လီဗာပူးကို ဂုဏ်ပြုပါကြောင်း နာကျင်စွာ ပြောဆိုသွားတဲ့ ဂယ်ရီနဗီး

UNICODE – ဂယ်ရီနဗီးက လီဗာပူးမှာ မန်နေဂျာယာဂင်ကလော့ပ်ဟာ ထူးထူးချွန်ချွန် လုပ်ပြခဲ့ပြီး လီဗာပူးက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ထိုက်တန်တဲ့အသင်းပါလို့ ဝန်ခံခဲ့ပါတယ်။

အရင်အပတ်မှာပဲ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ပါပြီ။ လက်ကျန်ပွဲ ၇ ပွဲ ကစားဖို့ ကျန်သေးပေမယ့် အဆိုပါ ရမှတ်တွေက လီဗာပူး ချန်ပီယံဖြစ်ရေးအတွက် အရေးမပါတော့ပါဘူး။ ပိုကောင်းတဲ့ စံချိန်တွေ အတွက်ဆိုရင်တော့ လက်ကျန်ပွဲတွေမှာ ရမှတ်တွေ ရယူဖို့ လိုအပ်ဦးမှာဖြစ်တယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ လီဗာပူးကို မန်နေဂျာအဖြစ် စတင် ဝင်ရောက်လာတဲ့ ကလော့ပ်ဟာ သူ့လက်ထက်မှာ လီဗာပူးကို အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့တယ်။ ယူနိုက်တက် ကစားသမားဘဝ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ လီဗာပူးရဲ့ ပြန်လည် အောင်မြင်မှုတွေကို မြင်နေရတာက ဂယ်ရီနဗီးအတွက် နာကျင်ခံရခက်စရာ ဖြစ်ခဲ့ပါတယ်။

” ဒီရက်တွေမှာ အခြေအနေ ဘယ်လိုလဲ? သိပ်မကောင်းဘူး မဟုတ်လား ” ဆိုပြီး ဘရိုက်တန်နဲ့ ယူနိုက်တက် ပွဲကြိုမှာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံအသင်းအကြောင်း မေးခံရစဉ် ဂယ်ရီနဗီးက ရယ်ရယ်မောမော ပြောသွားတာဖြစ်ပါတယ်။

ဂယ်ရီနဗီးဟာ ပြိုင်ဘက်ဟောင်းကို ဂုဏ်ပြုစကားလည်း ပြောပါသေးတယ်။ သူက ” ပရီးမီးယားလိဂ်ဖလားကို အောင်မြင်တာက မယုံနိုင်လောက်တဲ့ ကိစ္စပါပဲ။ ကုန်ခဲ့တဲ့ နှစ်နှစ်အတွင်း လီဗာပူးက ဒီစိန်ခေါ်မှုကို စတင်လာခဲ့တာဖြစ်ပါတယ်။ မနှစ်ကတည်းက သူတို့က ပရီးမီးယားလိဂ်တံခါးကို ခေါက်လာခဲ့တာဖြစ်ပြီး မန်စီးတီးက သိပ်ကောင်းလွန်းခဲ့လို့တာ မရခဲ့တာဖြစ်တယ်။

မန်နေဂျာယာဂင်ကလော့ပ်က သန်း ၃၀ တန် ကစားသမားကို သန်း ၁၃၀ လောက်တန်အောင် အသွင်ပြောင်းပေးနိုင်သူပါ။ သန်း ၅၀ လောက်တန်သူဆိုရင် သန်း ၁၅၀ လောက်တန်သွားအောင် သူ လုပ်ပြနိုင်စွမ်း ရှိပါတယ်။ လီဗာပူးအသင်းရဲ့ ကစားသမားခေါ်ယူရေး အဖွဲ့ကလည်း အရမ်း ထူးချွန်ပါတယ်။

သူတို့မှာ လူသစ်စုဆောင်းရေး အဖွဲ့ကလည်း တော်တယ်၊ နည်းပြတွေကလည်းတော်တယ် နောက်ပြီး ဒါတွေ အားလုံးက မန်နေဂျာက ကိုင်တွယ်ရတာပါပဲ။ ဒီလိုနေ့မျိုးကို ကျနော် မကြိုက်ပါဘူး။ ကျနော် ငယ်စဉ်ဘဝတုန်းက လီဗာပူးအသင်း အောင်မြင်တာတွေကို လုံလောက်အောင် မြင်ခဲ့ရဖူးပါတယ်။ ဒါပေမယ့် လီဗာပူးအသင်း အမှတ်ပေးချန်ပီယံဖြစ်တာကို ဂုဏ်ပြုပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI – ဂယ်ရီနဗီးက လီဗာပူးမှာ မန်နေဂျာယာဂင်ကလော့ပ်ဟာ ထူးထူးချွန်ချွန် လုပ်ပြခဲ့ပြီး လီဗာပူးက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ထိုက်တန်တဲ့အသင်းပါလို့ ဝန်ခံခဲ့ပါတယ်။





