတယ်။

တစ်ခုတည်းသော စိုးရိမ်စရာက ဂျီးဆုပါပဲ။ သူ့က ဘောလုံးပွဲတွေ ပြန်စတင်ကတည်းက ပုံစံကောင်းတွေ မရသေးပါဘူး။ ခြေစွမ်း မတည်ငြိမ်ဘူး။ ဒါက လာမယ့်ရာသီအတွက် သတိပြုစရာ ဖြစ်လာပါတယ်။ လီဗာပူးနဲ့ မိနစ် ၉၀ ကစားခဲ့တဲ့ ခြေစွမ်းအရတော့ မန်စီးတီးက လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ စွမ်းဆောင်ရည်နဲ့ လူစာရင်း ရှိနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဖြေရှင်းစရာတွေလည်း ရှိနေပါသေးတယ်။ လီဗာပူးနဲ့ပွဲမှာ မသိလိုက်ရတဲ့ ကိစ္စတွေ အများကြီးပါ။ မန်စီးတီးက အားနည်းချက်တွေလည်း ရှိနေသေးတယ်။ တကယ်တမ်းတော့ လီဗာပူးက ချန်ပီယံဖြစ်နေခဲ့ပြီးပါပြီ။ ဒါကို အရင်လတွေထဲက သိကြပါတယ်။ ဒီတော့ ရလဒ်မလိုတော့တဲ့ သူတို့ကို ရင်ဆိုင်ရာမှာ မန်စီးတီးက ကိုယ်ရဲ့ အားနည်းချက် အားလုံးကို မြင်ခွင့်မရခဲ့ပါဘူး။

အားကစားခုံရုံးရဲ့ ဆုံးဖြတ်ချက်ကလည်း အရေးပါသွားမှာပါ။ သူတို့က စီးတီးကို ဘမ်းမလား? ထွက်ပေါ်လာတဲ့ ရလဒ်က လာမယ့်ရာသီ ဈေးကွက်ထဲကို ဝင်ဖို့ကို သက်ရောက်မှု ရှိမှာလား?

အချို့သော ဆုံးဖြတ်ချက်တွေက မသိနိုင်သေးပါဘူး။ နောက်ထပ် ဇွန်လ အရောက်မှာ ဂွာဒီယိုလာကကော မန်စီးတီးမှာ ဆက်ရှိနေမှာလား? ဆိုတာကလည်း မေးခွန်းတစ်ခုဖြစ်ပါတယ်။

လာမယ့်ရာသီ မန်စီးတီး ချန်ပီယံလိဂ် ဝင်ခွင့် မရရင်တောင်မှပဲ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူနိုင်ဦးမယ်လို့ အသင်းက ယုံကြည်ထားပါတယ်။ ဒီတော့ အားဖြည့်မှုတွေ ရှိလာနိုင်တယ်။ အပြောင်းအရွှေ့ ကိစ္စတွေက ကစားသမား ရှင်းထုတ်မှုတွေနဲ့အတူ အပြောင်းအလဲတွေ ဖြစ်လာနိုင်ဆဲဖြစ်ပါတယ်။

ဥပမာပြောရရင် – မန်စီးတီးက အသင့်သုံးနိုင်တဲ့ ဗဟိုခံစစ်မှူးကို ခေါ်ယူပြီး အသင်းကို တိုက်ရိုက် သက်ရောက်မှု ရှိဖို့ ကြိုးစားချင်တယ်။ အဲ့အတွက် နာပိုလီက ကူလီဘာလေကို ချိတ်ဆက်ထားတယ်။ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားပြီဖြစ်ပေမယ့် နာပိုလီက အတည်မပြုပေးသေးဘူး။ ဒါက မနှစ်တုန်းက မက်ဂွဲရားတုန်းကလို အခြေအနေပါပဲ။ နာပိုလီက ကူလီဘာလေအတွက် အစားထိုးစရာကို ရှာဖွေနေပါတယ်။

အခြားသော တိုးတက်မှုတွေကိုလည်း အခြေခံပါတယ်။ ဂျွန်စတုန်းရဲ့ အနာဂတ် အပါအဝင်ပေါ့။ ကူလီဘာလေအပြင် ဘုန်းမောက်က အကီကလည်း အားကောင်းတဲ့ ရွေးချယ်မှု ဖြစ်ထားခဲ့တယ်။ နောက်ပြီး သူက ပရီးမီးယားလိဂ် စည်းမျဉ်းအရ homegrown ကစားသမားဖြစ်ပါတယ်။

