NEWS: မန်စီးတီးနဲ့ ပရီးမီးယားလိဂ် အဆင့် ၅ အသင်း အနာဂတ်ကို ဆုံးဖြတ်ပေးမယ့် ဇူလိုင် ၁၃ ရက်

UNICODE – ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ မန်စီးတီးရဲ့ ဥရောပ ကံကြမ္မာနဲ့ ပရီးမီးယားလိဂ်ရဲ့ ဥရောပဝင်ခွင့်ဆိုင်ရာ ကိစ္စ အဖြေထွက်လာလိမ့်မယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

မနှစ်ကရာသီ ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးဆိုင်ရာ ဟန်ချက်ညီမှု စည်းမျဉ်းကို ချိုးဖောက်မှုဖြင့် ဥရောပဘောလုံးပွဲတွေမှာ ၂ ရာသီ ပွဲပယ်ပြစ်ဒဏ် ခံထားရတာပါ။ အဆိုပါ ပြစ်ဒဏ်ကို မန်စီးတီးက အားကစားခုံရုံးထံ အယူခံဝင်ထားပြီး ဒီလ ဇူလိုင် ၁၃ ရက်နေ့မှာတော့ ဆုံးဖြတ်ချက် ထွက်လာမှာဖြစ်တယ်။

မန်စီးတီးက ဒဏ်ကြေး ယူရို သန်း ၃၀ ပါဝင်တဲ့ ပြစ်ဒဏ်ကို အယူခံဝင်ထားတယ်။ အရင်လတုန်းကပဲ အားကစားခုံရုံးက မန်စီးတီးဘက်က ရှေ့နေ့တွေ အပါအဝင် သုံးရက်တာ ကြားနာမှုကိုလည်း ပြုလုပ်ထားတာဖြစ်တယ်။ မန်စီးတီးဘက်က မျှော်လင့်ချက်ကတော့ ပြစ်ဒဏ်ကနေ လုံးဝ ကင်းလွှတ်ဖို့ (သို့) ပြစ်ဒဏ်ကို တစ်နှစ်အဖြစ် လျော့ချနိုင်ဖို့ ဖြစ်ပါတယ်။

အယူခံဝင်မှုအပေါ် ဆုံးဖြတ်ချက်ကို ဇူလိုင်လ ၁၀ ရက်နေ့မှာ အဖြေထွက်မယ်လို့ မျှော်လင့်ခဲ့ရပေမယ့် ယူအီးအက်ဖ်အေက အဆိုပါရက်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်၊ ဆီးမီးဖိုင်နယ်နဲ့ ဖိုင်နယ် ကိစ္စတွေကို ထုတ်ပြန်မှာဖြစ်တယ်။ ဒါကြောင့် ဇူလိုင်လ ၁၃ ရက်နေ့ကပဲ မန်စီးတီးရဲ့ အနာဂတ်ကို အဖြေပေးမှာဖြစ်တယ်။

မန်စီးတီး အယူခံဝင်မှု အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာက ပရီးမီးယားလိဂ် အဆင့် ၅ အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမှု အပေါ်မှာပါ သက်ရောက်မှု ရှိပါမယ်။ ယူအီးအက်ဖ်အေက မန်စီးတီးကို ဥရောပကနေ ပွဲပယ်ရင်တောင် အင်္ဂလန်အဆင့်မြင့်တန်းကိုတော့ ချန်ပီယံလိဂ်ဝင်ခွင့် ၄ နေရာ ပေးဦးမှာဖြစ်ပြီး အဆင့်လေးအတွင်း မန်စီးတီး ရာသီသိမ်းခဲ့ရင် အဆင့် ၅ အသင်းက အစားထိုး ဝင်ခွင့်ရမှာဖြစ်တယ်။

မန်စီးတီးအတွက်ကလည်း ဥရောပဝင်ခွင့် ပြန်ရဖို့က အရေးကြီးတဲ့ကိစ္စ ဖြစ်နေပါတယ်။ အသက် ၂၉ နှစ်အရွယ် ဒီဘရိုင်းဟာ မန်စီးတီးအသင်း ဥရောပပြိုင်ပွဲကနေ ၂ ရာသီ ပွဲပယ်ခံရရင် သူ မန်ချက်စတာကနေ ထွက်မယ်လို့ ထုတ်ပြောထားတာဖြစ်တယ်။ ဒါ့အပြင် မန်စီးတီးဟာ ကစားသမားကောင်းတွေကို ဆက်ထိန်းဖို့ရော မန်နေဂျာဂွာဒီယိုလာကို ဆက်ထိန်းဖို့ပါ အခက်တွေ့နိုင်တာ ဖြစ်ပါတယ်။

