NEWS: ချယ်ဆီးအသင်း အလိုအပ်ဆုံးနေရာအတွက် လူခေါ်မယ်လို့ လမ်းပတ် ဝန်ခံ

UNICODE – မန်နေဂျာလမ်းပတ်ကတော့ နွေဈေးကွက်မှာ ချယ်ဆီးအသင်းအတွက် အပြောင်းအရွှေ့ဆိုင်ရာ ကိစ္စတွေ စီမံတဲ့အခါ ကလပ် အလိုအပ်ဆုံး အစိတ်အပိုင်းကို ဖြေရှင်းမှုလုပ်မယ်လို့ ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။

လမ်းပတ်ပြောတဲ့ နေရာကတော့ ချယ်ဆီးအသင်း ထိခိုက်နေတဲ့ တည်ကန်ဘော ပြဿနာပိုင်းပဲဖြစ်တယ်။ ချယ်ဆီးအသင်းဟာ တည်ကန်ဘောကို ခုခံရာမှာ အားနည်းလွန်းနေပြီး အထူးသဖြင့် ထောင့်ကန်ဘောတွေမှာ ကိုယ်အသင်းက အခွင့်အရေး မရသလို ပြိုင်ဘက်ရဲ့ အရေးသာမှုကိုလည်း မတွန်းလှန်နိုင်ဘူးဖြစ်နေပါတယ်။

လန်ဒန်ဒါဘီမှာ ဝက်ဟမ်းဘက်က ထောင့်ကန်ဘော နှစ်ကြိမ်လုံးကို သွင်းဂိုးတွေအဖြစ် သွင်းယူနိုင်ခဲ့တယ်။ တစ်ကြိမ်ကတော့ VAR က ပယ်ဖျက်ပေးခဲ့တာဖြစ်တယ်။ ဒါ့အပြင် ဒီရာသီ ချယ်ဆီးအသင်း ပေးရတဲ့ ထောင့်ကန်ဘော အားလုံးရဲ့ ၈% ကို ပြိုင်ဘက်တွေက သွင်းဂိုးတွေအဖြစ် အသွင်ပြောင်းနိုင်ခဲ့ကြတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ အမြင့်ဆုံး ဖြစ်ပါတယ်။

ချယ်ဆီးမှာ ဂျီရူး၊ အေဘရာဟမ်နဲ့ လော့တပ်ချိစ်တို့က အရပ်အမြင့်ဆုံးတွေဖြစ်ပေမယ့် ခံစစ်သမားတွေနဲ့ ဂိုးသမားတွေထဲမှာ အရပ် ၆ ပေ ၂ လက်မထက် မြင့်တဲ့သူ တစ်ဦးမှ မရှိပါဘူး။ ဒါကြောင့် တည်ကန်ဘောက ချယ်ဆီးအတွက် အဓိက အားနည်းချက်ဖြစ်နေပါတယ်။

လမ်းပတ်က “ ဒီရာသီ တည်ကန်ဘော အခြေအနေကို ကျနေ်ာတို့ ကြည့်နေပါတယ်။ အသင်းကို ကျနော် ရောက်လာတော့ အရင်ရာသီက မှတ်တမ်းတွေကို ပြန်ကြည့်ခဲ့တယ်။ အဲ့တုန်းက တည်ကန်ဘော ကာကွယ်ရာမှာ ကျနေ်ာတို့က ဇယားအောက်နား ရောက်နေတဲ့ အသင်းဖြစ်ပြီး ကျနေ်ာတို့ကို ရင်ဆိုင်ရာမှာ ပြိုင်ဘက်တွေက အခွင့်အရေးတွေ ရထားပါတယ်။ ဒီရာသီမှာလည်း တည်ကန်ဘောတွေမှာ တိုးတက် မလာပါဘူး။

ပုဂ္ဂိုလ်ရေးအရဆိုရင် ကျနော် ဘောလုံးကစားတဲ့ ကာလတွေကို ယှဉ်တွဲပြောရတာကို မကြိုက်ပါဘူး။ ဒါပေမယ့် ကျနေ်ာတို့က တည်ကန်ဘောအတွက် အများကြီး မလုပ်လုပ်စရာ မလိုခဲ့ပါဘူး။ မန်နေဂျာတွေ အသီးသီးလက်ထက်မှာ ဂျွန်တယ်ရီ၊ ကာဟေး၊ ဒရော့ဘာ၊ ဘောလက်၊ အိုင်ဗန်နိုဗစ်လို ကစားသမားတွေနဲ့ ကျနေ်ာတို့က ခံစစ်ကို ကာကွယ်နိုင်တယ်၊ တည်ကန်ဘောကနေ ဂိုးသွင်းယူနိုင်ခဲ့တယ်။

လီဗာပူးလိုပါပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လီဗာပူးဟာ တည်ကန်ဘောမှာ အားနည်းခဲ့တယ်။ သူတို့က ဇုန်စနစ်နဲ့ ခုခံပြီး ဂိုးတွေ အများကြီး ပေးရတယ်။ ဗာဂျင် ဗန်ဒိုက်ကို ခေါ်ယူပြီး သူ့ရဲ့ ဦးဆောင်မှုမှာ ဧရိယာထဲ အန္တရာယ်တွေ ကင်းရှင်းသွားခဲ့တယ်။ ဒါက တစ်ဦးတစ်ယောက်ကို ခေါ်ယူမှုရဲ့ ဆက်စပ်မှုပါပဲ။

ဗန်ဒိုက်လို အရပ်အမောင်း မြင့်မားတဲ့ ကစားသမား မရှိဘူးဆိုရင် အဓိကက အခြားအသင်းတွေကို တည်ကန်ဘောလို အနေအထားတွေမှာ ဂိုးမသွင်းနိုင်အောင် အပြင်းထန်ဆုံး ကြိုးစားဖို့ပါပဲ။ ကျနော် ဆင်ခြေပေးနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကွင်းထဲမှာ လုံလောက်အောင် မလုပ်နိုင်ဘူးဆိုရင် တိုးတက်လာအောင် လုပ်ရပါမယ်။

ကစားသမားသစ်တွေကို ခေါ်တဲ့အခါ အသင်းကို ဟန်ချက်ညီအောင် လုပ်ရမှာပါ။ ဒီကနေ့ခေတ်မှာ လူသစ်ခေါ်ယူတဲ့အခါ အရပ်အမောင်း ကိစ္စက အသေအချာ ထည့်တွက်ရမယ့် ကိစ္စတစ်ခု ဖြစ်လာပါတယ် ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI – မန္ေနဂ်ာလမ္းပတ္ကေတာ့ ေႏြေစ်းကြက္မွာ ခ်ယ္ဆီးအသင္းအတြက္ အေျပာင္းအေရႊ႔ဆိုင္ရာ ကိစၥေတြ စီမံတဲ့အခါ ကလပ္ အလိုအပ္ဆံုး အစိတ္အပိုင္းကို ေျဖရွင္းမႈလုပ္မယ္လို႔ ထုတ္ေဖာ္ ဝန္ခံလိုက္ပါတယ္။

လမ္းပတ္ေျပာတဲ့ ေနရာကေတာ့ ခ်ယ္ဆီးအသင္း ထိခိုက္ေနတဲ့ တည္ကန္ေဘာ ျပႆနာပိုင္းပဲျဖစ္တယ္။ ခ်ယ္ဆီးအသင္းဟာ တည္ကန္ေဘာကို ခုခံရာမွာ အားနည္းလြန္းေနျပီး အထူးသျဖင့္ ေထာင့္ကန္ေဘာေတြမွာ ကိုယ္အသင္းက အခြင့္အေရး မရသလို ျပိဳင္ဘက္ရဲ႕ အေရးသာမႈကိုလည္း မတြန္းလွန္ႏုိင္ဘူးျဖစ္ေနပါတယ္။

လန္ဒန္ဒါဘီမွာ ဝက္ဟမ္းဘက္က ေထာင့္ကန္ေဘာ ႏွစ္ၾကိမ္လံုးကို သြင္းဂိုးေတြအျဖစ္ သြင္းယူႏုိင္ခဲ့တယ္။ တစ္ၾကိမ္ကေတာ့ VAR က ပယ္ဖ်က္ေပးခဲ့တာျဖစ္တယ္။ ဒါ့အျပင္ ဒီရာသီ ခ်ယ္ဆီးအသင္း ေပးရတဲ့ ေထာင့္ကန္ေဘာ အားလံုးရဲ႕ ၈% ကို ျပိဳင္ဘက္ေတြက သြင္းဂိုးေတြအျဖစ္ အသြင္ေျပာင္းႏုိင္ခဲ့ၾကတာျဖစ္ျပီး ပရီးမီးယားလိဂ္မွာေတာ့ အျမင့္ဆံုး ျဖစ္ပါတယ္။