မကြာသေးခင်ကပဲ သတင်းထောက် David Ornstein က အတည်ပြုပါတယ်။ မန်စီးတီးက ဘယ်ခြမ်းခံစစ်သမားတွေအဖြစ် ကူလီဘာလေနဲ့ အကီအပြင် ဒေါ့မွန်က Dan-Axel Zagadou ကိုလည်း စိတ်ဝင်စားပါတယ်။ နောက်ပြီး ဆာနေးနေရာ အစားထိုးဖို့နဲ့ တိုက်စစ်မှူးနေရာတွေအတွက်လည်း အစီအစဉ်တွေ ရှိနေပါတယ်။ အခြေအနေတွေက နွေမှ ပိုသေချာ သိရပါမယ်။

မန်စီးတီးရဲ့ တိုးတက်မှုက အပြောင်းအရွှေ့ ဈေးကွက်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ရာသီ ပြန်ပြီး စတင်လာကတည်း စီးတီးက ကစားပုံ သိပ်ကောင်းနေပါတယ်။ ချယ်ဆီးနဲ့ပွဲမှာတော့ ရံှူးခဲ့တယ်။ အက်ဖ်အေနဲ့ ချန်ပီယံလိဂ်တွေ ယှဉ်ပြိုင်ရဦးမှာဖြစ်ပြီး ဖေဖော်ဝါရီတုန်းက ဘာနေဗျူးမှာ တောက်ပခဲ့သလို ရီးရဲလ်မက်ဒရစ်ကို အကောင်းဆုံး ယှဉ်ပြိုင်ဖို့ လိုပါတယ်။

အဂွယ်ရို ခေတ်လွန်၊ ဂွာဒီယိုလာ ခေတ်လွန်တွေကို စကားပြောနေတာထက် ဒီရာသီကိုပဲ အဓိက ယှဉ်ပြိုင်ရဦးမှာပါ။ ဆာနေး ထွက်ခွာသွားမှုနဲ့ ဘယ်အစွန်ပိုင်းတွေကို သတိထားဖို့ လိုပါတယ်။ ခံစစ်ပြဿနာက မန်စီးတီးကို ထိခိုက်မှု ကြီးစေခဲ့ပါတယ်။ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပူးပေါင်းမှုမှာ အားနည်းခြင်းက ပွဲပေါင်းများစွာမှာ မန်စီးတီးကို အရေးနိမ့်စေခဲ့တယ်။

စတာလင်နဲ့ ဘာနာတိုဟာ အရင်နှစ်က သူတို့ ပြသထားတဲ့ ခြေစွမ်းတွေ မပြနိုင်ပါဘူး။ အဂွယ်ရိုနဲ့ မာရက်စ်က မနှစ်ကအတိုင်း စွမ်းဆောင်ထားနိုင်ပြီး ဒီဘရိုင်းက ပိုကောင်းလာတယ်။ ဝေါ်ကာက အရေးပါနေဆဲဖြစ်ပြီး လာပေါ်တေးက ဒဏ်ရာက ပြန်သက်သာလာပါပြီ။ ပြန်ကစားခွင့်ရပြီး နောက်ပိုင်း ကစားခွင့်ရထားတဲ့ လေးပွဲမှာ ဖိုဒန်က အဆင်သင့် ဖြစ်နေပြီဆိုတာ ပြသခဲ့တယ်။ ဂါစီယာကလည်း ဘာအမှားမှကို မရှိအောင်ကို ကောင်းထားတယ်လို့ ဂွာဒီယိုလာက ပြောပါတယ်။

ရိုဒီရီကလည်း အတွေ့အကြုံရလာပြီး ပိုကောင်းလာတယ်။ ဂွာဒီယိုလာအကြိုက် ကွင်းလယ်လူ ဂေါ်ဒိုဂန်ကလည်း ကွင်းလယ်မှာ ခြေစွမ်းပြနေတယ်။ ကန်ဆယ်လို၊ ဇင်ချန်ကို၊ မန်ဒီတို့ကလည်း ဝေါ်ကာနဲ့အတူ အစွန်နေရာတွေမှာ အပြိုင်ဖြစ်နေတယ်။ ဂျီးဆုကလည်း ရုန်းကန်နေရပေမယ့် ဒီရာသီ ၁၈ ဂိုး သွင်းထားပါတယ်။

