မန်စီးတီးအသင်း ဒီရာသီ ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ ရည်မှန်းနေတဲ့ စတာလင်

ဒီရာသီမှာ မန်စီးတီးနဲ့ အမြင့်ဆုံး အောင်မြင်မှုအဖြစ် အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို အောင်မြင်လိုတယ်လို့ စတာလင်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အသင်းဟောင်း လီဗာပူးအသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုကို သူတို့ထံက လက်လွဲယူသွားနိုင်တာအတွက် စတာလင်က ခံရခက်နေပါတယ်။ ဒါပေမယ့်လည်း လက်ကျန် ပြိုင်ပွဲတွေမှာအရေးပါတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ကို အောင်မြင်အောင်လုပ်ပြီး တစ်ရာသီ ဆုဖလား သုံးလုံး အောင်မြင်ဖို့ကို ရည်မှန်းနေပါသေးတယ်။

မန်စီးတီးဟာ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံရဖို့ ရှိနေပြီး ပထမအကျော့မှာတော့ ၂-၁ နဲ့ မန်ချက်စတာအသင်းက အနိုင်ရထားတာပါ။ နှစ်သင်းဟာ ဒုတိယအကျော့ကိုတော့ ပရီးမီးယားလိဂ် ရာသီသိမ်းတဲ့ ဇူလိုင်လ နောက်ပိုင်းမှာ စတင်ကာ ချန်ပီယံလိဂ်ကို နောက်အဆင့်တွေ ရောက်နိုင်ဖို့ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။

စတာလင်က ” ကျနော်တို့ လက်ထဲကနေ လီဗာပူးက ဆုဖလား ယူသွားတာကို မြင်ရတာက ခက်ခဲပါတယ်။ ဒါပေမယ့် သူတို့က တစ်ရာသီလုံး ကောင်းထားတယ်ဆိုတော့ လိဂ်ကို အနိုင်ရသွားဖို့က ထိုက်တန်ပါတယ်။

လီဗာပူးပွဲက ပွဲသက်သက်ပါ။ ဒါပေမယ့် ကျနော်တို့က အမြင့်ဆုံးမှာ ရာသီသိမ်းဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ လက်ကျန်ပွဲ အားလုံးကို အနိုင်ယူပြီး ရာသီသိမ်းဖို့နဲ့ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို အောင်မြင်လိုပါတယ်။

အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ကို ဗိုလ်လုပွဲထိ ရောက်ဖို့လည်း မျှော်လင့်ထားတယ်။ ကျနေ်ာတို့က ပရီးမီးယားလိဂ်ကို လက်လွတ်ခဲ့ရပြီဖြစ်ပြီး အက်ဖ်အေနဲ့ ချန်ပီယံလိဂ်လို ဆက်လက် ပြိုင်ပွဲဝင်နေတဲ့ ပြိုင်ပွဲအားလုံးမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ပြီး ရှေ့ဆက်သွားနိုင်ဖို့ကို မျှော်လင့်ထားပါတယ် ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI – ဒီရာသီမွာ မန္စီးတီးနဲ႔ အျမင့္ဆံုး ေအာင္ျမင္မႈအျဖစ္ အက္ဖ္ေအဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားကို ေအာင္ျမင္လိုတယ္လို႔ စတာလင္က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

အသင္းေဟာင္း လီဗာပူးအသင္းက ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို သူတို႔ထံက လက္လြဲယူသြားႏုိင္တာအတြက္ စတာလင္က ခံရခက္ေနပါတယ္။ ဒါေပမယ့္လည္း လက္က်န္ ျပိဳင္ပြဲေတြမွာအေရးပါတဲ့ ျပိဳင္ပြဲတစ္ခုျဖစ္တဲ့ ခ်န္ပီယံလိဂ္ကို ေအာင္ျမင္ေအာင္လုပ္ျပီး တစ္ရာသီ ဆုဖလား သံုးလံုး ေအာင္ျမင္ဖို႔ကို ရည္မွန္းေနပါေသးတယ္။

မန္စီးတီးဟာ ခ်န္ပီယံလိဂ္မွာ ရီးရဲလ္မက္ဒရစ္နဲ႔ ေတြ႔ဆံုရဖို႔ ရွိေနျပီး ပထမအေက်ာ့မွာေတာ့ ၂-၁ နဲ႔ မန္ခ်က္စတာအသင္းက အႏုိင္ရထားတာပါ။ ႏွစ္သင္းဟာ ဒုတိယအေက်ာ့ကိုေတာ့ ပရီးမီးယားလိဂ္ ရာသီသိမ္းတဲ့ ဇူလိုင္လ ေနာက္ပိုင္းမွာ စတင္ကာ ခ်န္ပီယံလိဂ္ကို ေနာက္အဆင့္ေတြ ေရာက္ႏုိင္ဖို႔ ၾကိဳးစားသြားရမွာ ျဖစ္ပါတယ္။

စတာလင္က ” က်ေနာ္တို႔ လက္ထဲကေန လီဗာပူးက ဆုဖလား ယူသြားတာကို ျမင္ရတာက ခက္ခဲပါတယ္။ ဒါေပမယ့္ သူတို႔က တစ္ရာသီလံုး ေကာင္းထားတယ္ဆိုေတာ့ လိဂ္ကို အႏုိင္ရသြားဖို႔က ထိုက္တန္ပါတယ္။

လီဗာပူးပြဲက ပြဲသက္သက္ပါ။ ဒါေပမယ့္ က်ေနာ္တုိ႔က အျမင့္ဆံုးမွာ ရာသီသိမ္းဖို႔ အခြင့္အေရးလည္း ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ လက္က်န္ပြဲ အားလံုးကို အႏုိင္ယူျပီး ရာသီသိမ္းဖို႔နဲ႔ အက္ဖ္ေအဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားကို ေအာင္ျမင္လိုပါတယ္။

အက္ဖ္ေအဖလားနဲ႔ ခ်န္ပီယံလိဂ္ကို ဗိုလ္လုပြဲထိ ေရာက္ဖို႔လည္း ေမွ်ာ္လင့္ထားတယ္။ က်ေန္ာတို႔က ပရီးမီးယားလိဂ္ကို လက္လြတ္ခဲ့ရျပီျဖစ္ျပီး အက္ဖ္ေအနဲ႔ ခ်န္ပီယံလိဂ္လို ဆက္လက္ ျပိဳင္ပြဲဝင္ေနတဲ့ ျပိဳင္ပြဲအားလံုးမွာ အေကာင္းဆံုး လုပ္ေဆာင္ႏုိင္ျပီး ေရွ႔ဆက္သြားႏုိင္ဖို႔ကို ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ေျပာဆိုသြားပါတယ္။