ခ်ယ္ဆီးမွာ ဂ်ီရူး၊ ေအဘရာဟမ္နဲ႔ ေလာ့တပ္ခ်ိစ္တို႔က အရပ္အျမင့္ဆံုးေတြျဖစ္ေပမယ့္ ခံစစ္သမားေတြနဲ႔ ဂိုးသမားေတြထဲမွာ အရပ္ ၆ ေပ ၂ လက္မထက္ ျမင့္တဲ့သူ တစ္ဦးမွ မရွိပါဘူး။ ဒါေၾကာင့္ တည္ကန္ေဘာက ခ်ယ္ဆီးအတြက္ အဓိက အားနည္းခ်က္ျဖစ္ေနပါတယ္။

လမ္းပတ္က “ ဒီရာသီ တည္ကန္ေဘာ အေျခအေနကို က်ေန္ာတို႔ ၾကည့္ေနပါတယ္။ အသင္းကို က်ေနာ္ ေရာက္လာေတာ့ အရင္ရာသီက မွတ္တမ္းေတြကို ျပန္ၾကည့္ခဲ့တယ္။ အဲ့တုန္းက တည္ကန္ေဘာ ကာကြယ္ရာမွာ က်ေန္ာတို႔က ဇယားေအာက္နား ေရာက္ေနတဲ့ အသင္းျဖစ္ျပီး က်ေန္ာတို႔ကို ရင္ဆိုင္ရာမွာ ျပိဳင္ဘက္ေတြက အခြင့္အေရးေတြ ရထားပါတယ္။ ဒီရာသီမွာလည္း တည္ကန္ေဘာေတြမွာ တိုးတက္ မလာပါဘူး။

ပုဂၢိဳလ္ေရးအရဆိုရင္ က်ေနာ္ ေဘာလံုးကစားတဲ့ ကာလေတြကို ယွဥ္တြဲေျပာရတာကို မၾကိဳက္ပါဘူး။ ဒါေပမယ့္ က်ေန္ာတို႔က တည္ကန္ေဘာအတြက္ အမ်ားၾကီး မလုပ္လုပ္စရာ မလိုခဲ့ပါဘူး။ မန္ေနဂ်ာေတြ အသီးသီးလက္ထက္မွာ ဂၽြန္တယ္ရီ၊ ကာေဟး၊ ဒေရာ့ဘာ၊ ေဘာလက္၊ အိုင္ဗန္ႏိုဗစ္လို ကစားသမားေတြနဲ႔ က်ေန္ာတို႔က ခံစစ္ကို ကာကြယ္ႏုိင္တယ္၊ တည္ကန္ေဘာကေန ဂိုးသြင္းယူႏုိင္ခဲ့တယ္။

လီဗာပူးလိုပါပဲ။ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က လီဗာပူးဟာ တည္ကန္ေဘာမွာ အားနည္းခဲ့တယ္။ သူတို႔က ဇုန္စနစ္နဲ႔ ခုခံျပီး ဂိုးေတြ အမ်ားၾကီး ေပးရတယ္။ ဗာဂ်င္ ဗန္ဒိုက္ကို ေခၚယူျပီး သူ႔ရဲ႕ ဦးေဆာင္မႈမွာ ဧရိယာထဲ အႏၱရာယ္ေတြ ကင္းရွင္းသြားခဲ့တယ္။ ဒါက တစ္ဦးတစ္ေယာက္ကို ေခၚယူမႈရဲ႕ ဆက္စပ္မႈပါပဲ။

ဗန္ဒိုက္လို အရပ္အေမာင္း ျမင့္မားတဲ့ ကစားသမား မရွိဘူးဆိုရင္ အဓိကက အျခားအသင္းေတြကို တည္ကန္ေဘာလို အေနအထားေတြမွာ ဂိုးမသြင္းႏုိင္ေအာင္ အျပင္းထန္ဆံုး ၾကိဳးစားဖို႔ပါပဲ။ က်ေနာ္ ဆင္ေျခေပးေနတာ မဟုတ္ပါဘူး။ ဒါေပမယ့္ ကြင္းထဲမွာ လံုေလာက္ေအာင္ မလုပ္ႏုိင္ဘူးဆိုရင္ တိုးတက္လာေအာင္ လုပ္ရပါမယ္။

ကစားသမားသစ္ေတြကို ေခၚတဲ့အခါ အသင္းကို ဟန္ခ်က္ညီေအာင္ လုပ္ရမွာပါ။ ဒီကေန႔ေခတ္မွာ လူသစ္ေခၚယူတဲ့အခါ အရပ္အေမာင္း ကိစၥက အေသအခ်ာ ထည့္တြက္ရမယ့္ ကိစၥတစ္ခု ျဖစ္လာပါတယ္ ” လို႔ ဆိုသြားတာ ျဖစ္ပါတယ္။