အားလုံကို ခြုံကြည်မယ်ဆိုရင် သိပ်တော့လည်း အဆိုးကြီး မဟုတ်ပါဘူး။

ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့ အခြေခံ အုတ်မြစ်တွေက ရှိနေဆဲပါ။ လီဗာပူးကကော ဘယ်လို နေမလဲ? ချန်ပီယံဘွဲ့ကို ခုခံရမယ့် သူတို့က တူညီတဲ့ စိတ်ပြင်းပြမှုတွေ ရှိဦးမလား မသိနိုင်ပါဘူး။ ဒီတော့ စီးတီးက ကိုယ်ဘာသာ အာရုံစိုက်ရမယ်။

မန်စီးတီးရဲ့ လမ်းကြောင်း အားလုံးက ပန်းခင်းလမ်းတော့ ဖြစ်မှာ မဟုတ်ပါဘူး။ အားကစားခုံရုံးရဲ့ ပြစ်ဒဏ်က အသင်းကို ထိုးနှက်နိုင်တယ်။ ပရီးမီးယားလိဂ်ကလည်း ဆက်ပြီး အပြစ်ပေးမယ်ဆိုရင် မန်စီးတီး တောက်ပခွင့် ထပ်ရဖို့ အခက်အခဲ ဖြစ်သွားနိုင်တယ်။

ဒီမနက်ထိတော့ အခြေအနေတွေက ကောင်းပါတယ်။ လူစာရင်းက တောင့်တင်းနေဆဲ၊ ဂွာဒီယိုလာလည်း ရှိနေဆဲပါ။ အကယ်လို့ ချန်ပီယံလိဂ်ကို မကစားရရင်လည်း ပရီးမီးယားလိဂ်ကို ပြန်လည် စိန်ခေါ်ဖို့ ပိုမို ပြင်ဆင်ခွင့်ရှိမှာဖြစ်တယ်။ ပိုကောင်းတဲ့ ပြင်ဆင်မှုတွေအတွက် ကြားရက်တွေမှာ ပွဲမကစားရတော့တာမျိုးပေါ့။

ချန်ပီယံလိဂ် ကစားရမလား မကစားရဘူးလားတော့ မသိနိုင်သေးပါဘူး။ ဒါပေမယ့် လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို စိန်ခေါ်ဖို့ မန်စီးတီးက အတောင့်တင်းဆုံးအသင်း ဖြစ်နေဆဲပါပဲ။

(The Athletic မှ မန်စီးတီးဆောင်းပါးရှင်း Sam Lee ရဲ့ သုံးသပ်မှုကို ဆီလျော်အောင် ပြန်လည် ရေးသားပါသည်။)

ZAWGYI – “ ေနာက္ရာသီက ဒီကေန႔မွာ စတင္ခဲ့ပါျပီ ” ဆိုတဲ့ စကားက မန္စီးတီးက လီဗာပူးကို ၄-၀ နဲ႔ အႏုိင္ရတဲ့ေနာက္ တိုက္စစ္သမား စတာလင္ ေျပာဆိုခဲ့တာပါ။

ေဘာလံုးကမၻာၾကီးက ရပ္ေနမွာ မဟုတ္ပါဘူး။ ဒီေတာ့ မန္စီးတီးကလည္း ေရွ႔ဆက္သြားရမွာျဖစ္ျပီး ဒီအတြက္ ကစားသမား ေခၚယူမႈေတြ ဆက္လုပ္သြားမွာပါ။ မန္စီးတီးကို ဘယ္လို ကစားသမားေတြ ေရာက္လာမွာလဲ?

