NEWS: ကွင်းလယ်လူ အယ်ကန်တာရာ နွေမှာ အသင်းပြောင်းမယ်လို့ ဘိုင်ယန်ဝန်ခံ

UNICODE – ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ သီယေဂို အယ်ကန်တာရာဟာ ဒီနွေမှာ စိန်ခေါ်မှုအသစ်တွေအတွက် အသင်းပြောင်းလိမ့်မယ်လို့ ဘိုင်ယန် အကြီးအကဲ ရူမန်နီဂီက ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။

စပိန်လက်ရွေးစင် ကွင်းလယ်လူဟာ ဘိုင်ယန်နဲ့ ၂၀၂၁ ခုနှစ်ထိပဲ စာချုပ်ရှိနေသူပါ။ ဘိုင်ယန်ဘက်ကတော့ ကွင်းလယ်လူကို အလွတ်နဲ့ ထွက်ခွင့်ပေးမှာ မဟုတ်ဘဲ ဒီနွေမှာတင် ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟာ လီဗာပူးအသင်းနဲ့ သတင်းကြီးတွေ ထွက်ပေါ်နေတာဖြစ်တယ်။

ဘိုင်ယန်ဘက်က သီယေဂိုကို ဆက်ထိန်းဖို့ အစွမ်းကုန် ကြိုးစားပေမယ့် ကစားသမားက နယ်မြေသစ်ကိုပဲ ပြောင်းဖို့ ဦးတည်နေခဲ့တယ်လို့ ဘိုင်ယန်က ဝန်ခံတယ်။

ရူမန်နီဂီကပဲ ” သူက ကွင်းတွင်းမှာကော ကွင်းပြင်မှာပါ လူကောင်းတစ်ဦးပါ။ သူ့ကို အသင်းမှာ ဆက်ထိန်းထားဖို့ သူ့ဆန္ဒတွေအားလုံး ဖြည့်စည်းပေးမယ်ဆိုပြီး ညိနှိုင်းခဲ့ပေမယ့်လည်း သူကတော့ ကစားသမားဘဝ စိန်ခေါ်မှုသစ်တွေကိုပဲ ရှေးရှုသွားနေပြီဖြစ်ပါတယ်။

လီဗာပူးထံကတော့ ဘာကမ်းလှမ်းမှုမှ ကျနေ်ာတို့ မရသေးပါဘူး။ သူက အဲ့ကို ပြောင်းလိုတယ်ဆိုရင်လည်း ကျနေ်ာတို့ ညိနှိုင်းသွားမှာပါ။ ဘယ်ကစားသမားကိုမှ နောက်နှစ်မှ အလွတ်နဲ့ ထွက်ခွင့်ပေးရမှာကို ကျနေ်ာတို့ မလိုလားပါဘူး။ ဒါကို ရှင်းရှင်းလင်းလင်း ပြောလိုပါတယ် ” လို့ ဆိုသွားတာဖြစ်ပါတယ်။

သီယေဂိုဟာ ၂၀၁၃ ခုနှစ်မှာ ဘိုင်ယန်ကို ပြောင်းခဲ့သူဖြစ်ပြီး နှစ်တိုင်း အမှတ်ပေးဖလား အနိုင်ရထားခဲ့သူဖြစ်ကာ ဒီကာလတွေမှာ ပေါင်ခြံဒဏ်ရာ ခွဲစိတ်ခံထားရပေမယ့် ဘောလုံးတော့ ပြန်ကစားနိုင်ပြီဖြစ်ပါတယ်။

ZAWGYI – ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္လူ သီေယဂို အယ္ကန္တာရာဟာ ဒီေႏြမွာ စိန္ေခၚမႈအသစ္ေတြအတြက္ အသင္းေျပာင္းလိမ့္မယ္လို႔ ဘိုင္ယန္ အၾကီးအကဲ ရူမန္နီဂီက ထုတ္ေဖာ္ ဝန္ခံလိုက္ပါတယ္။

စပိန္လက္ေရြးစင္ ကြင္းလယ္လူဟာ ဘိုင္ယန္နဲ႔ ၂၀၂၁ ခုႏွစ္ထိပဲ စာခ်ဳပ္ရွိေနသူပါ။ ဘိုင္ယန္ဘက္ကေတာ့ ကြင္းလယ္လူကို အလြတ္နဲ႔ ထြက္ခြင့္ေပးမွာ မဟုတ္ဘဲ ဒီေႏြမွာတင္ ေရာင္းထုတ္သြားဖို႔ ရွိေနပါတယ္။အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္လူဟာ လီဗာပူးအသင္းနဲ႔ သတင္းၾကီးေတြ ထြက္ေပၚေနတာျဖစ္တယ္။

ဘိုင္ယန္ဘက္က သီေယဂိုကို ဆက္ထိန္းဖို႔ အစြမ္းကုန္ ၾကိဳးစားေပမယ့္ ကစားသမားက နယ္ေျမသစ္ကိုပဲ ေျပာင္းဖို႔ ဦးတည္ေနခဲ့တယ္လို႔ ဘိုင္ယန္က ဝန္ခံတယ္။

ရူမန္နီဂီကပဲ ” သူက ကြင္းတြင္းမွာေကာ ကြင္းျပင္မွာပါ လူေကာင္းတစ္ဦးပါ။ သူ႔ကို အသင္းမွာ ဆက္ထိန္းထားဖို႔ သူ႔ဆႏၵေတြအားလံုး ျဖည့္စည္းေပးမယ္ဆိုျပီး ညိႏိႈင္းခဲ့ေပမယ့္လည္း သူကေတာ့ ကစားသမားဘဝ စိန္ေခၚမႈသစ္ေတြကိုပဲ ေရွးရႈသြားေနျပီျဖစ္ပါတယ္။

လီဗာပူးထံကေတာ့ ဘာကမ္းလွမ္းမႈမွ က်ေန္ာတို႔ မရေသးပါဘူး။ သူက အဲ့ကို ေျပာင္းလိုတယ္ဆိုရင္လည္း က်ေန္ာတို႔ ညိႏိႈင္းသြားမွာပါ။ ဘယ္ကစားသမားကိုမွ ေနာက္ႏွစ္မွ အလြတ္နဲ႔ ထြက္ခြင့္ေပးရမွာကို က်ေန္ာတို႔ မလိုလားပါဘူး။ ဒါကို ရွင္းရွင္းလင္းလင္း ေျပာလိုပါတယ္ ” လို႔ ဆိုသြားတာျဖစ္ပါတယ္။

သီေယဂိုဟာ ၂၀၁၃ ခုႏွစ္မွာ ဘိုင္ယန္ကို ေျပာင္းခဲ့သူျဖစ္ျပီး ႏွစ္တိုင္း အမွတ္ေပးဖလား အႏုိင္ရထားခ့ဲသူျဖစ္ကာ ဒီကာလေတြမွာ ေပါင္ျခံဒဏ္ရာ ခြဲစိတ္ခံထားရေပမယ့္ ေဘာလံုးေတာ့ ျပန္ကစားႏုိင္ျပီျဖစ္ပါတယ္။