Confirmed: ရီးရဲလ်နဲ့ ချန်ပီယံလိဂ် ဒုကျော့ကို အိမ်ကွင်းမှာ ကစားခွင့် ဆုံးရံှူးသွားတဲ့ မန်စီးတီး

UNICODE – မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရံှူးထွက် ဒုတိယအကျော့ပွဲကို ၎င်းတို့အိမ်ကွင်း အီသီဟတ်မှာ ကစားခွင့်ရတော့မှာ မဟုတ်ပါဘူး။

ဥရောပပြိုင်ပွဲတွေမှာ ရှိနေသေးတဲ့ ဗြိတိန်အသင်းတွေ ကစားရမယ့် ကွင်းတွေကို ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေရဲ့ ကွားတားဖိုင်နယ်၊ ဆီးမီးဖိုင်နယ် မဲခွဲမှုတွေ ပြုလုပ်မယ့် ဇူလိုင်လ ၁၀ ရက်နေ့မတိုင်ခင် ကြေညာချက် ထုတ်ပြန်ပေးမှာဖြစ်တယ်။ ဒါပေမယ့်လို့ ချန်ပီယံလိဂ်မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အသင်းတွေက ပေါ်တူဂီမှာပဲ ကစားရမှာဖြစ်ပါတယ်။

ဗြိတိန်အစိုးရက နိုင်ငံအတွင်း ဝင်ရောက်လာမယ့် ပြင်ပ နိုင်ငံသားတွေကို ကွာရန်တင်း ၁၄ ရက် ဝင်ရမယ်လို့ အမိန့်ထုတ်ထားတာပါ။ လက်ရှိမှာတော့ ဒါကို ပြန်စစ်ဆေးနေဆဲဖြစ်တယ်။

မန်စီးတီးရဲ့ အီသီဟတ်ကို သွားရောက်ရတာက သူတို့ရဲ့ ကစားသမားနဲ့ နည်းပြအဖွဲ့တွေအတွက် ကျန်းမာရေးဆိုင်ရာ စွန့်စားမှု ယူရနှုန်း မြင့်မားတယ်လို့ ရီးရဲလ်မက်ဒရစ်က ယူဆထားတယ်။ လစ္စဘွန်းကတော့ ချန်ပီယံလိဂ်အတွက် ပြင်ဆင်မှုတွေ ရှိနေလို့ မန်ချက်စတာထက်စာရင် ပိုမို အဆင်ပြေမယ်လို့ ယူအီးအက်ဖ်အေကို တွန်းအားပေးခဲ့ပါသေးတယ်။

ယူအီးအက်ဖ်အေက ထုတ်ပြန်မှုမှာတော့

  • ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွြတွေကို ပေါ်တူဂီမှာနဲ့ ယူရိုပါလိဂ်ပွဲတွေကို ဂျာမနီမှာပဲ ဆက်လက် ယှဉ်ပြိုင်ရမယ်။
  • ယူနိုက်တက် vs LASK, ဝုဗ် vs အိုလံပီယာကိုစ့်, လေဗာကူဆင် vs ရိန်းဂျားအသင်းတို့ကို သြဂုတ်လ ၅-၆ ရက်မှာ ယှဉ်ပြိုင်ရမယ်။
  • မန်စီးတီး vs ရီးရဲလ်မက်ဒရစ်, ဘိုင်ယန် vs ချယ်ဆီးပွဲတွေက သြဂုတ်လ ၇-၈ ရက်မှာ ယှဉ်ပြိုင်ရမယ်။
  • ချန်ပီယံလိဂ် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေကိုတော့ သြဂုတ်လ ၁၂-၂၃ ရက်တွေမှာ ယှဉ်ပြိုင်ရမယ်။