လာမယ့္ရာသီမွာ မန္စီးတီးက ဆုဖလားေတြကို ျပန္လည္စိန္ေခၚႏုိင္ဦးမယ္လို႔ ကစားသမားေတြဘက္က ခံစားေနရပါလိမ့္မယ္။ လီဗာပူးက ေအာင္ပြဲခံမႈမွာ အရွိန္လြန္ျပီး အမူးမေျပေသးတာ ျဖစ္ႏုိင္ေပမယ့္ အီသီဟတ္က ပြဲမွာေတာ့ မန္စီးတီးက လီဗာပူးကို ေက်ာ္လြန္ႏုိင္တဲ့ အင္အား ရွိေနဆဲဆိုတာ ျပသခဲ့တာျဖစ္တယ္။ လီဗာပူးကို ေက်ာ္လြန္ဖို႔ ေတာင့္တင္းေနဆဲလည္း ျဖစ္ပါတယ္။

ပြဲအျပီးမွာ ယာဂင္ကေလာ့ပ္က ၅-၃ ေလာက္နဲ႔ ရံွဴးခဲ့ရင္ေတာင္ သူပို ႏွစ္သက္ဦးမယ္လို႔ ေျပာပါတယ္။ လီဗာပူးက အခြင့္အေရး မရခဲ့တာ မဟုတ္ပါဘူး။ အသံုးမခ်ႏုိင္ခဲ့တာတင္ ျဖစ္တယ္။ အျခားတစ္ဘက္မွာ မန္စီးတီးကလည္း သိပ္ေကာင္းခဲ့ပါတယ္။

ဖီးဖိုဒန္ဟာ အျခားသူေတြထက္ ပြဲထြက္ခြင့္ေတြ ပိုရလာေတာ့မယ့္သူပါ။ ပြဲၾကီးေတြအတြက္ ပြဲၾကိဳ အစီအစဥ္ေတြ ခ်မွတ္ဖို႔ ၾကိဳးစားရေတာ့မယ့္ ဂြာဒီယိုလာဟာ ဖိုဒန္ကို အဆိုပါ ပြဲေတြမွာ ထည့္သံုးဖို႔ စဥ္းစားေနမွာပါ။ ဖိုဒန္က သြင္းဂိုး ျခိမ္းေျခာက္မႈေတြမွာ ေဘာလံုးဥာဏ္ သိပ္ေကာင္းမြန္တယ္။ အသက္ ၂၀ အရြယ္ပဲ ရွိေသးေပမယ့္ အသင္းလိုက္ ခ်ိတ္ဆက္မႈမွာ ေကာင္းတယ္၊ ဆက္ျပီးလည္း တိုးတက္လာေနတယ္။ သူ႔ရဲ႕ သြင္းဂိုး ေနာက္ျပီး လက္ထိတာေၾကာင့္ ပယ္ဖ်က္လိုက္ရတဲ့ ပဥၥမေျမာက္ သြင္းဂိုးေတြမွာ သူဘာကို လုပ္ႏုိင္လဲဆိုတာ ျပသခဲ့တယ္။

ပရီးမီးယားလိဂ္ အေကာင္းဆံုး ကစားသမားအျဖစ္ ရွိေနဆဲ ဒီဘရိုင္းက ဒီရာသီမွာ ဂိုးေထာက္ပံ့မႈ ၁၇ ၾကိမ္ လုပ္ထားႏုိင္ျပီး သီယာရီ အြန္နရီရဲ႕ တစ္ရာသီ ဂိုးေထာက္ပံ့မႈ ၂၀ ကို ေက်ာ္လြန္ဖို႔ အလားအလာ ေကာင္းေနသူပါ။ သူ႔ေနာက္မွာ ရိုဒရီနဲ႔ ေဂၚဒိုဂန္တို႔က မန္စီးတီးအတြက္ တစ္ပြဲလံုး ေျပးလႊားေပးဖို႔ ရွိေနတယ္။ ဒီအစုအဖြဲ႔ဟာ ဘာေနဗ်ဴးမွာ ရီးရဲလ္မက္ဒရစ္ကို အႏုိုင္ယူျပခဲ့ပါတယ္။ သူတို႔က လီဗာပူးကိုလည္း ကိုင္တြယ္ျပခဲ့တယ္။

ခံစစ္မွာေတာ့ လာေပၚေတးက အားလံုးကို ရပ္တန္႔ျပခဲ့တယ္။ မန္ဒီကလည္း အေကာင္းဆံုး ေျခစြမ္းေတြ ရေနရင္ ထိပ္တန္းျဖစ္သလို ေဝၚကာကလည္း ကစားႏုိင္ဆဲပါ။ ဂါစီယာက အခုမွ ၁၉ ႏွစ္ပဲ ရွိေသးေပမယ့္ သူ႔ရဲ႕ ေတာက္ပမႈက သိပ္ေကာင္းပါတယ္။ စတာလင္ကေတာ့ အသင္းေဟာင္းကို ရင္ဆုိင္ရာမွာ လွ်ပ္စီးလို ကစားသမား ျဖစ္ခဲ့ပါတယ္။

