ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ လမ်းဟောင်းအတိုင်း လီဗာပူး လျှောက်မှာ မဟုတ်ဘူး

UNICODE – လီဗာပူး ကစားသမားဟောင်းကြီး ကာရေဂါက လာမယ့်ရာသီ လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းကြား အဓိက ကွာဟချက်က ဈေးကွက်ထဲ ဝင်ရောက်မှု ဖြစ်ပါလိမ့်မယ်လို့ သုံးသပ်သွားပါတယ်။

သူကပဲ လာမယ့်ရာသီ လီဗာပူးအသင်းက ထူးထူးခြားခြား ကျဆင်းသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကလော့ပ်ဟာ ဒေါ့မွန်အသင်းနဲ့ ဘွန်ဒက်လီဂါဖလားကို ၂ ရာသီဆက် အောင်မြင်ခဲ့သေးတာပါ။ အဲ့တုန်းကလည်း ကလော့ပ်က ငွေမသုံးပေမယ့် ငွေသုံးတဲ့ ဘိုင်ယန်ကို အဓိက ယှဉ်ပြိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကာရေဂါက လီဗာပူးအသင်းဟာ ဒီနွေမှာ ငွေသုံးမယ်လို့ မမြင်ပါဘူး။ ဒါပေမယ့် လီဗာပူးအသင်းရဲ့ စိတ်ဓါတ်ပိုင်းက ကျဆင်းမှုတွေ ရှိမယ်လို့လည်း သူမမြင်ဘူး။ အဓိကအားဖြင့် မန်စီးတီးက အားနည်းနေတဲ့ အစိတ်အပိုင်းတွေကို ဘယ်လောက် အားထုတ်ပြီး ပြုပြင်မလဲဆိုတာက လာမယ့်ရာသီအတွက် သော့ချက်ဖြစ်လာမယ်လို့ သူက မြင်ပါတယ်။

ဂျင်မီ ကာရေဂါက ” အသင်းတစ်သင်းက တစ်ခုခုကို အနိုင်ရပြီဆိုရင် အိုဟောင်းနေတဲ့ အမြင်က အကောင်းဆုံးတွေရနေချိန်မှာ ကိုယ်အသင်းရဲ့ အင်အားကို တိုးချဲ့ဖို့ဆိုတာပါပဲ။ ဒါပေမယ့် အဲ့တာက မမှန်ဘူးဆိုတာ ဒီရာသီ လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်တာက သက်သေပြနေတယ်။

လီဗာပူးအသင်းက သူတို့ရဲ့ စိတ်ဓါတ်ပိုင်း ကျဆင်းသွားမယ်လို့ မထင်ပါဘူး။ သူတို့က လိဂ်ကို အနိုင်ရခဲ့တာဖြစ်ပြီး ယာဂင်ကလော့ပ်လို မန်နေဂျာကို ပိုင်ဆိုင်ထားပါတယ်။ သူက အသင်းရဲ့ စိတ်ဓါတ်ပိုင်း ကျဆင်းသွားတာကို လက်ခံမယ့်သူ မဟုတ်ပါဘူး။

ဒေါ့မွန်အသင်းကို ကြည့်မယ်ဆိုရင်လည်း သူတို့က ဘိုင်ယန်ကို ရင်ဆိုင်ပြီး အမှတ်ပေးဖလား နှစ်ကြိမ် ကိုင်မြောက်ခဲ့တယ်။ အဲ့တာက လွယ်ကူခဲ့တာလည်း မဟုတ်ပါဘူူး။ အဲ့တာကပဲ ယာဂင်ကလော့ပ်ရဲ့ အသင်းက ဆုဖလားတွေကို အနိုင်ရဖို့ စိတ်ဓါတ်ပိုင်း ကျဆင်းမှာ မဟုတ်ဘူးဆိုတဲ့ သက်သေပါပဲ။

လီဗာပူးနဲ့ ပက်သက်ပြီး ကျနော် စိတ်မပူပါဘူး။ မန်စီးတီးရဲ့ ကစားသမား ခေါ်ယူမှု မဟာဗျူဟာကပဲ လာမယ့်ရာသီ လီဗာပူးကို လိုက်မှီမလား (သို့) ကျော်တက်မလားဆိုတာအတွက် အဖြေဖြစ်မယ်လို့ ထင်ပါတယ်။ မန်စီးတီးက ကစားသမားသစ်တွေ အားဖြည့်မှု သိပ်ကောင်းပါတယ်။ သူတို့ရဲ့ အားဖြည့်မှုကို လီဗာပူးက ဘယ်လို ရင်ဆိုင်မလဲကပဲ အရေးပါလာပါမယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – လီဗာပူး ကစားသမားေဟာင္းၾကီး ကာေရဂါက လာမယ့္ရာသီ လီဗာပူးအသင္းနဲ႔ မန္စီးတီးအသင္းၾကား အဓိက ကြာဟခ်က္က ေစ်းကြက္ထဲ ဝင္ေရာက္မႈ ျဖစ္ပါလိမ့္မယ္လို႔ သံုးသပ္သြားပါတယ္။

