ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ လုပ်ခ ၅၀% လျော့ယူသွားတဲ့ ကော်တင်ညို

UNICODE – ကော်တင်ညိုဟာ ဒီရာသီကုန်အထိ ဘိုင်ယန်မြူးနစ်မှာ ဆက်ကစားခွင့်ရဖို့အတွက် လုပ်ခလစာရဲ့ တစ်ဝက်ကို ဖြတ်တောက်ခံခဲ့တယ်လို့ ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။

ဇွန်လ အကုန်မှာတော့ ကော်တင်ညိုနဲ့ ဘိုင်ယန်မြူနစ်တို့ကြား စာချုပ်ကိစ္စ ကုန်ဆုံးမှာပါ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်က သြဂုတ်လ အကုန်ထိ ပြိုင်ပွဲတွေကို ဆက်လုက် ယှဉ်ပြိုင်ရဦးမှာဖြစ်တယ်။ ကိုရိုနာကပ်ဘေးကြောင့် နောက်ဆုတ်ထားတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲအပြင် ဂျာမာန်ဖလားပြိုင်ပွဲကို လာမယ့် ၂ လအတွင်း ယှဉ်ပြိုင်ရမှာဖြစ်တယ်။

ကော်တင်ညိုဟာ တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ ကျော် ရနေသူဖြစ်ပြီး ဒီရာသီ အကုန်ထိ ဘိုင်ယန်မှာ ဆက်နေကာ ချန်ပီယံလိဂ် ကစားခွင့်ရဖို့ လုပ်ခရဲ့ ၅၀% ကို ဖြတ်တောက်ခံခဲ့တာဖြစ်တယ်။ ဘိုင်ယန်ဘက်က ရာသီအကုန်မှာ ကော်တင်ညိုကို ယူရို သန်း ၁၂၀ နဲ့ ခေါ်ယူခွင့် ရှိပေမယ့်လည်း ခေါ်ယူသွားဖွယ် မရှိတော့ပါဘူး။

ဘိုင်ယန်က မန်စီးတီးမှ ဆာနေးကို ခေါ်ယူဖို့ သဘောတူညီမှု ရထားပြီဖြစ်ပြီး နောက်ထပ်လည်း ကိုင်းဟာဗက်လို ကစားသမားကို ဆက်လက် ကြိုးစားဦးမှာဖြစ်တယ်။ ဒါကြောင့် သူတို့က ရာသီအကုန်မှာ ကော်တင်ညိုကို မိခင်ကလပ် ဘာစီလိုနာထံ ပြန်ပို့သွားဖို့ ရှိနေပါတယ်။

လီဗာပူးတိုက်စစ်သမားဟောင်းကို ခေါ်ယူဖို့ အင်တာမီလန်နဲ့ ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေပြီး တရားဝင် လှုပ်ရှားမှုတေါတော့ မရှိသေးပါဘူး။ ဘာကာဘက်က ကော်တင်ညိုကို အလိုရှိရင် ခေါ်ယူနိုင်ကြောင်း ချယ်ဆီးနဲ့ ဥရောပကလပ်တွေထံ ကမ်းလှမ်းမှုတော့ လုပ်ထားတာဖြစ်တယ်။

ကော်တင်ညိုက ပရီးမီးယားလိဂ်ကို ပြန်လာလိုပြီး အသင်းဟောင်း လီဗာပူးထံ ပြောင်းဖို့ကိုလည်း ဆန္ဒရှိနေတယ်။ ဒါပေမယ့် မာဆေးဆိုဒ်ကလပ်ကတော့ ကော်တင်ညိုကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိတာလည်း ဖြစ်ပါတယ်။

ZAWGYI – ေကာ္တင္ညိဳဟာ ဒီရာသီကုန္အထိ ဘိုင္ယန္ျမဴးနစ္မွာ ဆက္ကစားခြင့္ရဖို႔အတြက္ လုပ္ခလစာရဲ႕ တစ္ဝက္ကို ျဖတ္ေတာက္ခံခဲ့တယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။

ဇြန္လ အကုန္မွာေတာ့ ေကာ္တင္ညိဳနဲ႔ ဘိုင္ယန္ျမဴနစ္တို႔ၾကား စာခ်ဳပ္ကိစၥ ကုန္ဆံုးမွာပါ။ ဒါေပမယ့္ ဘိုင္ယန္ျမဴးနစ္က ၾသဂုတ္လ အကုန္ထိ ျပိဳင္ပြဲေတြကို ဆက္လုက္ ယွဥ္ျပိဳင္ရဦးမွာျဖစ္တယ္။ ကိုရိုနာကပ္ေဘးေၾကာင့္ ေနာက္ဆုတ္ထားတဲ့ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲအျပင္ ဂ်ာမာန္ဖလားျပိဳင္ပြဲကို လာမယ့္ ၂ လအတြင္း ယွဥ္ျပိဳင္ရမွာျဖစ္တယ္။

ေကာ္တင္ညိဳဟာ တစ္ပတ္လုပ္ခ ေပါင္ ၂၀၀၀၀၀ ေက်ာ္ ရေနသူျဖစ္ျပီး ဒီရာသီ အကုန္ထိ ဘိုင္ယန္မွာ ဆက္ေနကာ ခ်န္ပီယံလိဂ္ ကစားခြင့္ရဖို႔ လုပ္ခရဲ႕ ၅၀% ကို ျဖတ္ေတာက္ခံခဲ့တာျဖစ္တယ္။ ဘိုင္ယန္ဘက္က ရာသီအကုန္မွာ ေကာ္တင္ညိဳကို ယူရို သန္း ၁၂၀ နဲ႔ ေခၚယူခြင့္ ရွိေပမယ့္လည္း ေခၚယူသြားဖြယ္ မရွိေတာ့ပါဘူး။

ဘိုင္ယန္က မန္စီးတီးမွ ဆာေနးကို ေခၚယူဖို႔ သေဘာတူညီမႈ ရထားျပီျဖစ္ျပီး ေနာက္ထပ္လည္း ကိုင္းဟာဗက္လို ကစားသမားကို ဆက္လက္ ၾကိဳးစားဦးမွာျဖစ္တယ္။ ဒါေၾကာင့္ သူတို႔က ရာသီအကုန္မွာ ေကာ္တင္ညိဳကို မိခင္ကလပ္ ဘာစီလိုနာထံ ျပန္ပို႔သြားဖို႔ ရွိေနပါတယ္။

လီဗာပူးတိုက္စစ္သမားေဟာင္းကို ေခၚယူဖို႔ အင္တာမီလန္နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔က စိတ္ဝင္စားေနျပီး တရားဝင္ လႈပ္ရွားမႈေတါေတာ့ မရွိေသးပါဘူး။ ဘာကာဘက္က ေကာ္တင္ညိဳကို အလိုရွိရင္ ေခၚယူႏုိင္ေၾကာင္း ခ်ယ္ဆီးနဲ႔ ဥေရာပကလပ္ေတြထံ ကမ္းလွမ္းမႈေတာ့ လုပ္ထားတာျဖစ္တယ္။

ေကာ္တင္ညိဳက ပရီးမီးယားလိဂ္ကို ျပန္လာလိုျပီး အသင္းေဟာင္း လီဗာပူးထံ ေျပာင္းဖို႔ကိုလည္း ဆႏၵရွိေနတယ္။ ဒါေပမယ့္ မာေဆးဆိုဒ္ကလပ္ကေတာ့ ေကာ္တင္ညိဳကို ေခၚယူဖို႔ စိတ္ဝင္စားျခင္း မရွိတာလည္း ျဖစ္ပါတယ္။