တစ္ခုတည္းေသာ စိုးရိမ္စရာက ဂ်ီးဆုပါပဲ။ သူ႔က ေဘာလံုးပြဲေတြ ျပန္စတင္ကတည္းက ပံုစံေကာင္းေတြ မရေသးပါဘူး။ ေျခစြမ္း မတည္ျငိမ္ဘူး။ ဒါက လာမယ့္ရာသီအတြက္ သတိျပဳစရာ ျဖစ္လာပါတယ္။ လီဗာပူးနဲ႔ မိနစ္ ၉၀ ကစားခဲ့တဲ့ ေျခစြမ္းအရေတာ့ မန္စီးတီးက လာမယ့္ရာသီ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚဖို႔ စြမ္းေဆာင္ရည္နဲ႔ လူစာရင္း ရွိေနဆဲ ျဖစ္ပါတယ္။

ဒါေပမယ့္လို႔ ေျဖရွင္းစရာေတြလည္း ရွိေနပါေသးတယ္။ လီဗာပူးနဲ႔ပြဲမွာ မသိလိုက္ရတဲ့ ကိစၥေတြ အမ်ားၾကီးပါ။ မန္စီးတီးက အားနည္းခ်က္ေတြလည္း ရွိေနေသးတယ္။ တကယ္တမ္းေတာ့ လီဗာပူးက ခ်န္ပီယံျဖစ္ေနခဲ့ျပီးပါျပီ။ ဒါကို အရင္လေတြထဲက သိၾကပါတယ္။ ဒီေတာ့ ရလဒ္မလိုေတာ့တဲ့ သူတို႔ကို ရင္ဆိုင္ရာမွာ မန္စီးတီးက ကိုယ္ရဲ႕ အားနည္းခ်က္ အားလံုးကို ျမင္ခြင့္မရခဲ့ပါဘူး။

အားကစားခံုရံုးရဲ႕ ဆံုးျဖတ္ခ်က္ကလည္း အေရးပါသြားမွာပါ။ သူတို႔က စီးတီးကို ဘမ္းမလား? ထြက္ေပၚလာတဲ့ ရလဒ္က လာမယ့္ရာသီ ေစ်းကြက္ထဲကို ဝင္ဖို႔ကို သက္ေရာက္မႈ ရွိမွာလား?

အခ်ိဳ႔ေသာ ဆံုးျဖတ္ခ်က္ေတြက မသိႏုိင္ေသးပါဘူး။ ေနာက္ထပ္ ဇြန္လ အေရာက္မွာ ဂြာဒီယိုလာကေကာ မန္စီးတီးမွာ ဆက္ရွိေနမွာလား? ဆိုတာကလည္း ေမးခြန္းတစ္ခုျဖစ္ပါတယ္။

လာမယ့္ရာသီ မန္စီးတီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ မရရင္ေတာင္မွပဲ ထိပ္တန္း ကစားသမားေတြကို ေခၚယူႏုိင္ဦးမယ္လို႔ အသင္းက ယံုၾကည္ထားပါတယ္။ ဒီေတာ့ အားျဖည့္မႈေတြ ရွိလာႏုိင္တယ္။ အေျပာင္းအေရႊ႔ ကိစၥေတြက ကစားသမား ရွင္းထုတ္မႈေတြနဲ႔အတူ အေျပာင္းအလဲေတြ ျဖစ္လာႏုိင္ဆဲျဖစ္ပါတယ္။

ဥပမာေျပာရရင္ – မန္စီးတီးက အသင့္သံုးႏုိင္တဲ့ ဗဟိုခံစစ္မွဴးကို ေခၚယူျပီး အသင္းကို တုိက္ရိုက္ သက္ေရာက္မႈ ရွိဖို႔ ၾကိဳးစားခ်င္တယ္။ အဲ့အတြက္ နာပိုလီက ကူလီဘာေလကို ခ်ိတ္ဆက္ထားတယ္။ ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရထားျပီျဖစ္ေပမယ့္ နာပိုလီက အတည္မျပဳေပးေသးဘူး။ ဒါက မႏွစ္တုန္းက မက္ဂြဲရားတုန္းကလို အေျခအေနပါပဲ။ နာပိုလီက ကူလီဘာေလအတြက္ အစားထိုးစရာကို ရွာေဖြေနပါတယ္။