သူကပဲ လာမယ့္ရာသီ လီဗာပူးအသင္းက ထူးထူးျခားျခား က်ဆင္းသြားမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ ကေလာ့ပ္ဟာ ေဒါ့မြန္အသင္းနဲ႔ ဘြန္ဒက္လီဂါဖလားကို ၂ ရာသီဆက္ ေအာင္ျမင္ခဲ့ေသးတာပါ။ အဲ့တုန္းကလည္း ကေလာ့ပ္က ေငြမသံုးေပမယ့္ ေငြသံုးတ့ဲ ဘုိင္ယန္ကို အဓိက ယွဥ္ျပိဳင္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ကာေရဂါက လီဗာပူးအသင္းဟာ ဒီေႏြမွာ ေငြသံုးမယ္လို႔ မျမင္ပါဘူး။ ဒါေပမယ့္ လီဗာပူးအသင္းရဲ႕ စိတ္ဓါတ္ပိုင္းက က်ဆင္းမႈေတြ ရွိမယ္လို႔လည္း သူမျမင္ဘူး။ အဓိကအားျဖင့္ မန္စီးတီးက အားနည္းေနတဲ့ အစိတ္အပိုင္းေတြကို ဘယ္ေလာက္ အားထုတ္ျပီး ျပဳျပင္မလဲဆိုတာက လာမယ့္ရာသီအတြက္ ေသာ့ခ်က္ျဖစ္လာမယ္လို႔ သူက ျမင္ပါတယ္။

ဂ်င္မီ ကာေရဂါက ” အသင္းတစ္သင္းက တစ္ခုခုကို အႏုိင္ရျပီဆိုရင္ အိုေဟာင္းေနတဲ့ အျမင္က အေကာင္းဆံုးေတြရေနခ်ိန္မွာ ကိုယ္အသင္းရဲ႕ အင္အားကို တိုးခ်ဲ႔ဖို႔ဆိုတာပါပဲ။ ဒါေပမယ့္ အဲ့တာက မမွန္ဘူးဆိုတာ ဒီရာသီ လီဗာပူးအသင္း ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္တာက သက္ေသျပေနတယ္။

လီဗာပူးအသင္းက သူတို႔ရဲ႕ စိတ္ဓါတ္ပိုင္း က်ဆင္းသြားမယ္လို႔ မထင္ပါဘူး။ သူတို႔က လိဂ္ကို အႏိုင္ရခဲ့တာျဖစ္ျပီး ယာဂင္ကေလာ့ပ္လို မန္ေနဂ်ာကို ပိုင္ဆိုင္ထားပါတယ္။ သူက အသင္းရဲ႕ စိတ္ဓါတ္ပိုင္း က်ဆင္းသြားတာကို လက္ခံမယ့္သူ မဟုတ္ပါဘူး။

ေဒါ့မြန္အသင္းကို ၾကည့္မယ္ဆိုရင္လည္း သူတို႔က ဘိုင္ယန္ကို ရင္ဆိုင္ျပီး အမွတ္ေပးဖလား ႏွစ္ၾကိမ္ ကိုင္ေျမာက္ခဲ့တယ္။ အဲ့တာက လြယ္ကူခဲ့တာလည္း မဟုတ္ပါဘူူး။ အဲ့တာကပဲ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းက ဆုဖလားေတြကို အႏုိင္ရဖို႔ စိတ္ဓါတ္ပိုင္း က်ဆင္းမွာ မဟုတ္ဘူးဆိုတဲ့ သက္ေသပါပဲ။

လီဗာပူးနဲ႔ ပက္သက္ျပီး က်ေနာ္ စိတ္မပူပါဘူး။ မန္စီးတီးရဲ႕ ကစားသမား ေခၚယူမႈ မဟာဗ်ဴဟာကပဲ လာမယ့္ရာသီ လီဗာပူးကို လိုက္မွီမလား (သို႔) ေက်ာ္တက္မလားဆိုတာအတြက္ အေျဖျဖစ္မယ္လို႔ ထင္ပါတယ္။ မန္စီးတီးက ကစားသမားသစ္ေတြ အားျဖည့္မႈ သိပ္ေကာင္းပါတယ္။ သူတို႔ရဲ႕ အားျဖည့္မႈကို လီဗာပူးက ဘယ္လို ရင္ဆိုင္မလဲကပဲ အေရးပါလာပါမယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။