ပရီးမီးယားလိဂ် ပြန်စိန်ခေါ်ချင်ရင် ငွေသုံးဖို့ လိုကြောင်း ဘုတ်အဖွဲ့အား အာတီတာ သတိပေး

အာဆင်နယ် နည်းပြ အာတီတာကတော့ မြောက်လန်ဒန် ကလပ်အသင်း အနေနဲ့ ပရီးမီးယားလိဂ်မှာ စိုးမိုးနေတဲ့ ထိပ်တန်း နှစ်သင်းကို အမှီလိုက်ချင်ရင် လီဗာပူးအသင်းရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အတိုင်း လိုက်လုပ်ဖို့ လိုကြောင်း ဘုတ်အဖွဲ့ကို သတိပေးလိုက်ပါတယ်။

ဂန်းနားတွေဟာ ဒီစနေ ဝုဗ်နဲ့ ပွဲ မတိုင်ခင်မှာ အမှတ်ပေးဇယား ဒုတိယ နေရာက မန်စီးတီးနဲ့ အမှတ် ၂၀ ထိ ကွာဟနေပြီ ဖြစ်ပြီး လီဗာပူးနဲ့ ဆို ထိုနှစ်ဆလောက် ထပ်ကွာနေတာပါ။ အာတီတာကတော့ လီဗာပူးအသင်း ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း လုပ်ဆောင် အကောင်အထည် ဖော်ခဲ့တာတွေကို ထောက်ပြကာ အတုယူဖို့ ဆိုလိုက်ပါတယ်။

အန်းဖီး အခြေစိုက် အသင်းဟာ ဗန်ဒိုက်ကို ပေါင် ၇၅ သန်း သုံး ခေါ်ခဲ့သလို ဂိုးသမား အယ်လစ်ဆန်ကိုလည်း ပေါင် သန်း ၇၀ သုံး ခေါ်ယူခဲ့ပြီး ကာလရှည် ယိုပေါက် ဖြစ်နေတဲ့ ဂိုးနဲ့ ခံစစ်နေရာကို အင်အားဖြည့်ပစ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ လိုအပ်နေတဲ့ ခံစစ်နေရာကို မဖြည့်နိုင်သေးဘဲ အူဘာမီးယန်းနဲ့ လာကာဇက်တီတို့ သက်တမ်းတိုးနိုင်ဖို့ အရင် အားစိုက် လုပ်ဆောင်နေရပါတယ်။ ဒါကြောင့် အာဆင်နယ်နည်းပြ အာတီတာက အသင်း ဘုတ်အဖွဲ့ကို သတိပေး ပြောဆိုလာခဲ့ပါတယ်။

” ကိစ္စတွေက လျင်လျင်မြန်မြန်ကို ဖြစ်ပျက် ပြောင်းလဲ နေတယ်။ ပြီးခဲ့တဲ့ လေးငါးနှစ်လောက် အတွင်း လီဗာပူး ဘယ်လို ပြောင်းလဲ ပစ်လိုက်လဲ ဆိုတာ ကြည့်ကြည့်။ မန်ချက်စတာ ယူနိုက်တက်ကလည်း အခုဆို သိပ် တောင့်တောင့်တင်းတင်း ဖြစ်လာနေပြီ။ သူတို့က ဆုံးဖြတ်ချက်ကောင်းတွေ အများကြီး ချဖြစ်ခဲ့တယ်။ လက်စတာလည်း ဒီလိုပဲ။ ဝုဗ်ဆိုလည်း ဘောလုံး ရာသီကောင်း ပိုင်ဆိုင်ထားတယ်။

လုပ်ဆောင်ရမယ့် အရာတွေက စိန်ခေါ်မှုတွေ ဖြစ်မှာပါ ဒါပေမယ့် အဲဒါတွေကပဲ ကွာဟချက်တွေကို လျှော့ချပေးနိုင်မယ်။ ကျနော်တို့ တိုးတက်အောင် လုပ်ရမယ့် ပမာဏက သိပ်ကို ကြီးမားပါတယ်။ ” လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။

ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုအပ်တဲ့ ငွေကြေး ပမာဏ ဖြည့်ဆည်းနိုင်ရင် လာကာဇက်တီကို စတေးဖို့ ရောင်းချဖို့ တိုက်တွန်းမှုတွေ ရှိနေပေမယ့်လည်း အာတီတာက အာဆင်နယ်ဟာ လက်ရှိ ကစားသမားကောင်းတွေ ထိန်းသိမ်းထားဖို့ကလည်း အရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။ ကစားသမားသစ်တွေ မရသေးခင်မှာပဲ အာဆင်နယ်ဟာ ဆာကာနဲ့ မာတင်နယ်လီလို လူငယ် ကစားသမားကောင်းတွေကို စာချုပ် သက်တမ်းတိုး ထားပါတယ်။