စသဖြင့် ပါဝင်ပါတယ်။

ZAWGYI – မန္စီးတီးဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ယွဥ္ျပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရံွဴးထြက္ ဒုတိယအေက်ာ့ပြဲကို ၄င္းတို႔အိမ္ကြင္း အီသီဟတ္မွာ ကစားခြင့္ရေတာ့မွာ မဟုတ္ပါဘူး။

ဥေရာပျပိဳင္ပြဲေတြမွာ ရွိေနေသးတဲ့ ျဗိတိန္အသင္းေတြ ကစားရမယ့္ ကြင္းေတြကို ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ျပိဳင္ပြဲေတြရဲ႕ ကြားတားဖိုင္နယ္၊ ဆီးမီးဖိုင္နယ္ မဲခြဲမႈေတြ ျပဳလုပ္မယ့္ ဇူလိုင္လ ၁၀ ရက္ေန႔မတိုင္ခင္ ေၾကညာခ်က္ ထုတ္ျပန္ေပးမွာျဖစ္တယ္။ ဒါေပမယ့္လို႔ ခ်န္ပီယံလိဂ္မွာ ပါဝင္ယွဥ္ျပိဳင္ေနတဲ့ အသင္းေတြက ေပၚတူဂီမွာပဲ ကစားရမွာျဖစ္ပါတယ္။

ျဗိတိန္အစိုးရက ႏုိင္ငံအတြင္း ဝင္ေရာက္လာမယ့္ ျပင္ပ ႏုိင္ငံသားေတြကို ကြာရန္တင္း ၁၄ ရက္ ဝင္ရမယ္လို႔ အမိန္႔ထုတ္ထားတာပါ။ လက္ရွိမွာေတာ့ ဒါကို ျပန္စစ္ေဆးေနဆဲျဖစ္တယ္။

မန္စီးတီးရဲ႕ အီသီဟတ္ကို သြားေရာက္ရတာက သူတို႔ရဲ႕ ကစားသမားနဲ႔ နည္းျပအဖြဲ႔ေတြအတြက္ က်န္းမာေရးဆုိင္ရာ စြန္႔စားမႈ ယူရႏႈန္း ျမင့္မားတယ္လို႔ ရီးရဲလ္မက္ဒရစ္က ယူဆထားတယ္။ လစၥဘြန္းကေတာ့ ခ်န္ပီယံလိဂ္အတြက္ ျပင္ဆင္မႈေတြ ရွိေနလို႔ မန္ခ်က္စတာထက္စာရင္ ပိုမို အဆင္ေျပမယ္လို႔ ယူအီးအက္ဖ္ေအကို တြန္းအားေပးခဲ့ပါေသးတယ္။

ယူအီးအက္ဖ္ေအက ထုတ္ျပန္မႈမွာေတာ့

  • ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြျေတြကို ေပၚတူဂီမွာနဲ႔ ယူ၇ိုပါလိဂ္ပြဲေတြကို ဂ်ာမနီမွာပဲ ဆက္လက္ ယွဥ္ျပိဳင္ရမယ္။
  • ယူႏုိက္တက္ vs LASK, ဝုဗ္ vs အိုလံပီယာကိုစ့္, ေလဗာကူဆင္ vs ရိန္းဂ်ားအသင္းတို႔ကို ၾသဂုတ္လ ၅-၆ ရက္မွာ ယွဥ္ျပိဳင္ရမယ္။
  • မန္စီးတီး vs ရီးရဲလ္မက္ဒရစ္, ဘိုင္ယန္ vs ခ်ယ္ဆီးပြဲေတြက ၾသဂုတ္လ ၇-၈ ရက္မွာ ယွဥ္ျပိဳင္ရမယ္။
  • ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္၊ ဆီမီးဖိုင္နယ္နဲ႔ ဖိုင္နယ္ပြဲေတြကိုေတာ့ ၾသဂုတ္လ ၁၂-၂၃ ရက္ေတြမွာ ယွဥ္ျပိဳင္ရမယ္။

စသျဖင့္ ပါဝင္ပါတယ္။