အျခားေသာ တိုးတက္မႈေတြကိုလည္း အေျခခံပါတယ္။ ဂၽြန္စတုန္းရဲ႕ အနာဂတ္ အပါအဝင္ေပါ့။ ကူလီဘာေလအျပင္ ဘုန္းေမာက္က အကီကလည္း အားေကာင္းတဲ့ ေရြးခ်ယ္မႈ ျဖစ္ထားခဲ့တယ္။ ေနာက္ျပီး သူက ပရီးမီးယားလိဂ္ စည္းမ်ဥ္းအရ homegrown ကစားသမားျဖစ္ပါတယ္။

မၾကာေသးခင္ကပဲ သတင္းေထာက္ David Ornstein က အတည္ျပဳပါတယ္။ မန္စီးတီးက ဘယ္ျခမ္းခံစစ္သမားေတြအျဖစ္ ကူလီဘာေလနဲ႔ အကီအျပင္ ေဒါ့မြန္က Dan-Axel Zagadou ကိုလည္း စိတ္ဝင္စားပါတယ္။ ေနာက္ျပီး ဆာေနးေနရာ အစားထိုးဖို႔နဲ႔ တိုက္စစ္မွဴးေနရာေတြအတြက္လည္း အစီအစဥ္ေတြ ရွိေနပါတယ္။ အေျခအေနေတြက ေႏြမွ ပိုေသခ်ာ သိရပါမယ္။

မန္စီးတီးရဲ႕ တိုးတက္မႈက အေျပာင္းအေရႊ႔ ေစ်းကြက္မွာပဲ မူတည္ေနတာ မဟုတ္ပါဘူး။ ပရီးမီးယားလိဂ္ရာသီ ျပန္ျပီး စတင္လာကတည္း စီးတီးက ကစားပံု သိပ္ေကာင္းေနပါတယ္။ ခ်ယ္ဆီးနဲ႔ပြဲမွာေတာ့ ရံွဴးခဲ့တယ္။ အက္ဖ္ေအနဲ႔ ခ်န္ပီယံလိဂ္ေတြ ယွဥ္ျပိဳင္ရဦးမွာျဖစ္ျပီး ေဖေဖာ္ဝါရီတုန္းက ဘာေနဗ်ဴးမွာ ေတာက္ပခဲ့သလို ရီးရဲလ္မက္ဒရစ္ကို အေကာင္းဆံုး ယွဥ္ျပိဳင္ဖို႔ လိုပါတယ္။

အဂြယ္ရို ေခတ္လြန္၊ ဂြာဒီယိုလာ ေခတ္လြန္ေတြကို စကားေျပာေနတာထက္ ဒီရာသီကိုပဲ အဓိက ယွဥ္ျပိဳင္ရဦးမွာပါ။ ဆာေနး ထြက္ခြာသြားမႈနဲ႔ ဘယ္အစြန္ပိုင္းေတြကို သတိထားဖို႔ လိုပါတယ္။ ခံစစ္ျပႆနာက မန္စီးတီးကို ထိခိုက္မႈ ၾကီးေစခဲ့ပါတယ္။ စိတ္ဓါတ္ပိုင္းဆိုင္ရာ ပူးေပါင္းမႈမွာ အားနည္းျခင္းက ပြဲေပါင္းမ်ားစြာမွာ မန္စီးတီးကို အေရးနိမ့္ေစခဲ့တယ္။

စတာလင္နဲ႔ ဘာနာတိုဟာ အရင္ႏွစ္က သူတို႔ ျပသထားတဲ့ ေျခစြမ္းေတြ မျပႏုိင္ပါဘူး။ အဂြယ္ရိုနဲ႔ မာရက္စ္က မႏွစ္ကအတိုင္း စြမ္းေဆာင္ထားႏုိင္ျပီး ဒီဘရုိင္းက ပိုေကာင္းလာတယ္။ ေဝၚကာက အေရးပါေနဆဲျဖစ္ျပီး လာေပၚေတးက ဒဏ္ရာက ျပန္သက္သာလာပါျပီ။ ျပန္ကစားခြင့္ရျပီး ေနာက္ပိုင္း ကစားခြင့္ရထားတဲ့ ေလးပြဲမွာ ဖိုဒန္က အဆင္သင့္ ျဖစ္ေနျပီဆိုတာ ျပသခဲ့တယ္။ ဂါစီယာကလည္း ဘာအမွားမွကို မရွိေအာင္ကို ေကာင္းထားတယ္လို႔ ဂြာဒီယိုလာက ေျပာပါတယ္။