Zawgyi – အာဆင္နယ္ နည္းျပ အာတီတာကေတာ့ ေျမာက္လန္ဒန္ ကလပ္အသင္း အေနနဲ႕ ပရီးမီးယားလိဂ္မွာ စိုးမိုးေနတဲ့ ထိပ္တန္း နွစ္သင္းကို အမီွလိုက္ခ်င္ရင္ လီဗာပူးအသင္းရဲ႕ ရင္းနွီးျမွဳပ္နွံမႈေတြ အတိုင္း လုိက္လုပ္ဖို႔ လိုိေၾကာင္း ဘုတ္အဖြဲ႕ကို သတိေပးလိုက္ပါတယ္။

ဂန္းနားေတြဟာ ဒီစေန ၀ုဗ္နဲ႕ ပြဲ မတိုင္ခင္မွာ အမွတ္ေပးဇယား ဒုတိယ ေနရာက မန္စီးတီးနဲ႕ အမွတ္ ၂၀ ထိ ကြာဟေနျပီ ျဖစ္ျပီး လီဗာပူးနဲ႕ ဆို ထိုနွစ္ဆေလာက္ ထပ္ကြာေနတာပါ။ အာတီတာကေတာ့ လီဗာပူးအသင္း ျပီးခဲ့တဲ့ နွစ္ရာသီအတြင္း လုပ္ေဆာင္ အေကာင္အထည္ ေဖာ္ခဲ့တာေတြကို ေထာက္ျပကာ အတုယူဖို႔ ဆိုလိုက္ပါတယ္။

အန္းဖီး အေျခစိုက္ အသင္းဟာ ဗန္ဒိုက္ကို ေပါင္ ၇၅ သန္း သံုး ေခၚခဲ့သလို ဂိုးသမား အယ္လစ္ဆန္ကိုလည္း ေပါင္ သန္း ၇၀ သံုး ေခၚယူခဲ့ျပီး ကာလရွည္ ယိုေပါက္ ျဖစ္ေနတဲ့ ဂိုးနဲ႕ ခံစစ္ေနရာကို အင္အားျဖည့္ပစ္ခဲ့ပါတယ္။

အာဆင္နယ္ဟာ လိုအပ္ေနတဲ့ ခံစစ္ေနရာကို မျဖည့္နိုင္ေသးဘဲ အူဘာမီးယန္းနဲ႕ လာကာဇက္တီတို႔ သက္တမ္းတိုးနုိင္ဖို႔ အရင္ အားစိုက္ လုပ္ေဆာင္ေနရပါတယ္။ ဒါေၾကာင့္ အာဆင္နယ္နည္းျပ အာတီတာက အသင္း ဘုတ္အဖြဲ႕ကို သတိေပး ေျပာဆိုလာခဲ့ပါတယ္။

” ကိစၥေတြက လ်င္လ်င္ျမန္ျမန္ကို ျဖစ္ပ်က္ ေျပာင္းလဲ ေနတယ္။ ျပီးခဲ့တဲ့ ေလးငါးနွစ္ေလာက္ အတြင္း လီဗာပူး ဘယ္လို ေျပာင္းလဲ ပစ္လိုက္လဲ ဆိုတာ ၾကည့္ၾကည့္။ မန္ခ်က္စတာ ယူနိုက္တက္ကလည္း အခုဆို သိပ္ ေတာင့္ေတာင့္တင္းတင္း ျဖစ္လာေနျပီ။ သူတို႔က ဆံုးျဖတ္ခ်က္ေကာင္းေတြ အမ်ားၾကီး ခ်ျဖစ္ခဲ့တယ္။ လက္စတာလည္း ဒီလိုပဲ။ ၀ုဗ္ဆိုလည္း ေဘာလံုး ရာသီေကာင္း ပိုင္ဆိုင္ထားတယ္။

လုပ္ေဆာင္ရမယ့္ အရာေတြက စိန္ေခၚမႈေတြ ျဖစ္မွာပါ ဒါေပမယ့္ အဲဒါေတြကပဲ ကြာဟခ်က္ေတြကို ေလွ်ာ့ခ်ေပးနုိင္မယ္။ က်ေနာ္တို႔ တိုးတက္ေအာင္ လုပ္ရမယ့္ ပမာဏက သိပ္ကို ၾကီးမားပါတယ္။ ” လို႔ အာတီတာက ေျပာဆိုခဲ့ပါတယ္။

ကစားသမားသစ္ေတြ ေခၚယူဖို႔ လိုအပ္တဲ့ ေငြေၾကး ပမာဏ ျဖည့္ဆည္းနုိင္ရင္ လာကာဇက္တီကို စေတးဖို႔ ေရာင္းခ်ဖို႔ တိုက္တြန္းမႈေတြ ရွိေနေပမယ့္လည္း အာတီတာက အာဆင္နယ္ဟာ လက္ရွိ ကစားသမားေကာင္းေတြ ထိန္းသိမ္းထားဖို႔ကလည္း အေရးၾကီးတယ္လို႔ ဆိုခဲ့ပါတယ္။ ကစားသမားသစ္ေတြ မရေသးခင္မွာပဲ အာဆင္နယ္ဟာ ဆာကာနဲ႕ မာတင္နယ္လီလို လူငယ္ ကစားသမားေကာင္းေတြကို စာခ်ဳပ္ သက္တမ္းတိုး ထားပါတယ္။