NEWS: ဆာနေးအတွက် မန်စီးတီးကို ပေါင် ၅၈ သန်းပေးဖို့ ဘိုင်ယန်မြူးနစ် သဘောတူ

UNICODE – ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူနစ်အသင်းဟာ မန်စီးတီးအသင်းမှ တောင်ပံသမား ဆာနေးအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၅၈ သန်း ပေးဖို့ သဘောတူညီလိုက်ပြီဖြစ်ကြောင်း စကိုင်းစပေါ့က ဖော်ပြပါတယ်။

ဘိုင်ယန်ဘက်က ဆာနေးအတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၄.၇ သန်း ပေးမှာဖြစ်ပြီး ဆုဖလားနဲ့ စွမ်းဆောင်ရည်တွေအလို ဆက်ပြီး ပေးမှာဖြစ်တယ်။ အဆိုပါ ထပ်တိုး ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းမှာတော့ ဘွန်ဒက်လီဂါ၊ ချန်ပီယံလိဂ်ဖလားအပြင် တစ်ဦးချင်း စွမ်းဆောင်ရည်တွေအတွက် အဆင့်အဆင့် ပေးချေမှုတွေ ပါဝင်ပါမယ်။

မန်စီးတီးဟာ ကုန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်အတွင်း ဂျာမနီတောင်ပံသမားကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေခဲ့တာပါ။ ဆာနေးဟာ မန်ချက်စတာကလပ်အသင်းနဲ့ ၂၀၂၁ ခုနှစ်ထိ စာချုပ်ရှိနေပြီး နောက်ဆုံး ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ထားကာ ဘိုင်ယန်မြူးနစ်ကိုပဲ ပြောင်းဖို့ အားသန်နေခဲ့တာဖြစ်တယ်။

ဆာနေးဘက်က ဂျာမနီကိုပြန်သွားဖို့ကို စိတ်အားထက်သန်နေသလို မန်စီးတီးနဲ့ ကစားသမားကြား စာချုပ်အရ ဒီနွေမှာ မရောင်းထုတ်ဘူးဆိုရင် နောက်နှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရမှာ ဖြစ်ပါတယ်။

ဒီရာသီ တစ်ခုလုံးကို ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဆာနေးက ကိုရိုနာကပ်ဘေးအတွင်းမှာပဲ ပြန်လည် ကြံ့ခိုင်လာခဲ့ပါတယ်။ ဒါပေမယ့်လို့ မန်စီးတီးနဲ့ သက်တမ်းတိုးဖို့ကို ငြင်းဆန်ထားကြောင်းကို ဇွန်လ တတိယအပတ်တုန်းက မီဒီယာတွေ့ဆုံမှုမှာ ဂွာဒီယိုလာက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာဖလားမှာ ဂျာမနီလူစာရင်းမှာ မပါခဲ့တဲ့နောက် ဆာနေးက လက်ရွေးစင်မှာ နေရာရဖို့ဆိုရင် ဘိုင်ယန်မြူးနစ်ကို ပြောင်းကစားမှဖြစ်မယ်လို့ ယုံကြည်ခဲ့တာပါ။ သူဟာ မန်စီးတီးမှာလည်း အရန် တိုက်စစ်သမား နေရာကနေ ပွဲထွက်နေရခြင်းကို မနှစ်သက် ဖြစ်နေတာဖြစ်တယ်။

ZAWGYI – ဘြန္ဒက္လီဂါကလပ္ ဘိုင္ယန္ျမဴနစ္အသင္းဟာ မန္စီးတီးအသင္းမွ ေတာင္ပံသမား ဆာေနးအတြက္ ေျပာင္းေရႊ႔ေၾကးကို ေပါင္ ၅၈ သန္း ေပးဖို႔ သေဘာတူညီလုိက္ျပီျဖစ္ေၾကာင္း စကိုင္းစေပါ့က ေဖာ္ျပပါတယ္။

ဘိုင္ယန္ဘက္က ဆာေနးအတြက္ ကနဦး ေျပာင္းေရႊ႔ေၾကး ေပါင္ ၄၄.၇ သန္း ေပးမွာျဖစ္ျပီး ဆုဖလားနဲ႔ စြမ္းေဆာင္ရည္ေတြအလို ဆက္ျပီး ေပးမွာျဖစ္တယ္။ အဆိုပါ ထပ္တိုး ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၀ သန္းမွာေတာ့ ဘြန္ဒက္လီဂါ၊ ခ်န္ပီယံလိဂ္ဖလားအျပင္ တစ္ဦးခ်င္း စြမ္းေဆာင္ရည္ေတြအတြက္ အဆင့္အဆင့္ ေပးေခ်မႈေတြ ပါဝင္ပါမယ္။

မန္စီးတီးဟာ ကုန္ခဲ့တဲ့ တစ္ႏွစ္ခြဲေက်ာ္အတြင္း ဂ်ာမနီေတာင္ပံသမားကို စာခ်ဳပ္သက္တမ္းတိုးႏုိင္ဖို႔ ၾကိဳးစားေနခဲ့တာပါ။ ဆာေနးဟာ မန္ခ်က္စတာကလပ္အသင္းနဲ႔ ၂၀၂၁ ခုႏွစ္ထိ စာခ်ဳပ္ရွိေနျပီး ေနာက္ဆံုး ကမ္းလွမ္းမႈကိုလည္း ျငင္းဆန္ထားကာ ဘိုင္ယန္ျမဴးနစ္ကိုပဲ ေျပာင္းဖို႔ အားသန္ေနခဲ့တာျဖစ္တယ္။

ဆာေနးဘက္က ဂ်ာမနီကိုျပန္သြားဖို႔ကို စိတ္အားထက္သန္ေနသလို မန္စီးတီးနဲ႔ ကစားသမားၾကား စာခ်ဳပ္အရ ဒီေႏြမွာ မေရာင္းထုတ္ဘူးဆိုရင္ ေနာက္ႏွစ္မွာ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ လက္လြတ္ရမွာ ျဖစ္ပါတယ္။

ဒီရာသီ တစ္ခုလံုးကို ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ဆာေနးက ကိုရိုနာကပ္ေဘးအတြင္းမွာပဲ ျပန္လည္ ၾကံ႕ခိုင္လာခဲ့ပါတယ္။ ဒါေပမယ့္လို႔ မန္စီးတီးနဲ႔ သက္တမ္းတိုးဖို႔ကို ျငင္းဆန္ထားေၾကာင္းကို ဇြန္လ တတိယအပတ္တုန္းက မီဒီယာေတြ႔ဆံုမႈမွာ ဂြာဒီယိုလာက အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

၂၀၁၈ ကမၻာဖလားမွာ ဂ်ာမနီလူစာရင္းမွာ မပါခဲ့တဲ့ေနာက္ ဆာေနးက လက္ေရြးစင္မွာ ေနရာရဖို႔ဆိုရင္ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းကစားမွျဖစ္မယ္လို႔ ယံုၾကည္ခဲ့တာပါ။ သူဟာ မန္စီးတီးမွာလည္း အရန္ တိုက္စစ္သမား ေနရာကေန ပြဲထြက္ေနရျခင္းကို မႏွစ္သက္ ျဖစ္ေနတာျဖစ္တယ္။