NEWS: ၂၀၂၂ ကမ္ဘာဖလားမှာ လူကျွံဘောကို စက်ရုပ်ဖြင့် ဆုံးဖြတ်ခိုင်းဖို့ စတင်လာတဲ့ ဖီဖာ

UNICODE – ကမ္ဘာဘောလုံးအဖွဲ့ချုပ် ဖီဖာကတော့ ၂၀၂၀ ကမ္ဘာဖလားမှာ နည်းပညာအသစ်ကို ထပ်မံ မိတ်ဆက်ဖို့ ပြင်ဆင်နေပြီး အကူဒိုင်တွေ နေရာမှာ စက်ရုပ်တွေကို အစားထိုး မိတ်ဆက်သွားလိုနေပါတယ်။

ဖီဖာရဲ့ နည်းပညာပိုင်းဆိုင်ရာ ဒါရိုက်တာဖြစ်သူ Johannes Holzmuller က ကွန်ပြူတာ နည်းပညာနဲ့ ချိတ်ဆက်ထားမယ့် အကူဒိုင်လူကြီးဟာ လူကျွံဘောလို အနေအထားကိုပါ အလိုအလျောက် တွက်ချက် ဆုံးဖြတ်ပေးမယ်လို့ အဆိုပါ အစီအစဉ်ကို ထုတ်ဖော်ခဲ့တယ်။

ကွန်ပြူတာစနစ်မှာတော့ လိုင်းတွေကို အခြေခံ တွက်ချက်ပေးမှာဖြစ်ပြီး လူကျွံသွားပြီဆိုရင် ဂိုးလိုင်း နည်ပညာလိုမျိုး အချက်ပေးသံ ထွက်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီစနစ်က ဘယ်အပိုင်းက လူကျွံနေသလဲဆိုတာကိုပါ တွက်ချက်ပေးမှာဖြစ်ပြီး ကစားသမားရဲ့ ခြေထောက်တွေကိုပါ တွက်ချက် ဖော်ပြနိုင်ပါလိမ့်မယ်။

ဒီစတစ်ကိုတော့ ဖီဖာက စတင် စမ်းသပ်မှုတစ်ခုကို လုပ်ထားခဲ့ပြီးပြီလို့ သိရတယ်။ ၂၀၁၉ ခုနှစ် ကလပ်များကမ္ဘာဖလားကို ကာတာမှာ ကစားပြီး လီဗာပူးအသင်း အနိုင်ရခဲ့တဲ့ ပြိုင်ပွဲမှာ ဒီစနစ်ကို စမ်းသပ် သုံးစွဲခ့တယ်လို့လည်း သိရပါတယ်။

Johannes Holzmuller ကတော့ စက်ရုပ်ကို အသုံးပြုခြင်းက လူကျွံအနေအထားတွေကို ပိုမို တိကျစွာနဲ့ ပိုမို လျှင်မြန်စွာ တွက်ချက်နိုင်လိမ့်မယ်လို့ ယုံကြည်နေတယ်။ ဒီစနစ်မှာ အချက်ပေးစနစ်တွေကို ထည့်ထားပေးမှာဖြစ်ပြီး ဒါကပဲ ပွဲမှာ အချိန်ကုန်ခြင်းတွေကို ကုစားနိုင်မှာဖြစ်ကာ ပွဲအခြေအနေကိုလည်း ခပ်မြန်မြန် သုံးသပ်နိုင်မယ်လို့ ဖော်ပြပါတယ်။

၂၀၁၈ ခုနှစ် ကမ္ဘာဖလားမှာတော့ ဖီဖာက ဗီဒီယို အကူဒိုင်ဖြစ်တဲ့ VAR ကို စနင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ စနစ်ကို အဆင့်မြင့်တန်း ပြိုင်ပွဲတွေမှာ စတင် ကျင့်သုံးနေပေမယ့်လည်း အငြင်းပွားမှုတွေ အများကြီး ရှိနေဆဲ ဖြစ်ပါတယ်။

ZAWGYI – ကမ္ဘာဘောလုံးအဖွဲ့ချုပ် ဖီဖာကတော့ ၂၀၂၀ ကမ္ဘာဖလားမှာ နည်းပညာအသစ်ကို ထပ်မံ မိတ်ဆက်ဖို့ ပြင်ဆင်နေပြီး အကူဒိုင်တွေ နေရာမှာ စက်ရုပ်တွေကို အစားထိုး မိတ်ဆက်သွားလိုနေပါတယ်။