ရိုဒီရီကလည္း အေတြ႔အၾကံဳရလာျပီး ပိုေကာင္းလာတယ္။ ဂြာဒီယိုလာအၾကိဳက္ ကြင္းလယ္လူ ေဂၚဒိုဂန္ကလည္း ကြင္းလယ္မွာ ေျခစြမ္းျပေနတယ္။ ကန္ဆယ္လို၊ ဇင္ခ်န္ကို၊ မန္ဒီတို႔ကလည္း ေဝၚကာနဲ႔အတူ အစြန္ေနရာေတြမွာ အျပိဳင္ျဖစ္ေနတယ္။ ဂ်ီးဆုကလည္း ရုန္းကန္ေနရေပမယ့္ ဒီရာသီ ၁၈ ဂိုး သြင္းထားပါတယ္။

အားလံုကို ျခံဳၾကည္မယ္ဆိုရင္ သိပ္ေတာ့လည္း အဆိုးၾကီး မဟုတ္ပါဘူး။

ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚႏုိင္တဲ့ အေျခခံ အုတ္ျမစ္ေတြက ရွိေနဆဲပါ။ လီဗာပူးကေကာ ဘယ္လို ေနမလဲ? ခ်န္ပီယံဘြဲ႔ကို ခုခံရမယ့္ သူတို႔က တူညီတဲ့ စိတ္ျပင္းျပမႈေတြ ရွိဦးမလား မသိႏုိင္ပါဘူး။ ဒီေတာ့ စီးတီးက ကိုယ္ဘာသာ အာရံုစိုက္ရမယ္။

မန္စီးတီးရဲ႕ လမ္းေၾကာင္း အားလံုးက ပန္းခင္းလမ္းေတာ့ ျဖစ္မွာ မဟုတ္ပါဘူး။ အားကစားခံုရံုးရဲ႕ ျပစ္ဒဏ္က အသင္းကို ထိုးႏွက္ႏုိင္တယ္။ ပရီးမီးယားလိဂ္ကလည္း ဆက္ျပီး အျပစ္ေပးမယ္ဆိုရင္ မန္စီးတီး ေတာက္ပခြင့္ ထပ္ရဖို႔ အခက္အခဲ ျဖစ္သြားႏုိင္တယ္။

ဒီမနက္ထိေတာ့ အေျခအေနေတြက ေကာင္းပါတယ္။ လူစာရင္းက ေတာင့္တင္းေနဆဲ၊ ဂြာဒီယိုလာလည္း ရွိေနဆဲပါ။ အကယ္လို႔ ခ်န္ပီယံလိဂ္ကို မကစားရရင္လည္း ပရီးမီးယားလိဂ္ကို ျပန္လည္ စိန္ေခၚဖို႔ ပိုမို ျပင္ဆင္ခြင့္ရွိမွာျဖစ္တယ္။ ပိုေကာင္းတဲ့ ျပင္ဆင္မႈေတြအတြက္ ၾကားရက္ေတြမွာ ပြဲမကစားရေတာ့တာမ်ိဳးေပါ့။

ခ်န္ပီယံလိဂ္ ကစားရမလား မကစားရဘူးလားေတာ့ မသိႏုိင္ေသးပါဘူး။ ဒါေပမယ့္ လာမယ့္ရာသီ ပရီးမီးယားလိဂ္ကို စိန္ေခၚဖို႔ မန္စီးတီးက အေတာင့္တင္းဆံုးအသင္း ျဖစ္ေနဆဲပါပဲ။

(The Athletic မွ မန္စီးတီးေဆာင္းပါးရွင္း Sam Lee ရဲ႕႔ သံုးသပ္မႈကို ဆီေလ်ာ္ေအာင္ ျပန္လည္ ေရးသားပါသည္။)