ZAWGYI – ဇူလိုင္လ ၁၃ ရက္ေန႔မွာေတာ့ မန္စီးတီးရဲ႕ ဥေရာပ ကံၾကမၼာနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ဥေရာပဝင္ခြင့္ဆိုင္ရာ ကိစၥ အေျဖထြက္လာလိမ့္မယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။

မႏွစ္ကရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံေတြဟာ ယူအီးအက္ဖ္ေအရဲ႕ ဘ႑ာေရးဆိုင္ရာ ဟန္ခ်က္ညီမႈ စည္းမ်ဥ္းကို ခ်ိဳးေဖာက္မႈျဖင့္ ဥေရာပေဘာလံုးပြဲေတြမွာ ၂ ရာသီ ပြဲပယ္ျပစ္ဒဏ္ ခံထားရတာပါ။ အဆိုပါ ျပစ္ဒဏ္ကို မန္စီးတီးက အားကစားခံုရံုးထံ အယူခံဝင္ထားျပီး ဒီလ ဇူလိုင္ ၁၃ ရက္ေန႔မွာေတာ့ ဆံုးျဖတ္ခ်က္ ထြက္လာမွာျဖစ္တယ္။

မန္စီးတီးက ဒဏ္ေၾကး ယူရို သန္း ၃၀ ပါဝင္တဲ့ ျပစ္ဒဏ္ကို အယူခံဝင္ထားတယ္။ အရင္လတုန္းကပဲ အားကစားခံုရံုးက မန္စီးတီးဘက္က ေရွ႔ေန႔ေတြ အပါအဝင္ သံုးရက္တာ ၾကားနာမႈကိုလည္း ျပဳလုပ္ထားတာျဖစ္တယ္။ မန္စီးတီးဘက္က ေမွ်ာ္လင့္ခ်က္ကေတာ့ ျပစ္ဒဏ္ကေန လံုးဝ ကင္းလႊတ္ဖို႔ (သို႔) ျပစ္ဒဏ္ကို တစ္ႏွစ္အျဖစ္ ေလ်ာ့ခ်ႏုိင္ဖို႔ ျဖစ္ပါတယ္။

အယူခံဝင္မႈအေပၚ ဆံုးျဖတ္ခ်က္ကို ဇူလိုင္လ ၁၀ ရက္ေန႔မွာ အေျဖထြက္မယ္လို႔ ေမွ်ာ္လင့္ခဲ့ရေပမယ့္ ယူအီးအက္ဖ္ေအက အဆိုပါရက္မွာ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္၊ ဆီးမီးဖိုင္နယ္နဲ႔ ဖိုင္နယ္ ကိစၥေတြကို ထုတ္ျပန္မွာျဖစ္တယ္။ ဒါေၾကာင့္ ဇူလိုင္လ ၁၃ ရက္ေန႔ကပဲ မန္စီးတီးရဲ႕ အနာဂတ္ကို အေျဖေပးမွာျဖစ္တယ္။

မန္စီးတီး အယူခံဝင္မႈ ေအာင္ျမင္မလား၊ မေအာင္ျမင္ဘူးလားဆိုတာက ပရီးမီးယားလိဂ္ အဆင့္ ၅ အသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရမႈ အေပၚမွာပါ သက္ေရာက္မႈ ရွိပါမယ္။ ယူအီးအက္ဖ္ေအက မန္စီးတီးကို ဥေရာပကေန ပြဲပယ္ရင္ေတာင္ အဂၤလန္အဆင့္ျမင့္တန္းကိုေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ ၄ ေနရာ ေပးဦးမွာျဖစ္ျပီး အဆင့္ေလးအတြင္း မန္စီးတီး ရာသီသိမ္းခဲ့ရင္ အဆင့္ ၅ အသင္းက အစားထိုး ဝင္ခြင့္ရမွာျဖစ္တယ္။

မန္စီးတီးအတြက္ကလည္း ဥေရာပဝင္ခြင့္ ျပန္ရဖို႔က အေရးၾကီးတဲ့ကိစၥ ျဖစ္ေနပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ ဒီဘရိုင္းဟာ မန္စီးတီးအသင္း ဥေရာပျပိဳင္ပြဲကေန ၂ ရာသီ ပြဲပယ္ခံရရင္ သူ မန္ခ်က္စတာကေန ထြက္မယ္လို႔ ထုတ္ေျပာထားတာျဖစ္တယ္။ ဒါ့အျပင္ မန္စီးတီးဟာ ကစားသမားေကာင္းေတြကို ဆက္ထိန္းဖို႔ေရာ မန္ေနဂ်ာဂြာဒီယိုလာကို ဆက္ထိန္းဖို႔ပါ အခက္ေတြ႔ႏုိင္တာ ျဖစ္ပါတယ္။